ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ်

ကိုယ်ဝန် ရှိနေတာကို မသိလိုက်ဘူး။ ပုံမှန် အတိုင်းပဲ တားဆေးကို ဆက်သောက်လိုက်မိတယ် ဆိုတဲ့ လေဒီလေးတွေများရှိလား။ ဒါက ဖြစ်ခဲတယ် ဆိုပေမယ့် ဒီလိုဖြစ်ခဲ့ရင် ဘာတွေများ ဖြစ်နိုင်မလဲ ဆိုပြီး တွေးပူနေမိတဲ့ လေဒီလေးတွေ ရှိလား။ ဒါဆိုရင် ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ် ဆိုတဲ့ လေဒီလေးတွေအတွက် ရေးထားတဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ကိုယ်ဝန်ရှိနေတာကို မသိလိုက်ဘဲ သန္ဓေတားသောက်ဆေး သောက်လိုက်မိတယ် ကိုယ်ဝန် ရှိနေတုန်း တားဆေး သောက်မိတာက ကလေးကို ထိခိုက်နိုင်လား........... ဒါက အမျိုးသမီး တော်တော်များများ သိချင်ကြတဲ့ အကြောင်းက ကိုယ်ဝန် ရှိနေမှန်း မသိလိုက်ဘဲ တားဆေး သောက်လိုက်မိတယ်။ ဒါဆိုရင် ကလေးကို ထိခိုက်မိနိုင်လား ဆိုတာပါ။ လေ့လာချက်တွေအရ သိရတာက ကိုယ်ဝန်ဆောင်အစောပိုင်း ကာလမှာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်နဲ့ အိပ်ချ်အိုင်ဗီ (HIV)

အိပ်ချ်အိုင်ဗီ(HIV)ရောဂါပိုး ရှိတဲ့ အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ဆောင်ထားချိန်မှာဖြစ်ဖြစ်၊ ကလေးမွေးချိန်မှာဖြစ်ဖြစ်၊ မိခင်နို့တိုက်ကျွေးနေချိန်မှာဖြစ်ဖြစ် ကလေးကို ရောဂါပိုး ကူးစက်သွားနိုင်ပါတယ်။ ဒီလို ကူးစက်မှုကို perinatal transmission လို့ခေါ်ပြီး ကလေးငယ်တွေ အိပ်ချ်အိုင်ဗီ(HIV)ပိုး ကူးစက်ခံရတဲ့ အဓိက အကြောင်းအရင်းလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတစ်ခေါက်တော့ Hello Sayarwon စာဖတ်ပရိတ်သတ်တွေအတွက် အိပ်ချ်အိုင်ဗီ(HIV) ပိုးရှိတဲ့ အမျိုးသမီးတွေ ကလေးမွေးဖွားတာနဲ့ပတ်သက်လို့ သိထားသင့်တာလေးတွေ  နည်းနည်းလောက် ပြောပြချင်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ဟာ အကြောင်းကြောင်းကြောင့် HIV ပိုး ကူးစက်ခံထားရတယ် ဆိုကြပါစို့။ ရောဂါပိုးရှိတာကိုသိရဲ့သားနဲ့ဖြစ်ဖြစ်၊ မသိသေးလို့ပဲဖြစ်ဖြစ် ဘာကုသမှုမှ မခံယူထားဘဲ ကလေးမွေးဖွားခဲ့မယ်ဆိုရင် မွေးလာတဲ့ကလေးငယ်ကို HIV ပိုးကူးစက်နိုင်ခြေ ၁၅% ကနေ ၄၅% အထိတောင် ရှိတာကို တွေ့ရပါတယ်။ တကယ်လို့ မိခင်က HIV […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်တိုင်းသိထားသင့်တဲ့ အချင်းပြဿနာများ။

