ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများကို သိထားခြင်းဖြင့် ကျန်းမာသော ကလေးလေးကို မွေးဖွားနိုင်ရန် များစွာ အထောက်အကူပြုမည် ဖြစ်သည်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ

ကိုယ်ဝန်ရဖို့ ကြိုးစားကြရာမှာ တားဆေးလည်း ဖြတ်ပြီးပြီ။ အမျိုးသားရော အမျိုးသမီးရော ကျန်းမာတယ်ဆိုရင် ကိုယ်ဝန်ရဖို့ မခဲယဉ်းပါဘူး။ ဒါပေမယ့် ပုံမှန်လိင်ဆက်ဆံနေဖို့တော့ လိုပါတယ်။ ‘ပုံမှန်’ ဆိုတဲ့နေရာမှာ ကိုယ်ဝန်ရဖို့ တစ်ပတ်ကို ဘယ်နှခါလောက် အတူနေသင့်သလဲ ဆိုတာက မေးသင့်တဲ့ မေးခွန်းပါ။ ကိုယ်ဝန်ဘယ်လိုရ ဘယ်နှခါ ဆက်ဆံရမလဲဆိုတာကို မပြောခင် ကိုယ်ဝန်ဘယ်လိုရသလဲဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ အမျိုးသားတွေမှာ သုက်ကောင်က နေ့တိုင်းထုတ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာတော့ တစ်လမှာ တစ်ခါပဲ သားဥကြွေပါတယ်။ ကြွေတဲ့သားဥကလည်း တစ်ခုတည်း ဖြစ်သလို ၂၄နာရီအတွင်းမှာ မျိုးမအောင်ခဲ့ရင် အဲ့ဒီသားဥလေးက အလိုလို ပျက်စီးသွားပါတယ်။ ဒါကြောင့် လူဖြစ်ဖို့ ခက်တယ်လို့ ပြောကြတာပါ။ ကိုယ်ဝန်ရဖို့ အတူနေမယ်ဆိုရင် သားဥကြွေတဲ့ရက်နားမှာ နေမှ ရနိုင်ခြေ များတာပါ။ ဒါကြောင့် ဘယ်ရက်မှာ သားဥကြွေလဲဆိုတာသိဖို့ အရေးကြီးပါတယ်။ သားဥကြွေတာကို […]

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ရှာဖွေမည်။

ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဇီကာရောဂါ ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်ခြင်းကို ရှောင်ကျဉ်သင့်လား

ယခုအခါ ကလေးယူဖို့ စိတ်ကူးရှိနေမယ်ဆိုရင် ဇီကာဗိုင်းရပ်စ်ဟာ အရေးတယူ စဉ်စားရမယ့် ကိစ္စတစ်ခုဖြစ်လာပါပြီ။ မိန်းမအများစုက ဇီကာဗိုင်းရပ်စ်ဆိုတာဘာလဲ၊ ဘယ်လိုကုသနိုင်မလဲ၊ ရောဂါလက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လိုကာကွယ်နိုင်မလဲ၊ ဇီကာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်သင့်လား၊ မသင့်ဘူးလားဆိုတာကို သိချင်နေကြပါတယ်။   ဇီကာဗိုင်းရပ်စ်ဆိုတာဘာလဲ။ ဇီကာရောဂါဟာ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရတာပါ။ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး (WHO)က ကိုယ်ဝန်ဆောင်များအတွက် ဇီကာဗိုင်းရပ်စ်နဲ့ ဇီကာရောဂါကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြအနေအဖြစ် သတ်မှတ်ပြီးပါပြီ။ ထိုအခြေအနေသည် ရိုးရိုးသာမန်လူများထက် ကိုယ်ဝန်ဆောင်မိခင်တို့ဖြင့် ဆက်စပ်မှုရှိနေပါတယ်။ ဇီကာရောဂါက မွေးရာပါချို့ယွင်းချက် အများအပြားကို ဖြစ်စေပါတယ်။ ထိုဗိုင်းရပ်စ်နဲ့ ရောဂါတို့က Microcephaly လို့ခေါ်တဲ့ ဦးနှောက်ထိခိုက် ခံရနိုင်ဖွယ်ရှိသော ဦးခေါင်းသေးရင်သွေးငယ်များ မွေးဖွားလာစေပါတယ်။   ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အဖျားတက်ခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဆစ်ကိုက်ခဲခြင်း၊ မျက်လုံးနီခြင်းတို့လိုမျိုး လက္ခဏာတွေဟာ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ၂ရက်ကနေ ၇ရက်အထိ ကြာမြင့်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဇီကာဗိုင်းရပ်စ် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားစေဖို့

အသက် ၃၀ကျော်အရွယ်မှာ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားအောင် ဘယ်လိုလုပ်မလဲ။ အခုခေတ် အမျိုးသမီးအများစုအတွက် ကတော့ အသက် ၃၀ ကျော်အရွယ်ဟာ ငွေရေးကြေးရေးပိုင်း တည်ငြိမ်ပြီး မိသားစုဘဝတည်ဆောက်ဖို့ ခိုင်မာတဲ့ ဆက်ဆံရေးရှိတဲ့ အချိန်ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။ဒါပေမယ့် ကိုယ်ဝန်ရှိနှုန်းဟာ သင်အသက် ၂၀ ကလောက် မများတော့ပါဘူး။ အထူးသဖြင့် အသက် ၃၅ နှစ်လောက် ရောက်ပြီဆိုရင် တစ်နှစ်အတွင်း ကိုယ်ဝန်ရှိနှုန်းဟာ ၇၅%ကနေ ၆၅% လောက်အထိ ကျဆင်းသွားတတ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ အသက် ၃၀ကျော် အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နိုင်ခြေ မြင့်မားဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ၁။ သင့်ကိုယ်သင် စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းဆိုင်ရာ ကျန်းမာအောင်နေပါ။ သင့်လူမှုဘဝနေထိုင်ပုံဟာ ကိုယ်ဝန်ရှိနိုင်ခြေကို တိုးမြှင့်ပေးရာမှာ အရေးပါပါတယ်။ သင်ဟာ မကောင်းတဲ့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ

စုံတွဲတွေထဲမှာ တချို့ကလည်း ကိုယ်ဝန်အလွယ်တကူရကြသလို တချို့ကလည်း ကြန့်ကြာနေတတ်ပါတယ်။ ဒီတော့ ကိုယ်ဝန်မြန်မြန်ရနိုင် မယ့် နည်းလမ်းကောင်းလေးများ မရှိဘူးလား။ အသက်ကလည်း တဖြည်းဖြည်း ကြီးလာပြီလို့ ဆိုသူများအတွက် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။ စုံတွဲတိုင်း လိုက်လုပ်နိုင်မယ့် သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။ သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ သဘာဝအတိုင်း ကလေးအမြန်ရစေမယ့် နည်းလမ်းလေးတွေ ကတော့ သဘာဝနည်းလမ်း (၁) : မှန်ကန်တဲ့ အချိန်မှာ ချစ်တင်းနှောပေးပါ။ ကိုယ်ဝန်မြန်မြန်ရနိုင်ဖို့ ဆို သေချာပေါက် လိင်မှုကိစ္စက ပါလာပါပြီ။ သာမန်အားဖြင့်တော့ တားဆေးလည်း မသုံးဘူး၊ ပုံမှန်လည်း နေတယ် (၂ရက် ၃ရက်ခြားတစ်ခါလောက်)ဆိုရင် ၈၀ရာခိုင်နှုန်းက တစ်နှစ်အတွင်းမှာ ကိုယ်ဝန်ရပါတယ်။ ကျန်တာရဲ့ တစ်ဝက်က ဒုတိယနှစ်မှာ ကိုယ်ဝန်ရပါတယ်။ ဒါပေမယ့် ဂရုစိုက်ရမယ့် အချက်လေးတွေတော့ ရှိပါတယ်။ ဒါတွေကတော့ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ

ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ ရှိပါတယ်။ ကိုယ်ဝန်မဆောင်ခင် သင့်တော်တဲ့ ကာကွယ်ဆေးတွေ ထိုးထားခြင်းအားဖြင့် သင့်အတွက်ရော ရင်သွေးလေးရဲ့ ကျန်းမာရေးအတွက်ပါ စိတ်ချရစေပါတယ်။ သင့်ခုခံအားစနစ်ဟာ သင့်ကလေးရဲ့ အကြီးဆုံးနဲ့ ပထမဆုံး ခံတပ်ကြီးဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကလေးယူတော့မယ်၊ကိုယ်ဝန်ဆောင်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ကာကွယ်ဆေးတွေကို လိုအပ်သမျှ ပြည့်စုံအောင် ထိုးထားရမှာပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သင့်ကိုဒုက္ခပေးနိုင်တဲ့ အချို့သော ကူးစက်ရောဂါတွေဟာ ကြိုတင်ကာကွယ်လို့ရနိုင်ပါတယ်။ သင့်အနေနဲ့ အဆိုပါ ရောဂါတွေကို ခုခံတိုက်ထုတ်နိုင်တဲ့ ခုခံအား ရှိမရှိ သိနိုင်ဖို့အတွက် ကိုယ်ဝန်မဆောင်ခင်မှာ သွေးစစ်ဆေးမှုလေးတွေ ပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သင့်မှာ ခုခံအားမရှိသေးဖူးဆိုရင် ကာကွယ်ဆေးထိုးသင့်ပါတယ်။ ၎င်းကာကွယ်ဆေးတွေဟာ ဗိုင်းရပ်စ်အရှင်တွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကလေးကိုထိခိုက်နိုင်တဲ့အတွက် သင့်အနေနဲ့ ဆေးထိုးပြီး တစ်လအတွင်း ကိုယ်ဝန် မရအောင် ဆင်ခြင်ရပါမယ်။ ကိုယ်ဝန်မဆောင်ခင် ထိုးထားသင့်တဲ့ ကာကွယ်ဆေးတွေ ကိုယ်ဝန်မဆောင်ခင် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ

အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ဝန်ဆောင်ချိန်မှာ အန္တရာယ် ပိုတိုးလာနိုင်စေတဲ့ အချက်တွေထဲမှာ အသက်အရွယ်ကလည်း အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါ။ အသက်ငယ်ရွယ်စဉ်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ ဘဝမှာ စိန်ခေါ်မှုတွေမြောက်များစွာကို ကြုံတွေ့နိုင်ရပြီး ဒါဟာ မရည်ရွယ်ဘဲ ဖြစ်လာနိုင်တာမျိုးလည်း ရှိတတ်ပါတယ်။ ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ က အများကြီး ရှိပါတယ်။ ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်းကြောင့် သူတို့ရဲ့ ဘဝလမ်းကြောင်းကို အများကြီးပြောင်းလဲသွားစေနိုင်တာပေါ့။ ပညာရေး၊ စီးပွားရေးတွေမှာ အခက်အခဲတွေ ရှိလာနိုင်တာအပြင် ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ခြင်းဟာ မိခင်အတွက်ရော ကလေးအတွက်ပါ ပိုပြီးပြင်းထန် အန္တရာယ်များတဲ့ ကျန်းမာရေးအခြေအနေတွေကိုလည်း ကြုံတွေ့ရစေနိုင်ပါတယ်။ ငယ်ရွယ်စဉ်ကိုယ်ဝန်ဆောင်ခြင်း၏ ကျန်းမာရေးဆိုးကျိုးများ ဆယ်ကျော်သက်မိခင်တွေက မွေးဖွားခဲ့တဲ့ကလေးတွေဟာ ဒါမျိုးတွေဖြစ်နိုင်ခြေပိုများပါတယ်။ ပေါင်မပြည့်ခြင်း ဆယ်ကျော်သက်မိခင်တွေဟာ ပေါင်မပြည့်တဲ့ ကလေးငယ်တွေမွေးဖွားနိုင်ချေ မြင့်မားလှပါတယ်။ ပေါင်မပြည့်တဲ့ကလေးငယ်တွေဟာ သူတို့ရဲ့ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်ကို ထိခိုက်နိုင်တဲ့ ပြဿနာတွေကို ရင်ဆိုင်ရပါလိမ့်မယ်။ ဒါဟာ ပေါ့ပေါ့ထားလို့ရတာမျိုးမဟုတ်သလို ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းအတွက် အရေးအကြီးဆုံး […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရနိုင်ခြေ မြင့်စေတဲ့ အစားအစာတွေ က ဘာတွေလဲ

ကိုယ်ဝန်ရနိုင်ဖို့ဆိုရင် ကိုယ်ရဲ့ စားသောက်နေထိုင်မှုပုံစံကို ပြောင်းလဲရပါမယ်။ ကိုယ်ဝန်ရစေမယ့် ဖြည့်စွက်စာ၊ အစားအသောက်ရယ်လို့ မရှိပေမယ့် မှန်ကန်တဲ့ စားသောက်မှုပုံစံက ကိုယ်ဝန်ရအောင် ကူညီပေးနိုင်မှာပါ။ အထူးသဖြင့် ကိုယ်ဝန်ယူမယ်ဆို တချို့အာဟာရဓာတ်တွေကို နေ့စဉ်စားတဲ့ထဲမှာ ပါဝင်အောင်စားပေးဖို့ လိုပါတယ်။ ကိုယ်ဝန်ရနိုင်ခြေ မြင့်စေတဲ့ အစားအစာတွေ ကို ဦးစားပေး စားပေးရမှာ ဖြစ်ပါတယ်။ ကျန်းမာတဲ့ အစားအသောက်ပုံစံက သင့်ကိုယ်ဝန်ရခြေ မြင့်တက်စေမှာပါ။ ကိုယ်ဝန်ရရှိဖို့ အရေးကြီးတဲ့ မဟော်မုန်းကို မျိုးဥအိမ်နဲ့ အဆီဆဲလ်တွေက ထိန်းချုပ်ထားပါတယ်။ အရမ်းပိန်နေတဲ့အချိန်မှာ လုံလောက်တဲ့ မဟော်မုန်းပမာဏကို ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ အဝလွန်ပြန်ရင်လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ မျိုးဆက်ပွားစနစ် ကောင်းကောင်းအလုပ်လုပ်ဖို့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိတာအကောင်းဆုံးပါ။ အကြမ်းဖျင်းတော့ Body Mass Index (BMI) အဆင့် ၁၉ ကနေ ၂၄ […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

သဘာ၀ ဆေးမြစ်စုံတွေက ကိုယ်ဝန်ရနိုင်ဖို့ ကူညီပေးနိုင်မှာလား

ခေတ်မီဆေးပညာတွေ မပေါ်ပေါက်ခင်ကတည်းက တရုတ်တွေဟာ သဘာဝဆေးမြစ်စုံတွေကို ဆေးအဖြစ် ထူးချွန်ပြောင်မြောက်စွာအသုံးပြုကြတဲ့ နေရာမှာ ကျော်ကြားလှပါတယ်။ တရုတ်နိုင်ငံဟာ လူဦးရေအများဆုံး နိုင်ငံတစ်ခုဖြစ်နေတာလည်း ကြာခဲ့ပါပြီ။ တစ်ဦးတစ်ယောက်ချင်းစီဆီမှာ မြုံတာမျိုး ဖြစ်နိုင်ချေကို စာရင်းစ်တဲ့အခါမှာ တရုတ်လူမျိုးတွေကတော့ နှစ်ထောင်ပေါင်းများစွာကတည်းက မျိုးမအောင်ခြင်း၊ မြုံခြင်းတွေကို ကုသနိုင်ခဲ့တာကို တွေ့ရပြီး ဒါဟာ အောင်မြင်နေတဲ့ နည်းလမ်းတစ်ခုဖြစ်ကြောင်း သက်သေတွေလည်း ပြခဲ့ပါပြီ။ ဒါဆိုရင် သဘာဝဆေးမြစ်စုံဖြည့်စွက်စာတွေက သင်ကိုယ်ဝန်ရနိုင်ဖို့ ကြိုးစားတဲ့နေရာမှာ တကယ်ပဲ အထောက်အကူဖြစ်နိုင်မှာလား။ ကျန်းမာရေးနဲ့သင့်လျော်တဲ့ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်တာနဲ့ အာဟာရဓါတ်ပြည့်တဲ့ ဖြည့်စွက်စာတွေ မှီဝှဲတာအပြင်ကို ဆေးမြစ်စုံတွေနဲ့ ကုသခြင်းကလည်း အခြားသောနည်းလမ်းတစ်ခုပါ။ သူကတော့ ဟော်မုန်းညီမျှဖို့အတွက် အဓိကထားပြီး မျိုးဥထွက်ခြင်းကိုလည်း အားပေးပါတယ။် ဒါကြောင့် ကိုယ်ဝန်ရသွားနိုင်ပါတယ်။ ဒါ့အပြင် ဆေးပင်တွေက သဘာဝအတိုင်းရှိနေတာပါ။ သူတို့ဟာ ခန္ဓါကိုယ်ရဲ့ သဘာဝလုပ်ငန်းဆောင်တာတွေကိုလည်း ထောက်ပံ့ပေးပြီး ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့လည်း အားပေးပါတယ်။ ဒါပေမဲ့ သင်က ဆေးမြစ်တွေစပြီးသုံးတော့မယ်ဆိုရင် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ

ဆေးလိပ်သောက်ခြင်းကြောင့် အသက်ဆုံးရှုံးနိုင်ပါသည်။ ယနေ့အခါတွင် ထိုစာတမ်းအား သင်ခဏခဏ တွေ့မြင်ဖူးမည်ဖြစ်ပြီး ၎င်း၏ မူကွဲများအဖြစ် “ဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်ဖြတ်ပါ၊ ဆေးလိပ်သောက်ခွင့်မပြုပါ၊ ဆေးလိပ်သောက်ခြင်းက ဆိုးဝါး၏၊ ကလေးများရှိသောကြောင့် ဆေးလိပ်မသောက်ရ…” စသည်တို့အား နေရာအနှံ့တွင် တွေ့နိုင်၏။ ကျွန်ုပ်တို့အားလုံးသည် ဆေးလိပ်က မိမိခန္ဓာကိုယ်နှင့် မိမိဘေးမှလူတို့အား ဘာတွေဖြစ်စေတတ်ကြောင်း သိထားပြီးသားပင်။ လွန်ခဲ့သည့် ရက်အနည်းငယ်က အဆုတ်ကင်ဆာဖြစ်နေသော လူတစ်ယောက်အကြောင်း ကြားခဲ့ရသည်။ သူကိုယ်တိုင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သွားရသည်မဟုတ်ဘဲ ဆေးလိပ်သောက်သူများနှင့် ပြည့်နေသော အင်တာနက်ဂိမ်းဆိုင်တွင် သွားဆော့ရာမှ ဖြစ်သွားခြင်းပင်။ ဒါသည် သူကိုယ်တိုင် မသောက်သည့်တိုင် ဘေးလူများက သူ့အား ရောဂါပေးသွားခြင်းပင်။ ထို့ကြောင့် ဆေးလိပ်သည် အသက်ဆုံးရှုံးနိုင်ပါသည်။ ဘဝ၏အစပိုင်း အစောပိုင်းအဆင့် ကိုယ်ဝန်ဆောင်စဉ်အချိန်မှာတောင်မှ သန္ဓေသားအသက်အန္တရာယ်ကို ထိခိုက်နိုင်ပါသည်။ ဆေးလိပ်သောက်ခြင်းက မျိုးပွားနိုင်စွမ်းကို ဘယ်လိုထိခိုက်နိုင်သလဲ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ရှူမိခြင်းသည် အထက်ပါဥပမာလို ကိစ္စမျိုးကို ဆိုလိုပါသည်။ သင်ကိုယ်တိုင် […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ

