ကိုယ်ဝန်ဆောင်နေစဉ် မိန်းမကိုယ်ယားယံခြင်း
ကိုယ်ဝန်ဆောင်နေစဉ်အတွင်း မောပန်းလွယ်ခြင်း၊ မနက်ပိုင်း ပျို့အန်ခြင်း၊ သားအိမ်ခေါင်းအချွဲဆင်းခြင်းတွေ အပြင် မိန်းမကိုယ်ယားယံခြင်းဟာလည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့အချက်တစ်ချက် ဖြစ်ပါတယ်။ မိန်းမကိုယ် ယားယံခြင်းဟာ ဆိုးရွားတဲ့ စိုးရိမ်စရာအခြေအနေတစ်ခုမဟုတ်ပေမယ့် လိင်မှတဆင့်ကူးစက်တတ်တဲ့ ကာလသား ရောဂါလိုမျိုး နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်လာစေဖို့ ဖြစ်နိုင်သမျှမြန်မြန် စစ်ဆေးကုသသင့်ပါတယ်။