ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချို ကိုယ်ဝန်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလဲ ။ ။

ကိုယ်ဝန်ကြောင့် တက်လာတဲ့ ဆီးချို အကြောင်းကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒါကို Gestational diabetes လို့ခေါ်ပါတယ်။ မျိုးရိုးထဲမှာလည်း ဆီးချိုမရှိ၊ ကိုယ့်မှာလည်း ဆီးချို ရှိနေတာ မဟုတ်ဘဲနဲ့ ကိုယ်ဝန်ဆောင်မှ ဆီးချိုဖြစ်ဖူးတဲ့ သူတွေရှိကြမှာပါ။ ဆီးချိုဆိုတဲ့ ရောဂါကလည်း အစားအသောက်ရှောင်ရပြီး ပြန်မပျောက်တတ်တော့ လူတိုင်းကကြောက်ကြတာပေါ့။ ကိုယ်ဝန်ကြောင့် ဖြစ်တဲ့ ဆီးချိုတက်ခြင်းတွေက မီးဖွားပြီးရင်တော့ ပြန်ပျောက်သွားလေ့ရှိတယ်ဆိုပေမယ့် မီးဖွားဖို့ဆိုတာကလည်း ၁၀ လကြီးများတောင်လိုတာဆိုတော့ ကိုယ်ဝန်ဆောင်ချိန်တက်လာတဲ့ ဆီးချိုဟာ ဒီ ၁၀ လအတွင်း ကိုယ်ဝန်အပေါ်မှာ၊ သန္ဓေသားအပေါ်မှာ မိခင်အပေါ်မှာ သက်ရောက်မှုတွေ အများကြီးရှိမှာပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင် ။ ။ ကိုယ်ဝန်သက်ဘယ်လောက်ဆို ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုစဖြစ်တတ်လဲ ။ ။ ကိုယ်ဝန်ဆောင်တဲ့ မိခင်တိုင်း ဒီလို ဆီးချို ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဒီလို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလား။

ကိုယ်ဝန်ဆိပ်တစ်ခါ တက်တယ် ဆိုတဲ့ ပြဿနာဟာ ကိုယ်ဝန်ဆောင် တော်တော်များများ ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုပါ။ တစ်ခါကိုယ်ဝန်ဆိပ် တက်ဖူးပြီး ကိုယ်ဝန် တစ်ခုခု ချွတ်ချော်သွားပြီ ဆိုတာနဲ့ ခေါင်းထဲ ရောက်လာတဲ့ မေးခွန်းကတော့ နောက် ကိုယ်ဝန် ထပ်ယူသင့်လား ။ယူရင် ဒါမျိုး ထပ်ဖြစ်မှာလား ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဘယ်သူကတော့  ကိုယ်ဝန် ရပြီးကာမှ ပြန်ပြီး ပျက်ကျသွားတာမျိုး လိုချင်မလဲနော်။ ကိုယ်ဝန် ဆောင်ရတာ လွယ်တဲ့ အလုပ်မှ မဟုတ်တာ။ ဒီတော့ တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလားဆိုတဲ့ အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ချိန်ဆလို့ ရတာပေါ့။ ။ တစ်ခါ ကိုယ်ဝန်ဆိပ်တက်ဖူးရင် နောက်ကိုယ်ဝန်ထပ်ယူသင့်လား ။ မယူသင့်တော့ဘူးလား။ လေ့လာချက်တွေ အရ အရင်တုန်းက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ကိုယ်ဝန်ရှိတဲ့ မေမေတိုင်း စိတ်ပူကြတဲ့ အရာတွေထဲက တစ်ခုက နေ့မစေ့ လမစေ့ ဘဲ မီးဖွားရမှာကိုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်သက် ၃၇ ပတ်နောက်ပိုင်းမှာမီးဖွားမှ ကလေးက ပြင်ပမှာ ကောင်းကောင်းအသက်ရှင်နိုင်မှာ ဖြစ်တာကြောင့် မေမေတို့ စိတ်ပူရတာလည်း မမှားပါဘူး။ လမစေ့ မွေးတာမျိုးတွေ ရှိတယ်ဆိုတည်းက သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေလည်း ရှိတာကြောင့်ပါ။ ဒီအကြောင်းတွေကို မေမေတို့ သိထားတော့ ကြိုတင်သတိထားလို့ ရတာပေါ့။ နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ နေ့မစေ့ဘဲ မီးဖွားရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် ဘယ်အကြောင်းကြောင်းဖြစ်ရတယ်ဆိုပြီး အတိကျတော့ မရှိပါဘူး။ အဓိက ဖြစ်ရတာကတော့ ရေမြွာအိတ် ပြဲသွား၊ ပေါက်သွားတာကြောင့် မီးဖွားလာချင်ရတာဖြစ်ပါတယ်။ အခြားဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေအနေနဲ့ မိခင်ကြောင့်၊ ကိုယ်ဝန်ကိုယ်တိုင်ကြောင့်နဲ့ ကလေးကြောင့်ဆိုပြီး အုပ်စု ၃ ခုခွဲပြီး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ သင့်ရင်သားအကြောင်း ။ ။

ကိုယ်ဝန်ဆောင်ချိန် ရောက်ပြီဆိုတာနဲ့ မိန်းမသားတို့ ကိုယ်ခန္ဓာမှာ အစစ အရာရာ ပြောင်းလဲလာပါတယ်။ ကိုယ်ဝန်ဆိုတာကလည်း ကိုးလလွယ် ဆယ်လဖွားဆိုတော့ တစ်နှစ်နီးပါးလောက်ရှိတဲ့ အချိန်ကာလကြီးထဲမှာ အသိသာဆုံး ပြောင်းလဲမှုတွေက ဘာတွေဖြစ်မလဲ။ ကြည့်လိုက်တာနဲ့တန်းသိနိုင်တဲ့ ကိုယ်ပေါ်က ပြောင်းလဲမှုတွေကတော့ ပူထွက်နေတဲ့ ဗိုက်သားလေးတွေနဲ့ တင်းရင်းပြီး ကြီးထွားနေတဲ့ ရင်သားတို့ပဲ ဖြစ်ပါတယ်။ ကလေးရှိလို့ ပူထွက်လာတဲ့ ဗိုက်အကြောင်းကို အထွေအထူးပြောစရာ မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ ရင်သားလေးတွေ အကြောင်း ပြောပြချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ သင့်ရင်သားအကြောင်း ။ ။ ကိုယ်ဝန်ဆောင်ချိန် ရင်သားမှာ ဘယ်လိုအပြောင်းအလဲလေးတွေဖြစ်လဲ။ ကိုယ်ဝန်ဆောင်ချိန် ရင်သား ပြောင်းလဲမှုတွေကတော့ ရင်သားတွေကြီးထွားလာတယ်  ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးလာတာ ဗိုက်တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ဝန်သက် ၆ပတ်လောက်မှာ နို့ချောင်း တွေနဲ့ နို့ဂလင်းတွေ ဖွံ့ဖြိုးဖို့  ရင်သားမှာ အဆီပြင်တွေ ကြီးထွားလာပြီး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်တာစိုးရိမ်ရလား

ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ သွေးဆင်းတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်ရင် ကိုယ်ဝန်ပျက်ချင်တာမသိဘူးဆိုပြီး စိုးရိမ်တတ်ကြသူချည်းပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်တယ်ဆိုတာနဲ့ ကိုယ်ဝန်ပျက်ကျတော့မှာလား။ ဒါမှမဟုတ် ဖြစ်နေကျပဲလားဆိုတဲ့ အကြောင်းလေးကို ဒီဆောင်ပါးလေးထဲမှာ ပြောပြပေးမှာပါ။ ဘယ်လို နာတာမျိုးက ပုံမှန်ဖြစ်နေကျဆိုတာရယ်၊ ဘယ်လို အချိန်ဆို စိုးရိမ်ရလဲဆိုတာတွေကို ပြောပြပေးမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်တာစိုးရိမ်ရလား ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်အောင့်ဗိုက်နာ ဖြစ်ရင် စိုးရိမ်စရာမရှိတဲ့ ဗိုက်အောင့်တာမျိုးနဲ့ စိုးရိမ်ရတဲ့ ဗိုက်နာတာမျိုးဆိုပြီး ၂ မျိုးရှိပါတယ်။ စိုးရိမ်စရာ မရှိတဲ့ ဗိုက်အောင့်တာဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ ပြောင်းလဲလာတဲ့ ကိုယ်ခန္ဓာဖွံဖြိုးပြောင်းလဲမှုတွေကြောင့် ဖြစ်ရတာပါ။ ဘာတွေလဲဆိုတာ ကြည့်ရအောင်။ ။ ကိုယ်ဝန်ဆောင်ချိန်ဆို ဖြစ်နေကျ စိုးရိမ်စရာမရှိသည့် ဗိုက်အောင့်ဗိုက်နာ ဖြစ်စေတတ်သော အကြောင်းအရင်းများ ကတော့ ၁ - သားအိမ် ကြီးထွားလာခြင်း။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကြီးထွားလာတဲ့ သားအိမ်ကြောင့် ဗိုက်ကြီးတင်းပြည့်နေသလို ခံစားရပြီး အခန့်မသင့်ရင် ဗိုက်အောင့်တာမျိုးတွေဖြစ်တတ်ပါတယ်။ ၂ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Rh - အနှုတ်သွေးပိုင်ရှင်မေမေတို့ ကိုယ်ဝန်ဆောင်တဲ့အခါ ဘာတွေ သတိထားရမလဲ ။ ။

အပေါင်းသွေး အနှုတ်သွေးတွေရဲ့ ကိုယ်ဝန် အပေါ်သက်ရောက်မှု ။ ။ သွေး အမျိုးအစား ၄ မျိုးဖြစ်တဲ့ Aသွေး၊ B သွေး၊ AB သွေး၊ O သွေး တို့ကိုအားလုံးသိကြမှာပါ။ ကိုယ်က ဘာသွေးအမျိုးအစားပိုင်ရှင်လဲဆိုတာ သိချင်လို့ သွားစစ်တဲ့ အခါကျရင် A တွေ B တွေ ချည်းနဲ့ပဲ အဖြေပြန်ထွက်ထာတာ မဟုတ်ပါဘူး။ A+ A- ဆိုပြီး အပေါင်းတွေ အနှုတ်နဲ့ အတူ အဖြေပြန်ထွက်လာတာပါ။ အဲဒီမှာပါနေတဲ့ + နဲ့ - က ဘာကိုပြောတာလဲ ။ ။ ဒီ အပေါင်းသွေး အနှုတ်သွေးတွေကို Rh + နဲ့ Rh - လို့ ခေါ်ကြပါတယ်။ ဒီ နှစ်ခုထဲမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်း

ကိုယ်ဝန်ဆောင်နေစဉ် မိန်းမကိုယ်ယားယံခြင်း ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မောပန်းလွယ်ခြင်း၊ မနက်ပိုင်း ပျို့အန်ခြင်း၊ သားအိမ်ခေါင်းအချွဲဆင်းခြင်းတွေ အပြင် မိန်းမကိုယ်ယားယံခြင်းဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံခြင်းဟာ ဆိုးရွားတဲ့ စိုးရိမ်စရာအခြေအနေတစ်ခုမဟုတ်ပေမယ့် လိင်မှတဆင့်ကူးစက်တတ်တဲ့ ကာလသား ရောဂါလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်လာစေဖို့ ဖြစ်နိုင်သမျှမြန်မြန် စစ်ဆေးကုသသင့်ပါတယ်။   ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်းဟာ ဘာကြောင့်ဖြစ်တာလဲ။ • အရည်လိုအပ်မှုပိုများလာခြင်း။ ။ ကိုယ်ဝန်ရဲ့ပထမသုံးလတာ ကာလမှာ ကလေးရဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက် အရည်ဓာတ်များစွာလိုအပ်တာကြောင့် မိန်းမကိုယ်အတွင်းသားတွေ ခြောက်သွေ့လာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း နဲ့ ယားယံ ခြင်းကိုဖြစ်စေပါတယ်။ • မိန်းမကိုယ်တဝိုက်ချွေးထွက်များခြင်း။ ။ မိန်းမကိုယ်တဝိုက် ကြားနေရာလေးတွေမှာ ချွေးစုလာတဲ့အတွက် ပူနွေးစိုစွတ်မှုကြောင့် ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။ • တချို့သော ထုတ်ကုန်ပစ္စည်းများနှင့် ဓာတ်မတည့်ခြင်း။ ။ ရေမွှေး၊ အဝတ်လျှော်ဆပ်ပြာ၊ ကွန်ဒုံး နဲ့ မိန်းမကိုယ်အတွင်းပိုင်းကို ဆေးကြောတဲ့ဆေးရည် စတဲ့အရာတွေမှာ မိန်းမကိုယ်တစ်ဝိုက်ကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