ရာသီမလာတော့ဘူးဆိုရင် သင့်ကိုယ်သင် ကိုယ်ဝန် ရှိနေပြီလို့ သံသယဝင်နေပြီး ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ လို့ သင်သိချင်နေပါလိမ့်မယ်။ ဒီအတွက် ကိုယ်ဝန်ဆောင်ခြင်းရဲ့  အစောပိုင်းလက္ခဏာများကို သတိထားကြည့်နိုင်သလို ကိုယ်တိုင် ကိုယ်ဝန်စစ်ဆေးမှုလည်း ပြုလုပ်နိုင်ပါတယ်။ ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ ကိုယ်ဝန်ရှိ၊ မရှိ ကို သိဖို့ နည်းလမ်း နှစ်ခုရှိပါတယ်။ လက္ခဏာကို စစ်ဆေးတာရယ်၊ ဆေးစစ်တာရယ်ပါ။ ကိုယ်ဝန်ဆောင်ခြင်းရဲ့ အစောပိုင်းလက္ခဏာများ ရာသီမလာဘူးဆိုရင် တန်းပြီး ဆေးစစ်နိုင်သလို ကိုယ်ဝန်အစောပိုင်း လက္ခဏာများကိုလည်း သတိထား ကြည့်နိုင်ပါတယ်။ ဒါတွေကတော့ မောပန်းလွယ်ခြင်း သင် အလွန်အမင်း ပင်ပန်းနေသလို ခံစားရနိုင်ပါတယ်။ အားမရှိသလို၊ နုံးသလိုလည်း ခံစားရနိုင်ပါတယ်။ ဘာမှလုပ်ချင် ကိုင်ချင်စိတ်လည်း ရှိမှာမဟုတ်ပါ။ အိပ်ပဲအိပ်ချင်နေပါလိမ့်မယ်။ ရင်သားများနာခြင်း သင့်ရင်သားများ အရင်ကထက်ပိုပြီး ပြည့်နေသလိုလို၊ တင်းနေသလိုလို ခံစားရပါလိမ့်မည်။ သင့် သားမြတ်ခေါင်းပတ်လည်က […]


ကိုယ်ဝန်အတွက် ကြိုတင်ပြင်ဆင်မှုများ

သင်သည်ကိုယ်အလေးချိန်လျော့ကျနေပါက ဘယ်လိုကိုယ်ဝန်ရအောင်လုပ်မလဲ

ကလေးတစ်ယောက်ရနိုင်ရန်လမ်းတွင် အချက်အလက်များစွာ ရှိပါသည်။ ကိုယ်အလေးချိန် မပြည့်ခြင်းသည် ထိုထဲမှ တစ်ခုပင်ဖြစ်သည်။ သင်သည် ကိုယ်အလေးချိန်မပြည့်ပဲ ကိုယ်ဝန်ဆောင်နိုင်ဖို့ ခက်ခဲနေသည်ဆိုပါက အောက်ပါတို့ကို တစ်ချက်ဖတ်ကြည့်ပါ။   သင်ကိုယ်အလေးချိန်ပြည့်မပြည့် ဘယ်လိုသိနိုင်မလဲ။ The Advanced Fertility Center of Chicago မှ ခန္ဓါကိုယ်အလေးချိန်ညွှန်းကိန်း(BMI) နည်းသော အမျိုးသမီးများသည် ကိုယ်ဝန်ရရန် ခက်ခဲနိုင်ကြောင်း ပြောထား၏။ BMI ၁၈.၅ အောက် နည်းပါက မျိုးပွားနိုင်စွမ်းကို ထိခိုက်ကြောင်း ယုံကြည်ထားကြသည်။ သင်၏ ကိုယ်အလေးချိန်မပြည့်ခြင်းပြဿနာသည် အပြင်းအထန်ကြီးမဟုတ်တောင်မှပင် ကလေးရနိုင်ချေကို နှောက်ယှက်နေနိုင်ပါသေးသည်။   ကိုယ်အလေးချိန်မပြည့်ခြင်းက သားဥကြွေခြင်းကို ဘယ်လိုထိခိုက်သလဲ။ ပုံမှန်သားဥကြွေနိုင်ရန် အမျိုးသမီးတစ်ဦးသည် အနည်းဆုံး ခန္ဓါကိုယ်အဆီ၏ ၁၇ ရာခိုင်နှုန်းကို လိုအပ်ပါသည်။ သားဥကြွေခြင်းဖြစ်စဉ်သည် သင့်သားဥအိမ်မှ သားအိမ်ထဲသို့ သားဥကိုလွှတ်ထုတ်လိုက်ပြီး သားအိမ်ထဲတွင် သုက်ပိုးဖြင့် သန္ဓေအောင်ခြင်းဖြစ်ရန် စောင့်နေစေပါသည်။ သင့်ခန္ဓါကိုယ်၌ အဆီနည်းပါက ဦးနှောက်မှ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း