နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

    ကိုယ်ဝန်ရှိတဲ့ မေမေတိုင်း စိတ်ပူကြတဲ့ အရာတွေထဲက တစ်ခုက နေ့မစေ့ လမစေ့ ဘဲ မီးဖွားရမှာကိုပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်သက် ၃၇ ပတ်နောက်ပိုင်းမှာမီးဖွားမှ ကလေးက ပြင်ပမှာ ကောင်းကောင်းအသက်ရှင်နိုင်မှာ ဖြစ်တာကြောင့် မေမေတို့ စိတ်ပူရတာလည်း မမှားပါဘူး။ လမစေ့ မွေးတာမျိုးတွေ ရှိတယ်ဆိုတည်းက သူ့ကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေလည်း ရှိတာကြောင့်ပါ။ ဒီအကြောင်းတွေကို မေမေတို့ သိထားတော့ ကြိုတင်သတိထားလို့ ရတာပေါ့။

    နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

    နေ့မစေ့ဘဲ မီးဖွားရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် ဘယ်အကြောင်းကြောင်းဖြစ်ရတယ်ဆိုပြီး အတိကျတော့ မရှိပါဘူး။ အဓိက ဖြစ်ရတာကတော့ ရေမြွာအိတ် ပြဲသွား၊ ပေါက်သွားတာကြောင့် မီးဖွားလာချင်ရတာဖြစ်ပါတယ်။ အခြားဖြစ်နိုင်တဲ့ အကြောင်းအရင်းတွေအနေနဲ့ မိခင်ကြောင့်၊ ကိုယ်ဝန်ကိုယ်တိုင်ကြောင့်နဲ့ ကလေးကြောင့်ဆိုပြီး အုပ်စု ၃ ခုခွဲပြီး ပြောချင်ပါတယ်။

    မိခင်ကြောင့် နေ့မစေ့ လမစေ့ မီးဖွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

    • ကိုယ်ဝန်ဆိပ်တက်ခြင်း ( ကိုယ်ဝန်ဆောင်ချိန် သွေးတိုးခြင်း၊ )
    • မိခင်မှာ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါရှိခြင်း
    • group B streptococcus ရောဂါပိုးကြောင့် ဖြစ်တဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ မိန်းမကိုယ်ပိုးဝင်ခြင်း၊ ဗိုက်ထဲက သန္ဓေသားနဲ့ အချင်းဆီ ပိုးဝင်ခြင်း
    • ကိုကင်းမူးယစ်ဆေးစွဲနေခြင်း
    • မိခင်ရဲ့ သားအိမ်က ပုံမှန် မဟုတ်ခြင်း
    • မိခင် သားအိမ်ခေါင်း မလုံခြင်း ( ကိုယ်ဝန်တစ်လျှောက် သားအိမ်ခေါင်း မလုံခြင်း)
    • အရင်တုန်းကလည်း နေ့မစေ့ လမစေ့ဘဲ မီးဖွားခဲ့ဖူးခြင်း တွေဟာ မိခင်ကြောင့်ဖြစ်ရတဲ့ နေ့မစေ့လမစေ့ မီးဖွားရခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

    ကိုယ်ဝန် ကိုယ်တိုင်ကြောင့် ဖြစ်တဲ့ နေ့မစေ့ဘဲ မီးဖွားခြင်းများ

    • အချင်းက ပုံမှန် မဟုတ်ခြင်း
    • အချင်းရှေ့ရောက်နေခြင်း
    • အချိန်မတိုင်ခင် အချင်းကွာကျခြင်း
    • ရေမြွာရည် စောပေါက်ခြင်း
    • ရေမြွာရည်များလွန်းခြင်းတွေကြောင့် အချိန်မတိုင်ခင် မီးဖွားခြင်း တွေဖြစ်ရတာပါ။

    ဗိုက်ထဲက ရင်သွေးလေးကြောင့် ဖြစ်ရတဲ့ နေ့မစေ့ မီးဖွားရခြင်း အကြောင်းအရင်းများ

    • အမြွာရင်သွေးလေးများ
    • မိခင်နဲ့ကလေး အပေါင်းသွေး အနှုတ်သွေးမတူတာကြောင့် ကလေးရဲ့ သွေးနီဥများပျက်စီးသွားခြင်းကြောင့် နေ့မစေ့ လမစေ့ဘဲ ကလေးမီးဖွားခြင်းတွေ ဖြစ်နိုင်ပါတယ်။

    ဒါတွေကတော့ နေ့မစေ့ လမစေ့ဘဲ မီးဖွားရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ နေ့မစေ့ဘဲ မီးဖွားတဲ့အခါ ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးထားရတဲ့ ရင်သွေးလေး အပြင်လောကကြီးမှာအသက်ရှင်နိုင်ဖို့ အခက်အခဲရှိတာကြောင့် အပေါ်က ပြောထားတဲ့ အကြောင်းရင်းတွေ သိထားရင် ကိုယ်ဝန်ကို သေချာအပ်ထားမိပြီး ကြိုပြင်ဆင်ထားလို့ ရတာပေါ့။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement