ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်း နှင့်ပတ်သက်ပြီး သင်သိသင့်သော အချက် ၃ ချက်

မူးဝေခြင်းသည် ကိုယ်ဝန်ဆောင်ချိန်တွင် အဓိကတွေ့ကြုံရသော ပြဿနာဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ကာလ တစ်လျောက်လုံး မူးဝေခြင်းကို ကြုံတွေ့ရနိုင်ပြီး ယင်းကို ကျော်လွားနိုင်ရန် အောက်ပါ အချက်များသည် အထောက်အကူ ပြုပါလိမ့်မည်။ ကိုယ်ဝန်ဆောင်ချိန် မူးဝေခြင်း ကို ဘာတွေက ဖြစ်စေသလဲ။ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးသားအပြောင်းအလဲကြောင့် ခန္ဓါကိုယ်တွင်း သွေးကြောများသည် အရွယ်အစား ကြီးမားလာပါသည်။ ယင်းမှာ သန္ဓေသားဆီသို့ သွေးများများစွာ ရောက်ရန် အထောက်အကူ ပြုစေသော်လည်း သွေးဖိအားကို ကျဆင်းစေပြီး ဦးနှောက်ထဲ သွေးဝင်နည်းစေကာ မူးဝေခြင်းကို ဖြစ်စေနိုင်ပါသည်။ မူးဝေခြင်းသည် နှလုံးနှင့် သွေးလှည့်ပတ် အဖွဲ့အစည်းကို အပြောင်းအလဲများ ဖြစ်စေပါသည်။ နှလုံးခုန် မြန်လာခြင်းကြောင့် ခန္ဓါကိုယ်တွင်း သွေးပမာဏများပြားစေပါသည်။ ထို့ပြင် သွေးတွင်း သကြားဓါတ်ကိုလည်း ကျဆင်းစေပြီး ခန္ဓါကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်များကို ပြောင်းလဲစေပါသည်။ ထို့အပြင် ကြီးထွားလာသော သားအိမ်ကြောင့်လည်း သွေးကြောများတွင် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မသိလိုက်ဘဲ ကိုယ်ဝန်ပျက်ကျခြင်း

မိမိသားအိမ်ထဲမှာ သန္ဓေသား လောင်းသေဆုံးနေပေမယ့် ထိုဆုံးရှုံးမှုကို သင့်ခန္ဓာကိုယ်ကမသိလိုက်ဘဲ တစ်ရှူးတွေရှင်းမပစ်သေးတာဖြစ်တယ်။ အသံတိတ်ကိုယ်ဝန်ပျက်ကျခြင်းလို့လည်းဆိုနိုင်ပါတယ်။ ဆုံးရှုံးမှုကို ခန္ဓာကိုယ်ကအသိအမှတ်မပြုတာ၊ မသိလိုက်တာကြောင့် ကိုယ်ဝန်ဆောင် ဟော်မုန်းတွေဆက်ထုတ်နေပြီး ကိုယ်ဝန်ဆောင်ခြင်းလက္ခဏာတွေဆက်ခံစားရစေပါတယ်။ ထိုအခြေအနေကို ဘယ်လိုသိနိုင်မလဲ ခေါင်းစဉ်အတိုင်းပါပဲ မသိလိုက်တဲ့ ကိုယ်ဝန်ပျက်ကျခြင်းဟာ သွေးဆင်းခြင်း၊ ဆိုးဆိုးရွားရွားဗိုက်နာခြင်း၊ သန္ဓေသားတစ်ရှူးများဆင်းခြင်း တို့ကဲ့သို့ ကိုယ်ဝန်ပျက်တဲ့လက္ခဏာတွေမပြပါဘူး။ အချင်းရဲ့ ဟော်မုန်းများဆက်ထုတ်နေခြင်းကြောင့် ကိုယ်ဝန်ဆောင်လက္ခဏာများဆက်ရှိနေမှာပါ။ ဒါပေမယ့် တစ်ခါတလေမှာတော့ တချို့သောကိုယ်ဝန်လက္ခဏာတွေပျောက်သွားတတ်ပါတယ် (ရင်သားတင်းခြင်း၊ ပျို့ခြင်း၊ နွမ်းနယ်ခြင်းစသည်)။ တချို့အမျိုးသမီးတွေကတော့ ညိုညစ်ညစ် သို့ အနီရောင် ဆင်းခြင်းများသတိပြုမိနိုင်တယ်။ သန္ဓေသားနှလုံးခုန်သံမကြားရပါက သန္ဓေသားသေဆုံးခြင်းအဖြစ် ဆရာဝန်ကသတ်မှတ်ပါလိမ့်မယ်။ ဒါမှမဟုတ် အယ်လ်ထရာဆောင်းမှာ မဖွံ့ဖြိုးတော့တဲ့သန္ဓေသားအဖြစ်ပေါ်လာနိုင်တယ်။ ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်ဆောင်ခြင်းရဲ့ ၁ ရာနှုန်းလောက် တစ်နည်း အယောက် ၁၀၀ မှာ ၁ယောက် ထိုသို့ဖြစ်နိုင်တယ်။ ဘာကြောင့် သတိမပြုမိသော ကိုယ်ဝန်ပျက်ခြင်းဖြစ်ရသလဲ အများအားဖြင့် ခရိုမိုဆုန်းပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်ပါတယ်။ ထိုပုံမှန်မဟုတ်ခြင်းဟာ သန္ဓေသားရဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ခန္ဓါကိုယ်ပြင်ပသန္ဓေ္ဓတည်ခြင်းအကြောင်း

ခန္ဓါကိုယ်ပြင်ပသန္ဓေတည်ခြင်း၊ တနည်း ယခင်ဖန်ပြွန်သန္ဓေသားနည်း လို့ သိခဲ့ကြတဲ့ In vitro fertilization (IVF) ဟာ မျိုးဆက်မပွားနိုင်ခြင်းအတွက် နာမည်ကြီးကုသနည်းဖြစ်တယ်။ လိုအပ်တဲ့လုပ်ဆောင်ချက်ကတော့ သားဥများကို သုတ်ပိုးနဲ့ ဓါတ်ခွဲခန်းထဲမှာ သားအောင်စေပြီး သန္ဓေသားလောင်း သို့ သန္ဓေ သားလောင်းများဖန်တီးခြင်းဖြစ်တယ်။ မိဘဖြစ်လိုသူတွေရဲ့ သားဥနဲ့သုက်ပိုးကိုသုံးနိုင်သလို၊ အမည်မဖော်သူအလှူရှင်တွေဆီကလည်း အသုံးပြုနိုင်ပါတယ်။ အောက်ပါတို့ကတော့ ဖန်ပြွန်သန္ဓေ္ဓသားမယူခင် သိထားသင့်တဲ့အချက်တွေဖြစ်တယ်။ ဖန်ပြွန်သန္ဓေ္ဓသားနည်းနဲ့ဖြေရှင်းလို့ရနိုင်တဲ့မျိုးမပွားနိုင်ခြင်းများ သားအိမ်နံရံတစ်သျူးများပုံမှန်မဟုတ်ခြင်း၊ သားဥအိမ်ရောဂါများ၊ သားအိမ် သို့ သားဥပြွန်အနေအထားမကောင်းခြင်း၊ သုက်ပိုးနည်းခြင်း၊ သုက်ပိုးမှသားဥအားသားမဖောက်နိုင်ခြင်း၊ နှင့် အခြားသောမျိုးမပွားနိုင်သည့်အခြေအနေများရှိပါက ခန္ဓါကိုယ်ပြင်သန္ဓေ္ဓအောင်ခြင်းနည်းကို အသုံးပြုနိုင်ပါတယ်။ လုပ်ဆောင်ပုံ အစပိုင်းမှာ အမျိုးသမီးသွေးပြန်ကြောထဲသို့ ဟော်မုန်းကုထုံးထည့်ကာ သားဥအိတ်ထဲတွင် သားဥပေါင်းများစွာဖြစ်လာအောင် လှုံ့ဆော်ပါလိမ့်မယ်။ ထို့နောက် ထိုသားဥများကိုစုပြီး ဖန်ပြွန်တစ်ခုထဲမှာ သန္ဓေ္ဓအောင်စေပါမယ်(ဒါကြောင့် ဖန်ပြွန်သန္ဓေ္ဓသား လို့ခေါ်ပါတယ်)။ သန္ဓေ္ဓသားလောင်းများပေါ်လာပါက သန္ဓေ္ဓသားလောင်းတစ်ယောက် သို့ သန္ဓေသားလောင်းများကို အမျိုးသမီးရဲ့ မွေးလမ်းကြောင်း […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်း

ကိုယ်ဝန်ရှိချိန်မှာ မမျှော်လင့်ဘဲ ပျက်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒီဆောင်းပါးမှာ ကိုယ်ဝန်ပျက်ကျခြင်း အကြောင်းနဲ့ ဘယ်လိုကာကွယ်မလဲဆိုတာ ဖော်ပြထားပါတယ်။ ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်းဆိုတာ ဘာလဲ ကိုယ်ဝန်ပျက်ကျခြင်းဆိုတာ ကိုယ်ဝန် ၁၂ပတ် နောက်ပိုင်းနဲ့ ၂၄ပတ်မတိုင်ခင်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ၂၄ပတ်နောက်ပိုင်းမှာ ကလေးကို ဆုံးရှုံးတာဆိုရင်တော့ ကလေးအသေမွေးခြင်းလို့ ခေါ်ပါတယ်။ အစောပိုင်းကာလတွေမှာ ပျက်ကျခြင်းနဲ့ ယှဉ်ကြည့်ရင် နောက်ပိုင်းမှာ ပျက်ကျတာ ပိုရှားပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးအားလုံးရဲ့ ၁-၂% လောက်သာ ဒုတိယသုံးလပတ်မှာ ပျက်ကျတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျရတဲ့အခါ မိခင်အပါအဝင် တမိသားစုလုံးအတွက် ဝမ်းနည်းကြေကွဲစရာ ဖြစ်ပါတယ်။ ဆေးရုံဝန်ထမ်းများနဲ့ ဆရာဝန်များကလည်း ဒီလိုခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်ဖို့ နှစ်သိမ့်ကူညီပါလိမ့်မယ်။   ကိုယ်ဝန်နောက်ပိုင်းကာလ ပျက်ကျခြင်းကို ဘယ်လိုသိနိုင်သလဲ အထင်ရှားဆုံး လက္ခဏာကတော့ မိန်းမကိုယ်မှ သွေးဆင်းခြင်းနဲ့ မီးဖွားချိန်ဗိုက်နာသလို နာကျင်ခြင်း ဖြစ်ပါတယ်။ သွေးဆင်းတဲ့ပမာဏဟာ အလွန်များပြီး သွေးခဲများအနေနဲ့ ဆင်းတတ်ပါတယ်။ တခါတရံ ရှားရှားပါးပါး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်တွင် ချော်လဲပြီးနောက် ဆရာဝန်နှင့် တွေ့ပြီး ကုသမှုခံယူရန် လိုပါသလား

ကိုယ်ဝန်ဆောင်ချိန်တွင် ချော်လဲခြင်းသည် မိခင်ကို စိတ်မောစေနိုင်သော နောက်ဆက်တွဲ ဆိုးကျိုးများစွာ ရှိနိုင်သည်။ သို့သော် လူ့ခန္ဓါကိုယ်သည် ရင်သွေးကို အကာအကွယ်ပေးနိုင်အောင် တည်ဆောက်ထားသောကြောင့် ချော်လဲကျတိုင်း စိတ်ပူပန်နေရန် မလိုပေ။ မတော်တဆဖြစ်မှုလေးများကြောင့် ဖြစ်သော ဒဏ်ရာ နှင့် ဖြစ်ပွားမှုများကို ကြည့်ပြီး ဖွံ့ဖြိုးဆဲ ကလေးငယ်ကို ထိခိုက်နိုင်သလား၊ မထိခိုက်နိုင်ဘူးလားဆိုသည်ကို ပြောနိုင်သည်။ ဒဏ်ရာသည် မိခင်ကို ပြင်းထန်စွာ ထိခိုက်မိမှသာလျှင် ရင်သွေးငယ်ကို ထိခိုက်မိမည်ဖြစ်သည်။   စိတ်ပူဖို့လိုလား? မလိုဘူးလား? ကံကောင်းသည်မှာ ရင်သွေးကို သန်မာသော သားအိမ်နံရံ နှင့် ဝမ်းဗိုက်ကြွက်သားများက ကာကွယ်ပေးထားသည်။ သားအိမ်ရေမွှာသည် အခုအခံအနေနှင့် လုပ်ဆောင်ပေးထားသည်။ ထို့အပြင် ကိုယ်ဝန်အစောပိုင်းရက်သတ္တပါတ်များတွင် သားအိမ်ကို ပို၍ လုံခြုံသော တင်ပါးဆုံရိုးခွေက ကာကွယ်ပေးထားသည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်စဉ် ချော်လဲမိသောအခါ ရင်သွေးအဆင်ပြေလျှင် စိတ်အေးအေးနေနိုင်ပါသည်။ ဆရာဝန် နှင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ

ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်ဝန်မရခင်နဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆေးလိပ်ဖြတ်ဖို့ဆိုတာ အရေးကြီး လုပ်သင့်တဲ့ အရာတစ်ခုပါ။ ဆေးလိပ်သောက်ခြင်းက သင့်ကလေးအတွက်  အောက်ပါပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်း ကလေးအသေမွေးခြင်း လမစေ့ဘဲမွေးခြင်း ပေါင်မပြည့်ဘဲ မွေးခြင်း မွေးကင်းစအရွယ်မှာ ရုတ်တရက်သေဆုံးခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ ကိုယ်ဝန်ဆောင်ချိန် ဆေးလိပ်သောက်ခြင်း နဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ ကတော့ “ ကလေးပေါင်ချိန်မပြည့်တာ ဘာမှ ပြဿနာ မရှိဘူး၊ မွေးရတာ ပိုတောင် လွယ်သေးတယ် “ အချက်အလက်၊ ပေါင်ချိန်မပြည့်တဲ့ ကလေးကို မွေးရတာ ပိုလွယ်တယ်လို့ ဘာသက်သေမှ မရှိပါဘူး။ ဆေးလိပ်သောက်တာက သန္ဓေသားရဲ့ ဖွံ့ဖြိုးမှုကို အနှောက်အယှက် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆိပ်တက်ခြင်း အကြောင်း မသိမဖြစ် အချက် ၅ ချက်

