backup og meta

ကိုယ်ဝန်ဆောင် ရေမြွှာရည်နည်းရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် ရေမြွှာရည်နည်းရင်

    ဒီတစ်ခေါက်တော့ ကိုယ်ဝန်ဆောင် တွေတွေ့ကြုံရနိုင်တဲ့ပြဿနာတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန်ရေမြွှာရည်နည်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးပါရစေ။ မေမေတိုင်းကြုံရတာမဟုတ်ပေမယ့် တကယ်လို့များဆိုတဲ့အခြေအနေအတွက်ကာကွယ်နိုင်စေဖို့နဲ့ ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်ပြဿနာကင်းစေဖို့ ဂရုစိုက်သင့်တဲ့ စားသောက်နေထိုင်မှုပုံစံလေးကို မျှဝေပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်နဲ့ရေမြွှာပြဿနာ

    ကိုယ်ဝန်ဆောင်ချိန်မှာကြုံရနိုင်တဲ့ရေမြွှာပြဿနာတွေက

    • ရေမြွှာရည်များလွန်းခြင်း
    • ရေမြွှာရည်နည်းလွန်းခြင်း
    • ရေမြွှာရည်ပိုးဝင်ကူးစက်ခြင်း စတဲ့ပြဿနာတွေပါ။

    ရေမြွှာရည်နည်းရင် ကလေးကို ဘယ်လိုထိခိုက်စေနိုင်လဲ……

    ရေမြွှာရည်နည်းရင် ဗိုက်ထဲကဘေဘီလေးကို အခုလိုမျိုးတွေထိခိုက်စေနိုင်ပါတယ်။

  • ကလေးရဲ့ ကြွက်သားဖွံ့ဖြိုးမှု ထိခိုက်စေနိုင်ပါတယ်
  • ကလေးရဲ့ခြေလက်ဖွံ့ဖြိုးမှုထိခိုက်စေနိုင်တယ်
  • ကလေးရဲ့ အဆုတ်ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်
  • အစာခြေစနစ် ဖွံ့ဖြိုးမှုထိခိုက်စေနိုင်ပါတယ်။
  • ရေမြွှာရည်မနည်းစေဖို့ လိုက်နာသင့်တဲ့နေထိုင်စားသောက်မှုပုံစံ

    ကိုယ်ဝန်ဆောင်ချိန်မှာရေမြွှာရည်မနည်းချင်ဘူးဆိုရင် ဒီအချက်လေးတွေက အသုံးတည့်မှာပါ။

    ရေများများသောက်ပါ – ဒါကတော့ရေမြွှာရည်များစေမယ့် အလွယ်ကူဆုံးနည်းလမ်းပါ။ ကိုယ်တွင်းရေပမာဏတိုးလာလေလေရေမြွှာရည်က တိုးလာလေလေပါ။ ဒါကြောင့်ရေသောက်မပျင်းပါနဲ့။

    အရည်ဓါတ်များတဲ့ အသီးတွေစားပေးပါ – ကိုယ်ဝန်ဆောင်ချိန်မှာ အရည်ဓါတ်များတဲ့ အသီးအနှံတွေစားပေးတာကရေမြွှာရည်မနည်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

    အယ်လ်ကိုဟောပါတာတွေကိုရှောင်ပါ – အယ်လ်ကိုဟောပါတာတွေက ကိုယ်တွင်းရေဓါတ်ကိုဆုံးရှုံးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့်ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ခန္ဓါကိုယ်မှာရေဓါတ်ဆုံးရှုံးပြီးရေမြွှာရည်နည်းတာမျိုးမဖြစ်စေဖို့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကိုရှောင်ပါ။

    ကဖင်းရှောင်ပါကဖင်းကလည်း အယ်လ်ကိုဟောလိုပါပဲ။ ဒါကြောင့်ရေဓါတ်ဆုံးရှုံးမှုဖြစ်ပြီး ရေမြွှာရည်မနည်းစေချင်ဘူးဆိုရင် ကဖင်းပါတဲ့ စားစရာသောက်စရာတွေကိုရှောင်ရပါမယ်။

    ဆေးဖက်ဝင်သောက်စရာတွေကိုရှောင်ပါ – ဂျင်ဆင်းလက်ဖက်ရည်လိုမျိုးဆေးဖက်ဝင်တယ်ဆိုတဲ့သောက်စရာတွေကိုလည်း ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ရှောင်သင့်ပါတယ်။ ဒီလိုသောက်စရာတွေက ဆီးခဏခဏသွားစေပြီး ကိုယ်တွင်းကရေဓါတ်ဆုံးရှုံးစေနိုင်တာကြောင့်ပါ။

    လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ -ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းလေးတွေ ပုံမှန်လုပ်ပေးတာက ခန္ဓါကိုယ်ကအစိတ်အပိုင်းတွေဆီသွေးစီးဆင်းရောက်ရှိမှုကောင်းစေနိုင်သလို အချင်းနဲ့ သားအိမ်ဆီကိုသွေးရောက်ရှိမှုတိုးစေပြီးရေမြွှာရည်ကိုတိုးစေဖို့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်လမ်းလျှောက်ပေးတာမျိုး ကိုယ်ဝန်ဆောင်ယောဂလေ့ကျင့်တာမျိုးလုပ်ပေးပါ။

    ဘာတွေစားရမလဲ….

    ရေမြွှာရည်နည်းတဲ့မေမေတို့အနေနဲ့ရေမြွှာရည်တိုးစေဖို့ဆိုရင်

  • သခွားသီး၊
  • ဆလတ်ရွက်
  • ဟင်းနုနွယ်၊
  • မုန်လာဥဖြူ၊
  • ပန်းဂေါ်ဖီစိမ်း၊
  • ပန်းဂေါ်ဖီ
  • စတော်ဘယ်ရီ၊
  • ဖရဲသီး၊
  • ခရမ်းချဉ်သီး၊
  • သခွားမွှေး၊
  • စပျစ်သီး၊
  • အုန်းစိမ်းရည်စတာတွေလည်း စားပေးလို့ရပါတယ်။
  • Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement