ကိုယ်ဝန်ဆောင်ချိန်မှာ အစာအိမ်အူလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဝမ်းချုပ်ခြင်း၊ ဒါမှမဟုတ် ဝမ်းပျက်ခြင်းကို ကြုံရပါတယ်။ ဟော်မုန်းပြောင်းလဲခြင်း၊ စားသောက်မှုပုံစံ ပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု ဖြစ်ပေါ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ အကယ်၍ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးဟာ ဝမ်းပျက်ခြင်းကို အတော်အတန်ကြုံနေရမယ်ဆိုရင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။