HELLP Syndrome

အဓိပ္ပါယ်ဖွင့်ဆိုချက်HELLP syndrome ဆိုတာဘာလဲ။ HELLP syndrome က ကိုယ်ဝန်ဆောင်စဉ်မှာဖြစ်တဲ့ အသက်အန္တရာယ်ပေးအခြေအနေဖြစ်တယ်။ ကိုယ်ဝန်ဆိပ်သင့်တာနဲ့ဆက်စပ်မှုရှိပြီး ကိုယ်ဝန်ဆောင် ၅-၈% မှာတွေ့ရပါတယ်။ များသောအားဖြင့် ကိုယ်ဝန်ပတ် ၂၀ မြောက်မှာ အဖြစ်များတယ်။ HELLP syndrome က အသည်းနဲ့သွေးမှာဖြစ်တဲ့ရောဂါဖြစ်ပြီး မကုသပဲထားလိုက်ရင် အသက်သေနိုင်ပါတယ်။ HELLP syndrome ရဲ့လက္ခဏာတွေက အများကြီးဖြစ်သလို မသဲမကွဲလဲဖြစ်တတ်တဲ့အပြင် ကနဦးအစမှာ အတည်ပြုဖို့ခက်ပါတယ်။ HELLP ဆိုတာက အစပိုင်းဓါတ်ခွဲစစ်ဆေးတဲ့အခါမှာ တွေ့ရတဲ့မူမမှန်စစ်ဆေးမှုတွေကို အစွဲပြုပေးတာပါ။ Haemolysis (သွေးဆဲလ်ကွဲပျက်ခြင်း) EL: အသည်းအင်ဇိုင်းတက်ခြင်း LP: သွေးမွှားဥအရေအတွက်နည်းခြင်း သွေးဆဲလ်ကွဲပျက်တဲ့လူတွေမှာ သွေးနီဥတွေ အရွယ်မတိုင်ခင် မြန်မြန်ပျက်စီးနေတတ်ပါတယ်။ ဒါကြောင့် သွေးနီဥအရေအတွက် နည်းလာပြီး နောက်ဆုံးမှာ သွေးအားနည်းရောဂါဖြစ်လာပါတယ်။ သွေးအားနည်းရောဂါဆိုတာ ခန္ဓါကိုယ်အစိတ်အပိုင်းတွေဆီထောက်ပံ့ဖို့ လုံလောက်တဲ့အောက်စီဂျင်ကို သွေးက မသယ်နိုင်တော့တဲ့ရောဂါဖြစ်ပါတယ်။ အသည်းအင်ဇိုင်းမြင့်တက်လာတာက အသည်းက လုပ်ငန်းကောင်းကောင်းမလုပ်တော့တဲ့ လက္ခဏာပါ။ ရောင်နေတဲ့အသည်း ထိခိုက်ထားတဲ့အသည်းက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်လွယ်ထားရချိန် ထိခိုက်ဒဏ်ရာတွေနဲ့နာကျင်မှုဝေဒနာ သက်သာစေဖို့

ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်ဟာ မိခင်လောင်းတွေအတွက် စိတ်အလှုပ်ရှားရဆုံးဖြစ်သလို ဘာပဲလုပ်လုပ် သတိကြီးကြီးထားရတဲ့အချိန်လည်းဖြစ်ပါတယ်။ မိခင်နဲ့ကလေးက တစ်တွဲတည်းဖြစ်နေချိန်မှာ လုံးဝအထိခိုက်မခံနိုင်ဘူးလေ။ နှစ်ယောက်လုံးရဲ့ကျန်းမာရေးကို သိပ်ကိုဂရုစိုက်ရတဲ့အပြင် မတော်တဆထိခိုက်မှုအန္တရာယ်ဆိုတာ မထင်မှတ်ဘဲ ဖြစ်လာတတ်တာကြောင့် သွားသတိ၊ စားသတိ အမြဲရှိသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ရတဲ့အခါ ဗိုက်ထဲက ကလေး ကြီးထွားဖွံ့ဖြိုးလာဖို့နဲ့ ကောင်းမွန်စွာမွေးဖွားနိုင်ဖို့ ခန္ဓာကိုယ်က အားအင်တွေ စုပ်ယူ၊ အလိုအလျောက်စတင်ပြင်ဆင်နေပါပြီ။ လရင့်လာတာနဲ့အမျှ ကလေးမွေးဖို့အတွက် ခန္ဓာကိုယ်ကပြင်ဆင်နေတာကြောင့် အဆစ်အမြစ်တွေက စတင်လျော့ရဲလာပါတယ်။ အိပ်ချင်တာ၊ မအီမသာဖြစ်တာ၊ စိတ်နဲ့လူမကပ်တာတွေလည်း ခံစားရနိုင်တယ်။ ဒါနဲ့ပဲ ချော်လဲတာ၊ ချော်ကျတာတွေ ဖြစ်လွယ်ပြီး ထိခိုက်ဒဏ်ရာလည်း ရလွယ်ပါတယ်။ ဒီလိုဂရုစိုက်နေတဲ့ကြားက ကိုယ်ဝန်ဆောင်မေမေတို့ရဲ့အဖြစ်များတတ်ကြတဲ့ ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုတွေအကြောင်းလေး ပြောပြရဦးမယ်။ မေမေဗိုက်တို့ ခံစားရတတ်တဲ့ ထိခိုက်ဒဏ်ရာနဲ့ နာကျင်မှုဝေဒနာတွေ အရေပြားပေါက်ပြဲဒဏ်ရာနဲ့ ပြတ်ရှဒဏ်ရာ - ဘယ်လောက်ပဲသတိထားတယ်၊ နားနေတယ် ဆိုဆို မတော်တဆ ထိခိုက်မှုဆိုတာ မကင်းနိုင်ကြတာမို့ရှောင်လွှဲရမလွယ်ပါဘူး။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။

တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်အခါမှာ လုပ်နိုင်သလဲ။ ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြပေးချင်ပါတယ်။ Therapeutic abortion သို့မဟုတ် legal abortion ဆိုတာဟာ ဥပဒေနဲ့အညီ တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းကို ဆိုလိုပါတယ်။ ဒီလို တရားဝင် ကိုယ်ဝန်ဖျက်ချခြင်းနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ နိုင်ငံပေါ် မူတည်ပြီး မတူကွဲပြားကြပါတယ်။ အချို့သော နိုင်ငံတွေဟာ ဘယ်လိုမျိုးအကြောင်းပြချက်နဲ့မှ ကိုယ်ဝန်ဖျက်ချခွင့် မပေးထားဘဲ တချို့နိုင်ငံတွေကျပြန်တော့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုးမှာ ကိုယ်ဝန်ကို ရပ်ဆိုင်းခွင့် (ဖျက်ချခွင့်)ပေးထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာ အကြောင်းပြချက်နဲ့တင် ကိုယ်ဝန်ဖျက်ချခွင့်ပြုတဲ့ နိုင်ငံတွေရှိသလို ဗိုက်ထဲက ကလေးမှာ မွေးရာပါ ချို့ယွင်းချက် ဆိုးဆိုးရွားရွား ရှိနေပြီဆိုရင်လည်း (ဆန္ဒရှိရင်) ကိုယ်ဝန်ဖျက်ချခွင့် ပေးတဲ့ နိုင်ငံတွေလည်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်