ကိုယ်ဝန်ဆောင်ဖူးတဲ့ အမျိုးသမီးတော်တော်များများသိကြမှာပါ။ ကိုယ်ဝန်ရင့်လာလေလေ ကိုယ်ခန္ဓာပေါ်က တချို့အရာတွေ ပြောင်းလဲလာလေလေဆိုတာမျိုးကို။ ကိုယ်အလေးချိန်၊ မိန်းမကိုယ်က အဖြူဆင်းတာတွေ၊ ခြေထောက်ဖောရောင်တာတွေ အပြင် အသက်ရှူရခက် တာကလည်း လရင့်နေတဲ့ ကိုယ်ဝန်ဆောင်တိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။