backup og meta

ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ သင့်ရင်သားအကြောင်း ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ သင့်ရင်သားအကြောင်း ။ ။

    ကိုယ်ဝန်ဆောင်ချိန် ရောက်ပြီဆိုတာနဲ့ မိန်းမသားတို့ ကိုယ်ခန္ဓာမှာ အစစ အရာရာ ပြောင်းလဲလာပါတယ်။ ကိုယ်ဝန်ဆိုတာကလည်း ကိုးလလွယ် ဆယ်လဖွားဆိုတော့ တစ်နှစ်နီးပါးလောက်ရှိတဲ့ အချိန်ကာလကြီးထဲမှာ အသိသာဆုံး ပြောင်းလဲမှုတွေက ဘာတွေဖြစ်မလဲ။ ကြည့်လိုက်တာနဲ့တန်းသိနိုင်တဲ့ ကိုယ်ပေါ်က ပြောင်းလဲမှုတွေကတော့ ပူထွက်နေတဲ့ ဗိုက်သားလေးတွေနဲ့ တင်းရင်းပြီး ကြီးထွားနေတဲ့ ရင်သားတို့ပဲ ဖြစ်ပါတယ်။ ကလေးရှိလို့ ပူထွက်လာတဲ့ ဗိုက်အကြောင်းကို အထွေအထူးပြောစရာ မရှိတာကြောင့် ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ ရင်သားလေးတွေ အကြောင်း ပြောပြချင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် ပြောင်းလဲလာတဲ့ သင့်ရင်သားအကြောင်း ။ ။

    ကိုယ်ဝန်ဆောင်ချိန် ရင်သားမှာ ဘယ်လိုအပြောင်းအလဲလေးတွေဖြစ်လဲ။ ကိုယ်ဝန်ဆောင်ချိန် ရင်သား ပြောင်းလဲမှုတွေကတော့

    ရင်သားတွေကြီးထွားလာတယ် 

    ကိုယ်ဝန်ဆောင်ချိန်မှာ ကြီးလာတာ ဗိုက်တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ဝန်သက် ၆ပတ်လောက်မှာ နို့ချောင်း တွေနဲ့ နို့ဂလင်းတွေ ဖွံ့ဖြိုးဖို့  ရင်သားမှာ အဆီပြင်တွေ ကြီးထွားလာပြီး သွေးလည်ပတ်မှုတွေ ကောင်းနေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကိုယ်ဝန် ၁ လကျော်လာပြီဆိုတာနဲ့ ရင်သားကြီးလာရတာဖြစ်ပါတယ်။

    ရင်သားတွေ လေးလာတယ်

    သွေးလည်ပတ်မှုများလာတာရယ် စုလာတဲ့ အဆီတွေ အပြင်တွေရယ် အပြင် ကိုယ်ဝန်ဆောင်ချိန်ဆို ထွက်လာတဲ့ ပရိုဂျက်စတုန်း နဲ့ အီစထရိုဂျင် ဟော်မုန်းတွေကြောင့် ကိုယ်တွင်းမှာ အရည်တွေ စုလာပြီး ကိုယ်အလေးချိန် တက်လာပါတယ်။ ရင်သား သီးသန့်မှာတောင် ၂ ပေါင်တက်လာတဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်ဆို ရင်သားကြီး လေးနေရတာ ဖြစ်ပါတယ်။

    ရင်သားတွေ တင်းပြီးနာပါတယ်

    ဟော်မုန်းကြောင့် တင်းလာတဲ့ အဆီပြင်ကြောင့်ရော၊ ဖွံဖြိုးလာတဲ့ နို့ကြောင်းတွေကြောင့်ရော ရင်သားတွေ ကြီးလာပြီး ရင်ဘတ်က အကြောတွေကို သွားဖိတာကြောင့် ကိုယ်ဝန်သည်တွေ ရင်သား တင်းပြီးနာကျင်တဲ့ ဝေဒနာကိုခံစားရတာဖြစ်ပါတယ်။

    သွေးကြောတွေမြင်နေရပါတယ်

    သွေးလည်ပတ်မှု ကောင်းနေတာကြောင့်ရယ် ၊ ဟော်မုန်းတွေရဲ့ အရှိန်ကြောင့်ရယ် ကိုယ်ဝန်ဆောင်ချိန်ဆို ရင်သားမှာ သွေးကြောတွေ ပေါ်နေတာကို မြင်ရပါတယ်။

    နို့သီးခေါင်းတွေ မဲပြီးကျယ်လာပါတယ်

    ကိုယ်ဝန်ဆောင်ချိန်ဆို ထွက်လာတဲ့ အီစထရိုဂျင်ဟော်မုန်းကြောင့် နို့သီးခေါင်းပတ်လည် အရောင်ရင့်လာတတ်ပါတယ်။ ဒါ့အပြင် ဘေးပတ်လည်မှာ အဆီအဖုသေးသေးလေးတွေ ထွက်လာပြီး နို့သီးခေါင်းပတ်လည် ခြောက်သွေ့ကွဲအက်ခြင်းကို တားဆီးပေးပါတယ်။

    အကြောပြတ်ရာတွေလည်း ရှိနိုင်ပါတယ်

    ကြီးလာတဲ့ နို့အုံကြောင့် ရင်သား အရေပြားတွေ တင်းလာတဲ့အပြင် အကြောတွေလည်း ပြတ်လာပါတယ်။

    ကလေးမွေးပြီးရင် ဒါတွေ အားလုံး ပြန်ပြောင်းလဲသွားပါတယ်။

    ဒီလို ကြီးလာတဲ့ ရင်သား အစုံဟာ ကလေးမွေးပြီး ဟော်မုန်းတွေ ပြန်ပြောင်းလဲသွားတာနဲ့ ကိုယ်ဝန်မရှိခင်တုန်းက အရင်ရင်သားပုံစံပဲ ပြန်သေးသွားမှာပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 01/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement