ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ပျက်ကျပြီးနောက် သိထားသင့်တာလေးတွေ။ ။

ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ သားသမီးလိုချင်နေတဲ့ မိခင်တိုင်းအတွက် ဆုံးရှုံးမှုကြီးတစ်ခုပါ။ ဒါပေမယ့် ရှောင်လွဲလို့မရဘဲ ဒီလို ကိုယ်ဝန်ပျက်ကျတဲ့အဖြစ်မျိုးကြုံတွေ့ပြီးနောက် ကိုယ်ခန္ဓာမှာ ဘာတွေ ပြောင်းလဲသလဲဆိုတာလေးတွေ သိထားဖို့လိုပါတယ်။ ဒါမှ ဒါတွေက ကိုယ်ဝန်ပျက်ကျပြီး ပုံမှန်ကြုံရတတ်တာလား။ အခြား ဘာပြဿနာများ ရှိနေလားဆိုတာလေးတွေ ခွဲခြားနိုင်မှာဖြစ်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီး ဘယ်လောက်ဆို ပုံမှန် ပြန်ဖြစ်သွားမှာလဲ။ ကိုယ်ဝန်ပျက်ကျတာကနေ ကိုယ်ခန္ဓာပုံမှန်ပြန်ဖြစ်ဖို့ဆိုတာ သင်ဘယ်နှစ်ပတ်နဲ့ ကိုယ်ဝန် ပျက်ကျခဲ့လဲဆိုတဲ့အပေါ်မူတည်ပါတယ်။ အရေးကြီးဆုံးကတော့ကိုယ်ဝန်ပျက်ကျပြီး သားအိမ်ထဲမှာ သန္ဓေသား အကြွင်းအကျန်တွေ မကျန်ခဲ့ဖို့ပဲ ဖြစ်ပါတယ်။ သွေးဆင်းတာ သက်သောင့်သက်သာမရှိတာတွေလည်း ကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း ၂ ပတ်လောက်အထိ မိန်းမကိုယ်က သွေးဆင်းတာမျိုးတွေ ကြုံတွေရတတ်ပါတယ်။ အဲဒီ အချိန်သိရမှာတွေကတေ့ အမျိုးသမီးလစဉ်သုံး ပစ္စည်း padကိုသုံးပါ။ တမ်ပွန် မသုံးပါနဲ့။ တစ်ခါတစ်ရံ ဗိုက်အောင့်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သွေးဆင်းတာမရပ်ခင် အမျိုးသားနဲ့ အတူနေတာ၊ ရေဆင်းကူးတာမျိုးတွေ မလုပ်ပါနဲ့။ ဆရာဝန်ဆီချက်ချင်းသွားဖို့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် ရေမြွှာရည်နည်းရင်

ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် တွေတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်ရေမြွှာရည်နည်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါရစေ။ မေမေတိုင်းကြုံရတာမဟုတ်ပေမယ့် တကယ်လို့များဆိုတဲ့အခြေအနေအတွက်ကာကွယ်နိုင်စေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်ပြဿနာကင်းစေဖို့ ဂရုစိုက်သင့်တဲ့ စားသောက်နေထိုင်မှုပုံစံလေးကို မျှဝေပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ရေမြွှာပြဿနာ ကိုယ်ဝန်ဆောင်ချိန်မှာကြုံရနိုင်တဲ့ရေမြွှာပြဿနာတွေက ရေမြွှာရည်များလွန်းခြင်း ရေမြွှာရည်နည်းလွန်းခြင်း ရေမြွှာရည်ပိုးဝင်ကူးစက်ခြင်း စတဲ့ပြဿနာတွေပါ။ ရေမြွှာရည်နည်းရင် ကလေးကို ဘယ်လိုထိခိုက်စေနိုင်လဲ...... ရေမြွှာရည်နည်းရင် ဗိုက်ထဲကဘေဘီလေးကို အခုလိုမျိုးတွေထိခိုက်စေနိုင်ပါတယ်။ ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ် ကလေးရဲ့ခြေလက်ဖွံ့ဖြိုးမှုထိခိုက်စေနိုင်တယ် ကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ် အစာခြေစနစ် ဖွံ့ဖြိုးမှုထိခိုက်စေနိုင်ပါတယ်။ ရေမြွှာရည်မနည်းစေဖို့ လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်မနည်းချင်ဘူးဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။ ရေများများသောက်ပါ - ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။ အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ - ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ - အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကိုဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးပြီးရေမြွှာရည်နည်းတာမျိုးမဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။ ကဖင်းရှောင်ပါ - ကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။ ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ

