အခြားဖြစ်ပေါ်နိုင်တဲ့ကိုယ်ခန္ဓာ ပြောင်းလဲမှုတွေကတော့
- ကိုယ်ဝန်ပျက်ကျပြီးပြီးချင်း နောက်ပိုင်း ပျို့အန်ချင်တာမျိုးတွေ ဖြစ်ပေမယ့် ပြန်ပြီး သက်သာသွားတတ်ပါတယ်။
- ရင်သား အရွယ်အစားလည်း သေးသွားပြီး တင်းနေတာတွေလည်း ပြေလျော့သွားပါလိမ့်မယ်
- တကယ်လို့ ကိုယ်ဝန်သက် အပတ် ၂၀ လောက်မှာ ကိုယ်ဝန် ပျက်ကျခဲ့ရင်တော့ သားမြတ်ကနေ နို့ထွက်နေတတ်ပါတယ်။
ဘယ်အချိန်မှာ ဆရာဝန် ပြန်ပြသင့်လဲ။
ကိုယ်ဝန်ပျက်ကျကျချင်း ဆရာဝန် နဲ့တစ်ခါပြပြီးနောက်ပိုင်း ရက်ချိန်းအတိုင်း ပြန်သွားပြဖို့လိုပါတယ်။ ပြန်ပြတဲ့ ရက်ချိန်းက ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း ၆ ပတ်ထက် နောက်မကျရင်ပိုကောင်းပါတယ်။ ပြန်ပြတဲ့အခါမှာလည်း
- ကိုယ်ဝန်ပျက်ကျပြီးနောက် အမျိုးသားနဲ့ ဘယ်အချိန်မှာ အတူပြန်နေလို့ရမှာလဲ
- ဘယ်အချိန်မှာ ပြန်ပြီး ကိုယ်ဝန် ပြန်ယူလို့ရမှာလဲ
- ကိုယ်ဝန် မလိုချင်ရင်လည်း သန္ဓေတားဖို့ ဘယ်အချိန် စလုပ်ရမှာလဲ၊ ဘာနည်းတွေ သုံးရမလဲဆိုတာလေးတွေ တစ်ခါတည်း မေးခဲ့ဖို့ မမေ့ပါနဲ့။
ကိုယ်ဝန်တစ်ခါပျက်ကျဖူးရင် နောက်ကိုယ်ဝန်တွေကို ပျက်ကျဖို့ အလားအလာများလား။
ကိုယ်ဝန် တစ်ခါပျက်ကျဖူးတယ်ဆိုပေမယ့် နောက်ထပ်ဆောင်တဲ့ ကိုယ်ဝန်က ပုံမှန် ဖြစ်သွားတာများပါ။ တစ်ခါပျက်ကျဖူးတာနဲ့ နောက်ကိုယ်ဝန်တွေလည်း ပျက်ကျမှာပဲ ဆိုတာက မှားနေတာပါ။ တကယ်လို့ ကိုယ်ဝန် ပျက်ကျထားတာ ၃ ကြိမ်နဲ့ အထက်ရှိနေပြီဆိုရင်တော့ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ခံယူဖို့၊ ဘာ့ကြောင့် ပျက်ကျတာလဲဆိုတဲ့အကြောင်းအရင်းကို ရှာဖို့ လိုအပ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။