ကိုယ်ဝန်ဆောင်တယ်ဆိုတာ မိန်းမသားတိုင်းအတွက် စိန်ခေါ်မှု တစ်ခုပါ။ ၉ လလွယ် ၁၀ လလောက်ဒီ ကိုယ်ဝန်ကို လွယ်ထားရတယ်၊ အစားအသောက်ရှောင်ရတယ်၊ အသွားအလာဆင်ခြင်ရတယ်။ ကိုယ့်ရင်သွေးလေး ဒီလောကကြီးထဲ ကျန်းကျန်းမာမာရောက်လာဖို့က မိခင်တိုင်းရဲ့ အတောင့်တဆုံး ဆန္ဒလေ။ ဒါပေမယ့် ကိုယ့်ဘက်က ဘယ်လောက်ပဲ ဆင်ခြင်ဆင်ခြင် ကိုယ်ဝန်ကို အဖတ်မတင် ပျက်ကျစေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီး မဟုတ်လား။ ဒီအထဲမှာ အချင်းပြဿနာတွေလည်း ပါတာပေါ့။ ဒီတော့ ကိုယ်ဝန်ဆောင်တိုင်း သိထားသင့်တဲ့ အချင်းပြဿနာတွေက ဘာတွေများ ဖြစ်မလဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြူံတွေ့ရနိုင်တဲ့ အချင်းပြဿနာတွေ ။ ။ Placenra previa ( အချင်းရှေ့ရောက်ခြင်း) အားလုံးကြားဖူးကြမှာပါ။ အချင်းကကလေးဆင်းရမယ့် လမ်းကြောင်းရှေ့ ရောက်နေတဲ့ ပြဿနာ။ ကလေးအပေါ်ပိုင်းမှာ ရှိနေရမယ့်ဟာကို ကလေးဆင်းမယ့် လမ်းကြောင်းအရှေ့ဘက်မှာ အချင်းရောက်နေတာကြောင့် ကလေးဆက်မဆင်းနိုင်တော့ပါဘူး။ ဒါကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ။ ။

အမြွှာကိုယ်ဝန်လေးဆို မလိုချင်တဲ့သူမရှိပါဘူး။ ကိုယ်လည်းတစ်ခါပဲ ဗိုက်နာရတယ်၊ ကလေးအချင်းချင်းလည်း အဖော်ရတယ်မလား။ ပြီးတော့ နှစ်ယောက်လုံးကို ဆင်တူလေးတွေ ဝတ်ပေး၊ ချစ်စရာလေး ဘယ်လောက်ကောင်းလိုက်လဲ။ ဒါပေမယ့် ဒီလို ပျော်စရာကောင်းတာတွေက ကလေးမွေးပြီး နောက်ပိုင်းမှပါ။ ကိုယ်ဝန်ဆောင်တဲ့အချိန်မှာတော့ မေမေတို့ ခံစားရတဲ့ ဝေဒနာတွေက မသေးလှပါဘူး။ ဒီတစ်ခေါက်တော့ အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ။ ။ အမြွှာကိုယ်ဝန်ဆောင် မေမေတိုင်း ကြုံတွေ့ရမယ့် လက္ခဏာတွေ ကတော့ ကိုယ်ဝန်ဆောင်ချိန် ဗိုက်ထဲ ရင်သွေးလေး တစ်ယောက်တည်းရှိတာတောင် ပျို့ချင် အန်ချင်တာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ ခြေလက်ဖောရောင်တာတွေ ဖြစ်တာ နှစ်ယောက်တောင် ရှိတယ်ဆိုရင် ပြောမနေနဲ့တော့။ ကဲ ဘယ်လို တွေ ကြုံတွေ့ရမလဲ။ Morning […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေတဲ့မေမေ ဘယ်လိုဆင်ခြင်နေထိုင်ရမလဲ