ရောဂါတစ်ခုခုခံစားနေရရင် ကိုယ်ဝန်ဆောင်တဲ့အခါ မွေးလာမယ့် ကလေးကို ထိခိုက်မလား၊ ကိုယ်ဝန်ရောဆောင်လို့ရပါ့မလားဆိုပြီး စိတ်ပူတတ်ကြတာ အမျိုးသမီးတိုင်းနီးပါးပါ။ မေမေဖြစ်ချင်ပေမယ့် အတက်ရောဂါရှိနေလို့ မေမေဖြစ်ခွင့်ရပါ့မလားလို့ တွေးနေတဲ့ မေမေတို့အနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။ အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါဦးနော်။ အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ အတက်ရောဂါရှိတဲ့ မေမေကိုယ်ဝန်ဆောင်တဲ့အခါ သိထားသင့်တာလေးတွေက အမျိုးသမီးများနဲ့ အတက်ရောဂါ အတက်ရောဂါက အမျိုးသမီးတွေအနေနဲ့ မပေါ့သင့်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အတက်ရောဂါကို ခံစားရပုံချင်းက အမျိုးသမီးတစ်ဦးနဲ့ တစ်ဦးမှာလည်း မတူတတ်ကြပြန်ပါဘူး။ တစ်ခါတလေမှာ အတက်ရောဂါက ကိုယ်တွင်းက ဟော်မုန်းပမာဏ၊ ရာသီစက်ဝန်း၊ ကိုယ်ဝန်ဆောင်ကာလ၊ သွေးဆုံးချိန်တွေပေါ်မှာလိုက်ပြီး ကွာခြားနိုင်ပါတယ်။ အတက်ရောဂါရှိသူတွေ ကိုယ်ဝန်ဆောင်လို့ရလား။ အတက်ရောဂါရှိသူ အမျိုးသမီးအများစုက ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ဒါပေမယ့် သာမန်အမျိုးသမီးတွေထက်စာရင်တော့ အန္တရာယ်များတာပေါ့။ အတက်ရောဂါကြောင့် မိခင်ကျန်းမာရေးကို ထိခိုက်နိုင်သလို ဘေဘီလေးရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒီလိုဆိုတာနဲ့ […]


ကိုယ်ဝန်ဆောင်ကာလ

ကိုယ်ဝန်ဆောင်မေမေ မူးယစ်ဆေးသုံးမိတဲ့အခါ

ကိုယ်ဝန်ဆောင်ချိန်ကဆောင်ရရှောင်ရများတဲ့ကာလပေါ့။မေမေအတွက်ရောဘေဘီလေးအတွက်ရော အရာရာဆင်ခြင်နိုင်မှတော်ကာကျမှာလေ။ ဒီလိုအခြေအနေမှာ ကဖင်းပါတာတောင်သောက်ဖို့သတိထားနေရတာပါ။ ဒီလိုအချိန်မှာများမေမေက မဆင်မခြင်နဲ့ စိတ်အလိုလိုက်ပြီးဆေးလိပ်အပါအဝင် မူးယစ်ဆေးတစ်မျိုးမျိုးကို သုံးမိတယ်ဆိုရင်ဖြစ်လာနိုင်တဲ့ အကျိုးဆက်ကတော်တော်များပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေအနေနဲ့ မူးယစ်ဆေးသုံးမိတဲ့အခါဖြစ်လာနိုင်တဲ့ အကျိုးဆက်လေးတွေအကြောင်းပြောပြပေးပါရစေ။ မေမေတစ်ယောက်ဖြစ်လာပြီဆိုရင် မေမေတစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ်တိုင်ကျန်းမာဖို့အတွက်ရော ဗိုက်ထဲကဘေဘီလေး ကျန်းမာဖို့အတွက်ပါ အစားအသောက် အနေအထိုင်ကအစ အစစအရာရာသတိထားရပါတယ်။ ဒီလိုသတိထားနိုင်မှ မိခင်ရောကလေးပါ အန္တရာယ်ကင်းပြီး ကျန်းမာမှာလေ။ ဒီလိုအတိမ်းအစောင်းမခံတဲ့အချိန်မှာ မူးယစ်ဆေးသုံးမိမယ်ဆိုရင် အကျိုးဆက်က ဘယ်လောက်ထိဆိုးလိုက်မလဲ။ ကိုယ်ဝန်ဆောင်မေမေ မူးယစ်ဆေးသုံးမိတဲ့အခါ ကိုယ်ဝန်ဆောင်ချိန်မှာ မူးယစ်ဆေးသုံးတာက သန္ဓေသားကို တိုက်ရိုက်ထိခိုက်စေနိုင်ပါတယ်။မေမေကဆေးလိပ်သောက်မယ်၊ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုသောက်မယ်ဆိုရင် ဗိုက်ထဲက ကလေးလေးကို ထိခိုက်စေမှာ အသေအချာပါ။ ကိုယ်ဝန်ဆောင်ချိန်က မူးယစ်ဆေးမပြောနဲ့ ကဖင်းနဲ့ အချိုရည်တွေကိုတောင်ရှောင်သင့်တာပါ။မွေးလာမယ့်ကလေးမျာမွေးရာပါထိခိုက်မှုတွေဖြစ်နိုင်သလို လမစေ့ဘဲမွေးတာ၊ပေါင်မပြည့်ဘဲမွေးတာအပါအဝင် ကလေးပျက်ကျတာ၊ အသေလေးမွေးတာ၊ အချင်းကွာကျတာမျိုးဖြစ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ မိခင်ရော ကလေးပါ အသက်ဆုံးရှုံးရတာပါ။ အရက်သောက်တဲ့ မိခင်ကမွေးဖွားလာတဲ့ ကလေးငယ်တွေက အပြုအမူပိုင်းဆိုင်ရာပြဿနာတွေရှိနေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေဆေးခြောက်သုံးရင်....... ကိုယ်ဝန်ဆောင်မေမေဆေးခြောက်သုံးတဲ့အခါ အချင်းကနေတဆင့်ဘေဘီလေးဆီရောက်သွားနိုင်ပါတယ်။ဆေးခြောက်ကိုရှုမယ်ဆိုရင်လည်း ကလေးဆီကိုထောက်ပံ့ပေးတဲ့အောက်ဆီဂျင်ကနေတဆင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ

ကိုယ်ဝန်စရှိလာတည်းက မေမေတို့ရဲ့ ကိုယ်ခံအားစနစ်က ပြောင်းလဲလာလေ့ ရှိပါတယ်။ ဒီလို ပြောင်းလဲလာတာကြောင့်ပဲ မေမေဗိုက်တို့မှာ အအေးမိ၊ ချောင်းဆိုးဝေဒနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေက အကြာကြီးတော့ မဟုတ်ပါဘူး။ နောက်ထပ်သတင်းကောင်း တစ်ခုက မေမေတို့ နေမကောင်းဖြစ်လို့ ပင်ပန်းနွမ်းလျနေရင်တောင် အအေးမိ၊ ချောင်းဆိုး လက္ခဏာတွေက ဗိုက်ထဲက ဘေဘီအတွက် အန္တရာယ် မရှိနိုင်ပါဘူးတဲ့။ ဆရာဝန်ပြပြီး ထိုက်သင့်တဲ့ ကုသစောင့်ရှောက်မှုကို ခံယူဖို့တော့ လိုတာပေါ့လေ။ ဒီတစ်ခေါက်တော့ မေမေဗိုက်တို့ ချောင်းဆိုးလာတဲ့အခါ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိ၊ ချောင်းဆိုးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ ကိုယ်ဝန်ဆောင်ကာလမှာ အအေးမိတာ ဖျားနာ၊ ချောင်းဆိုးတာတွေ ဖြစ်လာရင် သူများတွေလို ဆေးအလွယ်သောက်လို့ မရတာ မမေ့ပါနဲ့နော်။ နောက်ပြန်သက်သာတယ်ပဲထား နေမကောင်းလိုက်တာနဲ့ လူကအားနည်းသွားပြီဆိုတော့ ကလေးအတွက် အာဟာရတွေ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း

ကိုယ်ဝန်ဆောင်ချိန်က မိခင်ရော ကလေးပါ ကျန်းမာဖို့ လိုတာကြောင့် ပေါ့ပေါ့ဆဆ နေလို့ မဖြစ်ပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတို့ သိထားဖို့ လိုမယ့် ရေမြွာရည်ကို ပိုးဝင်ကူးစက်တဲ့ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ ကဲ .... ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ဆိုတာ ဘာလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ ရေမြွာ ဆိုတာ ရေမြွာ ဆိုတာက အရည်တွေနဲ့ ပြည့်နေတဲ့ အိတ်လေးပါ။ ရေမြွာအိတ်ကလေးက ဘေဘီလေး အတွက် အိမ်ကလေးပေါ့။ ဘေဘီလေးရဲ့ ရှင်သန်ကြီးထွားမှုကို ထောက်ပံ့ပေးနေတဲ့ စနစ်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ ရေမြွာရည်တွေက သားအိမ်ထဲက သန္ဓေသား လေးကို ဖုံးလွှမ်းပေးထားပါတယ်။ ရေမြွာအိတ်ဟာ တစ်ခါတလေမှာ အရည် နည်းလွန်းတာတွေ၊ များလွန်းတာတွေ ဖြစ်တတ်ပြီး ဒါတွေက အချင်းကို ပိုးဝင်စေပါတယ်။ ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ရေမြွာရည်ပိုးဝင်ကူးစက်ခြင်း ဆိုတာက သန္ဓေသား၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး

ကိုယ်ဝန်ဆောင်ချိန်က ခန္ဓါကိုယ်မှာရောဂါတွေအလွယ်တကူဝင်ရောက်လာနိုင်တဲ့ အချိန်တစ်ခုပါပဲ။ ဒီလို ကိုယ်ဝန်ဆောင်ချိန်မှာ အနေအထိုင် အစားအသောက်ကိုသေချာဂရုမစိုက်ဘူးဆိုရင်မေမေရောဘေဘီလေးကိုပါထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင်မေမေတိုင်း သတိထားသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုးကိစ္စလေးကိုပြောပြပေးပါရစေနော်။ သွေးတိုးဆိုတာ သွေးတိုးဆိုတာကသွေးကြောနံရံတွေအပေါ်မှာ သက်ရောက်နေတဲ့သွေးဖိအားပုံမှန်ထက်များနေတဲ့ အခြေအနေပါ။ နှလုံးကသွေးကြောတွေဆီကိုသွေးကို ညှစ်ထုတ်ပေးပြီးသွေးကြောတွေကသွေးတွေကို ခန္ဓါကိုယ်အနှံ့ကို သယ်ပို့ပေးပါတယ်။သွေးတိုးဖြစ်တဲ့အခါမှာတော့သွေးကြောတွေထဲမှာရှိနေတဲ့ ဖိအားတွေက ပုံမှန်ထက်ပိုများနေတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်နေတာပါ။ မပေါ့ဆသင့်တဲ့ ကိုယ်ဝန်ဆောင်သွေးတိုး ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့သွေးပေါင်ချိန်ထက်တွေထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ မိခင်က ကိုယ်ဝန်ဆောင်ချိန်မှာသွေးတိုးရောဂါ ခံစားရမယ်ဆိုရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေများနိုင်သလိုမေမေရော ကလေးအတွက်ပါ စိုးရိမ်ရပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိတောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင်သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီလို့ပြောလို့ရပါတယ်။ ကိုယ်ဝန်ဆောင်သွေးတိုးဆိုတဲ့နေရာမှာလည်း သွေးတိုးရောဂါအခံရှိတာ - ကိုယ်ဝန်မဆောင်ခင်ကတည်းကသွေးတိုးရှိနေတဲ့ အခြေအနေ Chronic hypertension with superimposed […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်သွေးတိုး ကို ဒီလိုသက်သာအောင်လုပ်ပါ

ကိုယ်ဝန်ဆောင်ချိန်က အခြားကာလတွေလို မဟုတ်ပါဘူး။ လုံးဝကို အတိမ်းအစောင်းမခံတဲ့အချိန်ပါ။ နဂိုက သွေးတိုးရှိပြီး ကိုယ်ဝန်ဆောင်နေရရင်ပဲဖြစ်ဖြစ်၊ ကိုယ်ဝန်ဆောင်မှ သွေးတိုးလာရင်ပဲ ဖြစ်ဖြစ် ဂရုစိုက်ဖို့ လိုပါတယ်၊၊ ကိုယ်ဝန်ဆောင်သွေးတိုး ကြောင့် စိတ်မညစ်ရစေဖို့ ဒီနည်းလေးတွေကို အဆင်ပြေစေမှာပါနော်။ ကိုယ်ဝန်ဆောင်သွေးတိုး ဆိုတာ ကိုယ်ဝန်ဆောင်သွေးတိုးဆိုတာက ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ သွေးပေါင်ချိန်ထက်များနေတဲ့ အခြေအနေတစ်ရပ်ပါ။ ကိုယ်ဝန်ဆောင်ကာလ အပတ် ၂၀နောက်ပိုင်းမှာဖြစ်လာတဲ့ လက္ခဏာတစ်ခုပါ။ ဒီကာလကနေ ကိုယ်ဝန်မွေးဖွားတဲ့အချိန်ထိ တောက်လျှောက်ခံစားရမယ့် အခြေအနေတစ်ရပ်ပေါ့။ ကိုယ်ဝန်ဆောင်ချိန်သွေးတိုးရှိနေပြီဆိုရင် သွေးပေါင်ချိန်ကြည့်တဲ့အခါ အပေါ်သွေးက ၁၄၀ mmHg ရှိနေပြီး အောက်သွေးက ၉၀ mmHg ရှိနေနိုင်ပါတယ်။ ဒီအခြေအနေက အမြဲလိုလိုဖြစ်နေမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်သွေးတိုးရှိနေပြီဆိုတာသေချာနေပါပြီ။ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ ကိုယ်ဝန်ဆောင်သွေးတိုး က ကိုယ်ဝန်ဆောင်တိုင်းမှာဖြစ်တယ်တော့မဟုတ်ပါဘူး။ အခုပြောပြမယ့်သူတွေကတော့ ကိုယ်ဝန်ဆောင်သွေးတိုးခံစားရနိုင်ခြေမြင့်နေသူတွေပါနော်။ ပထမဆုံး ကိုယ်ဝန်ဆောင်တဲ့မေမေတွေ မိခင်နဲ့ အစ်မတော်စပ်သူတွေက ကိုယ်ဝန်ဆောင်သွေးတိုးခံစားဖူးတဲ့မေမေတွေ အမြွှာကိုယ်ဝန်ဆောင်ထားရတဲ့မေမေတွေ အသက် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း ။ ။

