backup og meta

ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ

    ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန်မှာ လေအဆက်မပြတ်တက်ခြင်း၊ လေလည်ခြင်း စတာတွေဟာ သဘာဝပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာတွင်း ပြောင်းလဲမှုမျိုးစုံ ဖြစ်တတ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေမှာ လေထခြင်းလည်း ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ပရိုဂျက်စထရုန်းဟော်မုန်း ပိုမိုထွက်ရှိလာခြင်းက လေပွလေထခြင်းနဲ့ သွယ်ဝိုက်ဆက်စပ်နေပါတယ်။ ပရိုဂျက်စထရုန်းဟော်မုန်းဟာ ကိုယ်တွင်း ကလီစာကြွက်သားတွေကို ဖြေလျှော့ပေးပါတယ်။

    အဆိုပါဖြစ်စဉ်ကြောင့် အစာအိမ်အူလမ်းကြောင်းကြွက်သားတွေပါ လှုပ်ရှားမှုနည်းသွားပြီး အစာခြေခြင်းကိုပါ နှေးသွားစေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းထဲ ဓာတ်ငွေ့များ စုဝေးလာပြီး လေပွခြင်း၊ လေထခြင်း၊ လေလည်ခြင်းတွေ ပိုမိုကြုံတွေ့ရပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်မှာ ကြီးထွားလာတဲ့ သားအိမ်ရဲ့ ဖိအားကြောင့် အစာကြေဖို့ နှေးပြီး လေပိုပွတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ

    ယခုဆက်လက်ဖော်ပြမှာကတော့ ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများ နဲ့ ဘယ်လိုကုသမလဲ ဆိုတာပါပဲ။

    ၁။ အရည်များများသောက်ပါ

    ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေနဲ့ ရေကို တစ်နေ့တာမှာ ၈ခွက်ကနေ ၁၀ခွက်အထိ (၈ အောင်စဝင်ဆန့်သောခွက်ဖြင့်) သောက်သုံးသင့်ပါတယ်။ တခြားအရည်တွေလည်း သောက်သုံးနိုင်ပါတယ်။

    အရည် များများသောက်ခြင်းဟာ လေထခြင်းကို သက်သာစေနိုင်ပါတယ်။ ရေအပြင် အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရည်တွေကိုလည်း သောက်ပေးနိုင်ပါတ်။

    ၂။ လှုပ်ရှားပေးပါ

    တစ်နေ့တာ ပုံမှန် လုပ်ဆောင်သင့်တဲ့အထဲမှာ ကိုယ်လက်လေ့ကျင့်ခန်းလည်း ပါဝင်ပါတယ်။ အားကစားခန်းမ မသွားနိုင်ရင်တောင် အဆင်ပြေတဲ့ နေရာမှာ လမ်းလျှောက်နိုင်ပါတယ်။

    တစ်နေ့တာမှာ အနည်းဆုံး နာရီဝက်ခန့် လမ်းလျှောက်သင့်၊ လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကိုယ်ရောစိတ်ပါ လန်းဆန်းစေရုံမက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အစာလည်း မြန်မြန်ကြေစေပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ လေ့ကျင့်ခန်း ဘယ်လို လုပ်သင့်တယ် ဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    ၃။ အစားအသောက် သတိပြုပါ

    အဆီများတဲ့ အစားအစား၊ စပ်လွန်းတဲ့ အစားအစာတွေ ၊ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ ပဲအမျိုးမျိုးတို့ဟာ လေထစေတတ်တဲ့ အစားအသောက်တွေဖြစ်တာကြောင့် လေအောင့်တတ်တဲ့ ကိုယ်ဝန်သည်တွေ အနေနဲ့ ဒီလို အစားစားတွေကို ရှောင်စားဖို့၊ လျှော့စားဖို့ အကြံပြုချင်ပါတယ်။

    ၄။ အမျှင်ဓာတ် စားပါ

    အမျှင်ဓာတ် များများစားခြင်း အားဖြင့် အူလမ်းကြောင်းထဲမှာ ရေကို ဆွဲထိန်းထားပေးပါတယ်။ အစာဟောင်းများကို ပျော့ပြောင်းစေတာကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

    နေ့စဉ် အမျှင်ဓာတ်ကို ၂၅ ဂရမ်ကနေ ၃၀ ဂရမ်ကြား စားပေးခြင်းဟာ လေထခြင်းကို သက်သာစေပါတယ်။ ဆီးသီး၊ ကတွတ်သီး၊ ငှက်ပျောသီး၊ အသီးအရွက်များ၊ အုတ်ဂျုံ၊ အစေ့အဆန်များ စတာတွေမှာ အမျှင်ဓာတ် ကြွယ်ဝပါတယ်။

    ၅။ ဝမ်းပျော့ဆေးများ သုံးစွဲခြင်း

    ကိုယ်ဝန်ဆောင်ချိန်မှာ သုံးစွဲနိုင်တဲ့ ဝမ်းပျော့ဆေးများ ရှိပါတယ်။ အဆိုပါဆေးများဟာ ဝမ်းပျော့စေတဲ့အပြင် အစာအိမ်အူလမ်းကြောင်းမှာ လေပွ၊ လေထခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    ဝမ်းနှုတ်ဆေး အပြင်းစားတွေကိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်သင့်ပါတယ်။ ဝမ်းပျော့ဆေး ဘယ်အမျိုးအစားကို သုံးရမယ်ဆိုတာကိုတော့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

    ၆။ စိတ်ဖိစီးမှုကို ဖြေလျှော့ပါ

    စိတ်ဖိစီးမှု၊ စိတ်ပူပန်မှု စတာတွေဟာ အစာအိမ် အူလမ်းကြောင်းအတွင်း လေပွခြင်း၊ လေချဉ်တက်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို လျှော့ချသင့်ပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ အပြင်ထွက်ခြင်း စသဖြင့် နည်းလမ်းပေါင်းစုံနဲ့ ဖြေလျှော့ပါ။

    ကဲ …… ကိုယ်ဝန်ဆောင်ချိန် လေပွ၊ လေထခြင်းအတွက် အိမ်တွင်းကုထုံးများကို သိပြီဆိုတော့ လက်တွေ့ အသုံးချကြည့်လိုက်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement