ကိုယ်ဝန်ကြောင့် ဆီးချိုတက်နေတဲ့ ဝေဒနာခံစားရတဲ့ အမျိုးသမီးတွေဟာ တစ်ချိန်တည်းမှာပဲ သွေးပေါင်ပါ ဆက်တက်နိုင်တဲ့အတွက် ကိုယ်ဝန်ဆိပ်တက်တဲ့ ဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ အချိန်မတိုင်ခင် မီးဖွားစေနိုင်သလို အခန့်မသင့်ရင် သွေးခဲတဲ့ ဝေဒနာကိုပါ ခံစားရစေပြီး မိခင်ကိုလေဖြတ်စေနိုင်ပါတယ်။
- Shoulder Dystocia ကလေးပခုံးတစ်နေခြင်း
တက်နေတဲ့ ဆီးချိုကြောင့် များလာတဲ့ သွေးတွင်းသကြားဓာတ်တွေဟာ အချင်းကနေဖြတ်ပြီး ကလေးဆီကို ရောက်ကုန်တဲ့အတွက် ဗိုက်ထဲက ရင်သွေးလေးဟာ ပုံမှန်ထက်ပိုပြီး ကြီးထွားနေရတာဖြစ်ပါတယ်။ အထူးသဖြင့် ကလေးပခုံးနဲ့ ဗိုက်တို့လို နေရာမျိုးတွေက ပိုကြီးနေတတ်ပြီး မီးဖွားတဲ့အခါ မွေးရခက်တတ်ပါတယ်။ ဒါကြောင့်လည်း ခွဲမွေးရတတ်ပါတယ်။
ဆီးချိုရှိသူ အမျိုးသမီးတွေက မရှိသူတွေထက်စာရင် နေ့မစေ့ လမစေ့ မွေးနိုင်ခြေ ပိုများပါတယ်။ နေ့မစေ့ လမစေ့ မွေးတဲ့အတွက် ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေ (အထူးသဖြင့် အဆုတ်က) ကောင်းကောင်း မဖွံ့ဖြိုးသေးတာကြောင့် နောက်ဆက်တွဲ ပြဿနာတွေ ခံစားရနိုင်ပါတယ်။
ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကလေးအသေမွေးတာလည်း ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဆီးချိုကောင်းကောင်း မထိန်းနိုင်ရင်ပါ။
- ကလေးမှာ သွေးတွင်းသကြားဓာတ်နည်းခြင်း
အမေ့ရဲ့ တက်နေတဲ့ သွေးတွင်းသကြားဓာတ်တွေက ကလေးဆီကို ရောက်သွားတဲ့အတွက် ကလေးရဲ့ ပန်ကရိယက အင်ဆူလင်တွေ အများကြီး ထုတ်ပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းဖို့ ကြိုးစားပါတယ်။ မွေးလည်းပြီးရော အမေ့ဆီက သကြားဓာတ်က ကလေးဆီ မရောက်တော့ပေမယ့် အင်ဆူလင်က များနေသေးတာကြောင့် သွေးတွင်းသကြားဓာတ် ထိုးကျသွားတတ်ပါတယ်။
ဒါဆို ကိုယ်ဝန်ကြောင့် ဆီးချိုဖြစ်လာပြီဆိုတာနဲ့ ဒါတွေ အားလုံး အကုန်ဖြစ်တော့မှာလား။ ။
အပေါ်မှာ ပြောခဲ့တဲ့ ဆိုးကျိုးတွေက သွေးတွင်းသကြားဓာတ်ကို သေချာ မထိန်းမှသာ ဖြစ်လာနိုင်တာတွေပါ။ ကိုယ်ဝန်ဆောင်ဆီးချိုက တခြားဆီးချိုရောဂါတွေလိုပါပဲ။ ဆေးဝါးတွင် အစားအသောက်တွေနဲ့ပါ ထိန်းရတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရှိတယ်ဆိုရင် ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းထားဖို့ အရေးကြီးပါတယ်။ ဒါမှ နောက်ဆက်တွဲ ဆိုးကျိုးတွေ မဖြစ်မှာပါ။
ကိုယ့်မှာ ကိုယ်ဝန်ကြောင့် ဆီးချိုတက်နေကြောင့် ဘယ်လိုသိနိုင်မှာလဲ ။ ။
ကိုယ်ဝန်ကြောင့် ဆီးချိုတက်တာက တခြားဆီးချိုတွေကိုပဲ လက္ခဏာမပြတတ်ပါဘူး။ ဒါကြောင့် ကိုယ်ဝန်အပ်တဲ့အခါ၊ ရက်ချိန်းပြတဲ့အခါ သွေးတငွင်းသကြားဓာတ်ကို စစ်ကြည့်တာပါ။ ဒါပေမယ့် လက္ခဏာပြခဲ့မယ်ဆိုရင်တော့
- ရေငတ်ခြင်း
- အာခြောက်ခြင်း
- ဆီးခဏခဏသွားခြင်း
- မောပန်းခြင်း
- မှက္ခရုကဲ့သို့ ရောဂါမကြာခဏဖြစ်ခြင်း
- အချိုတွေ စားချင်နေခြင်း စတာတွေ ခံစားရမှာပါ။
အကောင်းဆုံးကတော့ ကိုယ်ဝန်ရှိနေပြီဆိုတည်းက ဆရာဝန်ဆီမှာ သေချာအပ်ပြီး ကိုယ်ဝန်ရော မိခင်ရဲ့ ကျန်းမာရေးကိုရော တစ်လပြီးတစ်လ စောင့်ကြည့်စစ်ဆေးနေတာ အကောင်းဆုံးပါ။ ပြဿနာတစ်စုံတစ်ရာရှိလာခဲ့ရင်လည်း ဆေးကုသမှု လက်ဦးထားလိုက်ရင် အဆိုးဆုံးတွေ ဖြစ်လာတော့မှာ မဟုတ်တဲ့အတွက်ကြောင့် ကိုယ်ဝန်ရှိပြီဆိုတည်းက သက်ဆိုင်ရာ သားဖွားဆေးခန်းတွေမှာ သေချာ ဗိုက်အပ်သင့်ပါတယ်။ ။
ရေးသားသူ− Dr Thin Yadanar @ Frances
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။