အမျိုးသမီးတဦးရဲ့ ဘဝမှာ ကိုယ်ဝန်ဆောင်ခြင်းဟာ သွေးထွက်သံယိုဖြစ်ခြင်းနဲ့ ကလေးမွေးရတဲ့ ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခိုက်အတန့်ပဲ ဖြစ်ပါတယ်။ သွေးကြောများထဲ သွေးခဲခြင်းပြသနာဖြစ်နိုင်ခြေ ရှိပါတယ်။ သွေးတိုးလူနာတွေမှာ ဖြစ်တတ်ပါတယ်။ ဒီပြသနာအကြောင်းကို လေ့လာကြည့်ကြပါစို့ ၁။ ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ ဘာလဲ ကိုယ်ဝန်ဆိပ် တက်ခြင်းဆိုတာ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးသူတွေမှာ တက်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် သွေးတက်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလ တဝက်လောက်ကနေ မွေးဖွားချိန်အထိ ဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန်၊ ကျောက်ကပ်၊ အသည်း စတာတွေကို ထိခိုက်တတ်ပြီး တခါတရံမှာ သန္ဓေသားဖွံ့ဖြိုးမှုကိုပါ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ ဒီရောဂါရဲ့ အခြေအနေပေါ်မူတည်ပြီး အမျိုးသမီးတချို့ဟာ ဆေးရုံကို ရက်ချိန်းပြန်လည် ပြသရပါတယ်။ ဒါပေမယ့် သွေးတိုးရှိသူတိုင်း ဒီပြသနာတွေ မကြုံရပါဘူး ၂။ ကိုယ်ဝန်ဆိပ်တက်ခြင်း ဘာကြောင့်ဖြစ်သလဲ ကိုယ်ဝန်ဆိပ် တက်ခြင်းဟာ ပထမဆုံး ကိုယ်ဝန်တွေနဲ့ အသက်ငယ်သေးတဲ့ မိခင်တွေမှာ တွေ့ရတာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း

ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း က ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး တော်တော်များများ ခံစားကြရတဲ့ ကိုယ်ဝန်ဆောင် ကျန်းမာရေး ပြဿနာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတယ်ဆိုတာက သွေးပေါင်ချိန်က 90/60 အောက်ရောက်နေတာကို ဆိုလိုချင်တာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးပေါင်ကျတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျတာက ကိုယ်ဝန်ဆောင်ကာလ ပထမ သုံးလပတ်နဲ့ ဒုတိယ သုံးလပတ်မှာ အဖြစ်များပါတယ်။ များသောအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ တတိယ သုံးလပတ်အရောက်မှာ သွေးပေါင်ချိန်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် တလျှောက်လုံးမှာတော့ အိုဂျီကို သေချာလေး ပြောပြပေးဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်စဉ် သွေးပေါင်ကျခြင်း ဘာကြောင့် ဖြစ်တာလဲ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးပေါင်ကျတာက ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေ ထွက်ရှိလာတာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းတွေနဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ ထွက်ရှိလာပါတယ်။ ဒီဟော်မုန်းက သွေးကြောနံရံတွေကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း နဲ့ပတ်သက်ပြီး သိထားဖို့ လိုမယ့် ဗဟုသုတလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ယောက်ျားဖောင်စီး၊ မိန်းမ မီးနေဆိုတဲ့ စကားလေးရှိပါတယ်။ အမျိုးသမီးတစ်ဦးအတွက် မီးနေကာလ (ကလေးမွေးဖွားစဉ်ကာလ)ဟာ အရေးကြီးသလို ကိုယ်ဝန်ဆောင်ကာလဟာလည်း အထူးဂရုတစိုက်ကြည့်ရှုပေးရမယ့် အချိန်လေးပါပဲ။ ဒီအချိန်ကာလမှာ ကျန်းမာရေးပြဿနာ အကြီးအသေးမျိုးစုံနဲ့ ရင်ဆိုင်ရနိုင်တာမို့ ဒီပြဿနာတွေထဲကမှ ဝမ်းချုပ်ခြင်းပြဿနာအကြောင်းကို ဆွေးနွေးမျှဝေပေးပါရစေ။ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်း အဖြစ်များသလား။ ဘာလို့ ဖြစ်ရတာလဲ။ ကိုယ်ဝန်ဆောင်အမျိုးသမီး ထက်ဝက်လောက်ဟာ ကိုယ်ဝန်ရှိစဉ်ကာလတစ်ချိန်ချိန်မှာ ဝမ်းချုပ်ခြင်းပြဿနာနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒါကြောင့် အဖြစ်များတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ဝမ်းချုပ်စေတဲ့ အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ ပထမဆုံးတစ်ချက်ကတော့ ပရိုဂျက်စတီရုန်း (progesterone) လို့ခေါ်တဲ့ ဟော်မုန်းထွက်ရှိမှု များပြားလာခြင်းကြောင့်ပါ။ ဒီဟော်မုန်းဟာ အစာအိမ်နဲ့ အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပိုမိုပြေလျှော့စေပါတယ်။ ယေဘုယျအားဖြင့် အူလမ်းကြောင်းထဲက အစာတွေ တစ်နေရာကနေ နောက်ထပ်တစ်နေရာကို ရွေ့လျားနိုင်စေဖို့ အူမှာရှိတဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ကဘာလဲ။ ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်းသည် စူးပြီးနာခြင်း သို့မဟုတ် ဆတ်ခနဲနာခြင်းမျိုးဖြစ်ပြီး ဗိုက်အောက် သို့မဟုတ် ပေါင်ခြံကြားတစ်ဖက်သို့မဟုတ်နှစ်ဖက်လုံးတွင်ဖြစ်တတ်သည်။ ထိုအခြေအနေသည် အဖြစ်အများဆုံးပြောပြချက်ဖြစ်ပြီး ကိုယ်ဝန်ဆောင်ခြင်း၏ပုံမှန်အပိုင်းတစ်ခုတွင်ပါသည်။ ဒုတိယကိုယ်ဝန်ကာလတွင်ပိုဖြစ်တတ်သည်။ Round ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများRound ligament pain during pregnancy (ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်ဝိုင်းမှနာခြင်းသည် စိတ်မသက်သာဖြစ်စေသည်။ သို့သော် ကိုယ်ဝန်ဆောင်ခြင်း၏ပုံမှန်အပိုင်းဟုယူဆ၍ရသည်။ ကိုယ်ဝန်ဆောင်ချိန် သားအိမ်ထိန်းအရွတ်မှနာခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့ ရုတ်တရပ် ဗိုက်တွင် စူးပြီးအောင့်ခြင်းဖြစ်သည်။ များသောအားဖြင့်ညာဘက်တွင်ဖြစ်သော်လည်း နှစ်ဖက်လုံးတွင်ဖြစ်နိုင်သည်။ စက္ကန့်အနည်းငယ်သာကြာတတ်သည်။ လေ့ကျင့်ခန်းလုပ်ချင်းကြောင့်နာနိုင်သကဲ့လို့ လျှင်မြန်သောလှုပ်ရှားမှု ဥပမာ နှာချေခြင်း ချောင်းဆိုးခြင်း ရယ်ခြင်း အိပ်ရာတွင်လှိမ့်နေခြင်း မတ်တတ်အမြန်ရပ်လိုက်ခြင်း ကြောင့်လဲဖြစ်နိုင်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်