မိန်းမကိုယ်ကဆင်းတဲ့ အရည်တွေက ပြောပြနေတဲ့ သင့်ကိုယ်ဝန်အကြောင်း ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ မိန်းကလေးတွေရဲ့ မိန်းမကိုယ်ဆိုတာ ခြောက်သွေ့နေရင် စိုးရိမ်ရပါတယ်။ သဘာဝအရ တစ်ချိန်လုံး စိုထိုင်းဆရှိတဲ့ နေရာတစ်ခုပါ။ ကျန်းမာတဲ့ မိန်းမကိုယ်တစ်ခုကနေ အရည်တွေ ပုံမှန် ဆင်းလေ့ရှိပါတယ်။ အပျိုဖော်ဝင်စကနေပြီးတော့ အသက်တော်တော်ကြီးတဲ့အထိပေါ့။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်ချိန်မှာ ဆင်းတဲ့ မိန်းမကိုယ်က အရည်တွေအကြောင်းကို ပြောပြချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဆို ရာသီသွေးသာ ထိမ်သွားပေမယ့် အခြား ပုံမှန်ဆင်းတတ်တဲ့ အရည်တွေရှိပါသေးတယ်။ သူတို့အကြောင်းကို လေ့လာကြည့်ရအောင် ။ ။ ကိုယ်ဝန်ဆောင်ချိန် မိန်းမကိုယ်ကနေ ပုံမှန် ဆင်းတတ်တဲ့ အရည်ဆိုတာ ဘယ်လိုမျိုးလဲ။ ။ ကိုယ်ဝန်ရဲ့ အစောပိုင်း လက္ခဏာတွေထဲမှာ မိန်းမကိုယ်ကနေ အရည်ဆင်းတာ တစ်ခု အပါအဝင်ပါ။ ပုံမှန်ဆိုရင် မိန်းမကိုယ်ကနေ အရည်များများဆင်းပြီး ဆေးပညာမှာဆို leukorrhea လို့ခေါ်တဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ရင့်လာပြီး မီးဖွားခါနီးလေလေ အသက်ရှူရခက် လာလေလေ ဖြစ်ရတာ ဘာ့ကြောင့်လဲ ။ ။

ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတော်တော်များများသိကြမှာပါ။ ကိုယ်ဝန်ရင့်လာလေလေ ကိုယ်ခန္ဓာပေါ်က တချို့အရာတွေ ပြောင်းလဲလာလေလေဆိုတာမျိုးကို။ ကိုယ်အလေးချိန်၊ မိန်းမကိုယ်က အဖြူဆင်းတာတွေ၊ ခြေထောက်ဖောရောင်တာတွေ အပြင် အသက်ရှူရခက် တာကလည်း လရင့်နေတဲ့ ကိုယ်ဝန်ဆောင်တိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။ ဒီလို အသက်ရှူရခက်တာ ဘာကြောင့်ဖြစ်ရတာလဲ။ စိုးရိမ်ရလား ။ ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ အသက်ရှူရခက်တာ ပုံမှန် ဖြစ်နေကျ အရာတစ်ခုပါ။ ကြီးလာတဲ့ ဗိုက်ထဲက ရင်သွေးလေးက အသက်ရှူတဲ့နေရာ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ရင်ဝမ်းခြား အမြှေး diaphragm ကို သွားဖိတဲ့အခါ အသက်ရှူုရခက်သလို ကိုယ်ဝန်ဆောင်ချိန် ထွက်နေတတ်တဲ့ ပရိုဂျက်စတုန်းဟော်မုန်းကြောင့်လည်း အသက်ရှူရ ကြပ်တတ်ပါတယ်။ ဒါတွေက ကိုယ်ဝန်ရင့်လာတဲ့အခါ ဖြစ်နေကျဆိုရမယ့် ပြဿနာတွေပါ။ ကိုယ်ဝန်ရင့်လာတဲ့အခါ အသက်ရှူခက် တာ ပုံမှန် ပြဿနာတစ်ခုဆိုပေမယ့် ခုပြောပြမယ့် ပြဿနာတွေရှိရင်တော့ စိုးရိမ်စရာရှိပါတယ်။ နဂိုပန်းနာရင်ကြပ်ရောဂါ ရှိတဲ့သူတွေ ကိုယ်ဝန်က ပန်းနာရင်ကြပ်ရောဂါကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်