မိခင်လောင်း တစ်ယောက် ဖြစ်လာချိန်မှာ ကိုယ့်ရင်သွေးလေးအတွက် အာဟာရ ဖြစ်အောင် တစ်မျိုး၊ ကလေးထွားဖို့ တစ်ဖုံ အမျိုးမျိုးကြိုးစားအားဖြည့်ဖို့ ဆန္ဒရှိကြမှာပါ။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ဆီးချို ဆိုတာကြီးဖြစ်လာခဲ့ရင် သိပ်စိတ်ညစ်ရမှာပဲနော်။ ဘာစားရမလဲ၊ ဘယ်လိုနေရမလဲ တွေးကြောက်ရင်း ဟိုရှောင်ဒီရှောင်နဲ့ လိုအပ်တဲ့ အာဟာရတွေ ချို့တဲ့သွားသူတွေ ရှိသလို မတွေးဘဲ မဆင်မခြင် စားသောက်နေထိုင်သူတွေမှာ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ အချင်းကနေ ထွက်လာတဲ့ ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ကို ဆန့်ကျင်တဲ့အခါ ကိုယ်ဝန်ဆောင်ဆီးချို ဆိုတာ ဖြစ်လာတာပါ။ ကိုယ့်မှာ ဒီ ဆီးချိုရှိနေတာ သိလိုက်ရပြီ ဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင် ပမာဏက မလုံလောက်တော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကိုယ်ဝန်ဆောင်ဆီးချိုရှိနေပြီဆို ဘာတွေဖြစ်လာမှာလဲ ဒီ ဆီးချိုကြောင့် ကလေးနဲ့ မေမေကို အောက်ပါ ပြဿနာတွေ ဖြစ်လာစေနိုင်တဲ့အတွက် သွေးတွင်းသကြားဓာတ် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်လို့ရလား။

ကိုယ်ဝန်ဆိပ်တက်လို့ ကလေးပျက်ကျသွားတယ်၊ ကိုယ်ဝန်ဆိပ်တက်လွန်းလို့ ခြေထောက်တွေ ဖောရောင်နေပြီး လမ်းလျှောက်လို့တောင် မရတော့ဘူး ၊ကိုယ်ဝန်ဆိပ်တက်လို့ နေ့မစေ့ လမစေ့တဲ့ ကလေး၊ ပေါင်မပြည့်တဲ့ ကလေးလေးတွေ မွေးလာတယ်စသဖြင့် ကိုယ်ဝန်ဆိပ်တက်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေဟာ ကိုယ်ဝန်ဆောင်မိခင်တိုင်း တွေးကြောက်ရတဲ့ အိပ်မက်ဆိုးကြီးတွေပါပဲ။ ဒါပေမယ့် ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာဟာလည်း ကိုယ်ဝန်ဆောင် ၂၀၀ မှာ ၁ ယောက်လောက်ကဖြစ်နေပြီး အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်တော့ ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ အကြောင်းလေးတွေ သိထားဖို့လိုလာပြီပေါ့။ မဖြစ်ခင် ကြိုတင်ကာကွယ်ထားနိုင်တာက အကောင်းဆုံးလေ။ ဒီတော့ ကိုယ်ဝန်ဆိပ် မတက်အောင် ဘယ်လို ကာကွယ်ကြမလဲ။ ။ ကာကွယ်ရမယ့်အကြောင်း အရင်မပြောခင် ကိုယ်ဝန်ဆိပ်တက်ခြင်းအကြောင်း အကျဉ်းလေး ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ ဘာလဲ ။ ။ ဆေးပညာအရ ကိုယ်ဝန်ဆောင်ချိန် ကိုယ်ဝန်ဆိပ်တက်တဲ့ ပြဿနာကို Preeclampsia နဲ့ eclampsia ဆိုပြီး […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Blighted Ovum - ကိုယ်ဝန်လနုစဉ် ပျက်ကျခြင်းကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်း ။

ကိုယ်ဝန်ရှိတာမှ မကြာသေးဘူး။ ချော်လည်း မလဲ၊ သေချာလည်း ဂရုစိုက်နေပါရက်နဲ့ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုရင် Blighted Ovum ကြောင့်လို့ ပြောလို့ရပါတယ်။ ရင်သွေးလိုချင်လို့ ကြိုးစားပါတယ်ဆိုမှ Blighted Ovum ကြောင့် ကိုယ်ဝန်ပျက်သွားရရင် ယူကျုံးမရဝမ်းနည်းတတ်ကြသူချည်းပါပဲ။ ဒီတော့ ကိုယ်ဝန်ပျက်ကျစေတဲ့ Blighted Ovum ဆိုတာ ဘယ်လိုကြီးလဲ။ Blighted Ovum ဆိုတာ ဘာလဲ။ ။ Blighted Ovum ဆိုတာ သုတ်ကောင်လေးနဲ့ မမျိုးဥ ထိတွေ့သွားပြီး သန္ဓေအောင်တဲ့ အဆင့် ရောက်သွားတဲ့ ဥလေးဟာ သားအိမ်ထဲကိုဆင်းလာပေမယ့် သန္ဓေသားလောင်းအဖြစ် ဆက်မဖွံ့ဖြိုးတဲ့ ဖြစ်စဉ်ကို ပြောတာဖြစ်ပါတယ်။ အလွယ်ပြောရရင် အဆင်းသာ ရှိပေမယ့် အချင်းမရှိတဲ့ သဘောပေါ့။ သန္ဓေအောင်တဲ့ ဥလေးသာ ရှိပေမယ့် သန္ဓေသားလောင်းအဖြစ် ဆက်မဖွံ့ဖြိုးနိုင်တာပေါ့ ။ ဒီလိုနဲ့ ကျန်ခဲ့တဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မေမေတို့ သိချင်နေမယ့် ဆင်တုပ်ကွေးအကြောင်း

မေမေတစ်ယောက်မှာ ကိုယ်တိုင်ထက်ဘေဘီလေးကို စိတ်ပူတာကမေမေ့ရဲ့မေတ္တာလို့ပဲပြောရမလား။ ကိုယ်ဝန်ရှိလာပြီဆိုတာနဲ့မေမေတွေက ကိုယ့်အတွက်ထက်ဘေဘီလေးအတွက်ပိုတွေးမိနေတတ်ကြပါတယ်။ ဖျားရင်တောင်ဘေဘီလေးကို ထိခိုက်သွားမှာစိုးလို့ဆိုပြီးဆေးမသောက်ဘဲနေတာမျိုးလေ။ အခုတစ်ခေါက်တော့ မိုးနဲ့အတူ မဖိတ်ခေါ်ဘဲရောက်လာတဲ့ဆင်တုပ်ကွေး ကိုယ်ဝန်ဆောင်မေမေကူးစက်ခံရရင် ဘာတွေဖြစ်လာနိုင်လဲဆိုတာကိုပြောပြပေးပါရစေ။ ကိုယ်ဝန်ဆောင်မေမေ ဆင်တုပ်ကွေး ကူးစက်ခံရရင်ဘေဘီလေးကို ထိခိုက်နိုင်လား........ ပုံမှန်အားဖြင့်ကတော့ ဆင်တုပ်ကွေးက ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆိုရင် မိခင်ကနေ ကလေးဆီကို ကူးစက်နိုင်ခြေက တော်တော်လေးနည်းပါတယ်။ ဒါပေမယ့် ကလေးမမွေးခင်မှာရောဂါပိုးကူးစက်ခံရတာဖြစ်တာကြောင့် တစ်ခါတလေမှာမေမေ့ဆီကနေဘေဘီလေးကို ကူးစက်နိုင်ပါတယ်။နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုက ကိုယ်ဝန်ဆောင် တတိယကာလပတ်မှာ ဆင်တုပ်ကွေးရောဂါကူးစက်ခံရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျနိုင်တာပါ။ ဒါကလည်းဖြစ်ခဲတာကြောင့် အရမ်းကြီးတော့ မစိုးရိမ်စေချင်ပါဘူး။ ကိုယ်ဝန်ဆောင်ကာလမှာမေမေကရောဂါတစ်ခုခုခံစားရမယ်ဆိုရင်ဘေဘီလေးကို တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့ထိခိုက်နိုင်ပါတယ်။ဆင်တုပ်ကွေးကလည်း ဒီလိုပါပဲ။ ဒါပေမယ့်ဆင်တုပ်ကွေးကို ကိုယ်ဝန်ဆောင်ကာလအစောပိုင်းချိန်မှာ ခံစားရမယ်ဆိုရင်တော့ ဘေဘီလေးကို ထထိခိုက်နိုင်ခြေကပိုများနေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ဆင်တုပ်ကွေး ကူးစက်မခံရအောင် ကာကွယ်တာက အကောင်းဆုံးဖြစ်မှာပါ။ တကယ်လို့ ကူးစက်ခံလိုက်ရမယ်ဆိုရင်လည်း အခုပြောပြတဲ့ နည်းလမ်းလေးတွေအတိုင်းနေထိုင်စေချင်ပါတယ်။ ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာရော အတူတူပဲလား...... ဆင်တုပ်ကွေးကူးစက်ခံရမှုက ကိုယ်ဝန်ဆောင်မေမေတွေမှာလည်း […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား

အခုတလော ဆိုရှယ်မီဒီယာတွေမှာ ကိုယ်ဝန်ဖျက်ဆေးတွေ၊ ကိုယ်ဝန်ဖျက်နည်းတွေကို ပြောင်ပြောင်တင်းတင်းရေးသားလာကြတာကို တွေ့လာရပါတယ်။ ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား ဆိုတာ နဲ့ ဥပဒေရှုထာင့်၊ လူမှုရေးရှုထောင့် ဘယ်လိုရှိပါသလဲ။ ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား ကိုယ်ဝန်ဖျက်ချမှုဟာ တရားဝင်သလား ဆိုတော့ ကိုယ်ဝန်ဖျက်ချခြင်းဟာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မတူညီတဲ့ ယဉ်ကျေးမှုစံနှုန်းတွေ၊ နောက်ခံအခြေအနေတွေအရ ရှုမြင်ပုံ အမျိုးမျိုးကွဲပြားပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ဘာသာရေးအရ သူတစ်ပါးအသက်နဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်လို့ မကောင်းမှုတစ်ခုအနေနဲ့ ယူဆထားပါတယ်။ ဥပဒေနှင့် မညီပါ ပထမဆုံးတင်ပြချင်တာကတော့ မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၁၂ အရ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားပါတယ်။ ထောင်ဒဏ် (၃) နှစ်ကျခံနိုင်တဲ့ ဥပဒေဖြစ်ပါတယ်။ ကိုယ်ဝန်ရင့်မာချိန် ကလေးလှုပ်ပြီဆိုရင် (၇)နှစ်ထိ ကျခံနိုင်ပြီး တရားမဝင်ကိုယ်ဝန်ဖျက်ချချိန်မှာ မိခင်သေဆုံးရင် ပြစ်ဒဏ်ပိုများသွားပါတယ်။ နောက်တစ်ချက်က မိမိကိုယ်ဝန်ကိုပျက်ကျစေဖို့ ကိုယ်တိုင်အားထုတ်တယ်ဆိုရင် ကိုယ်ဝန်ဆောင်အမျိုးသမီးဟာလည်း ဒီပုဒ်မနဲ့ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ဗိုက်ထဲက ရင်သွေးလေးမှာ ဦးခေါင်းခွံပါမလာခြင်း ( Anencephaly) အကြောင်း သိကောင်းစရာများ ။ ။

ကိုယ်ဝန်စရှိပြီဆိုတည်းက မွေးလာမယ့် ကလေးလေး အဂါၤအစုံပါလာဖို့ဆိုတဲ့ ဆုတောင်းက မိဘတိုင်းရဲ့ ပထမဆုံး တောင်းဆုပါ။ ဒါ့ကြောင့်ပဲ ကိုယ်ဝန်တစ်လျှောက်သေချာ ပြုစုစောင့်ရှောက်ကြ၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ကြ၊ အားဆေး ေတွသောက်ကြတာပေ့ါ။ အားဆေးတွေထဲမှာဆို မေမေတိုင်းသိတဲ့ Folic acid။ အဲဒီ Folic acid က ဗိုက်ထဲက ကလေးဖွံ့ဖြိုးမှုအတွက် အရမ်းကို အ ရေးပါတဲ့ ဓါတ်တစ်ခု။ အထူးသဖြင့် ကလေးရဲ့ အာရုံကြောပြွန်ဖွံ့ဖြိုးဖို့အတွက် folic acid က မရှိမဖြစ်။ ဒီ folic acid ချို့တဲ့သွားခဲ့ရင် ( ဒါမှမဟုတ်) မွေးရာပါချို့ယွင်းချက် တစ်ခုခုရှိခဲ့ရင် ခုပြောမယ့် ( Anencephaly ) လို့ခေါ်တဲ့ ဦးခေါင်းခွံ ပါမလာတဲ့ ပြဿနာ ကလေးမှာ ဖြစ်တတ်ပါတယ်။ မွေးလာမယ့် ကလေး […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်