ပစ္စည်းတချို့ကို ကောက်ယူတဲ့အခါ ထိုင်ချပြီး (မုဆိုးထိုင်ထိုင်ခြင်း)ပြုပြီးမှ ခြေထောက်ပေါ်မှေးတင်ပြီး မ ယူပါ။ ခါးကိုကွေးပြီး မယူခြင်း လုံးဝမလုပ်သင့်ပါ။ ပစ္စည်းမတဲ့နည်းရှိတယ်ဆိုပေမဲ့လည်း ကိုယ့်ရဲ့ limit နဲ့ လုပ်နိုင်စွမ်းအားကို သိသင့်ပါတယ်။ မနိုင်နိုင်တဲ့ဝန်ကို လုံးဝမထမ်းပါနဲ့။
ပက်လက်အိပ်ခြင်းကို ကိုယ်ဝန်လေးလ သို့မဟုတ် ငါးလ ကျော်တာနဲ့ မပြုလုပ်ပါနဲ့တော့။ ဘေးစောင်းအိပ်ပါ။ ဒူးတစ်ချောင်း သို့မဟုတ် နှစ်ချောင်းလုံးကွေးပြီးအိပ်ပါ။ ကိုယ်ဝန်ဆောင်များအတွက် သီးသန့်ထုတ်တဲ့ မွေ့ရာ၊ ဖက်ခေါင်းအုံး စသည်တို့ကို အသုံးပြုပြီး သက်တောင့်သက်သာအိပ်စက်ပေးပါ။ ခါးနောက်နဲ့ ဗိုက်အောက်မှာ ပျော့ပျောင်းတဲ့ အထောက်အကူခေါင်းအုံးလေးတွေ ခံထားနိုင်ပါတယ်။
(၅) ရေနွေးအိတ် သို့မဟုတ် ရေခဲအိတ်ကပ်ခြင်း
ခါးနာတဲ့အခါ ရေနွေးအိတ်လေးကပ်ပေးတာ၊ ရေခဲအိတ်လေးကပ်ပေးတာတွေကလည်း စစ်တမ်းတိတိကျကျနဲ့ ဘယ်လောက်အကျိုးရှိသလဲဆိုတာကို ပြောလို့မရပေမယ့် မိခင်လောင်းတွေအတွက် နေသာထိုင်သာရှိစေပါတယ်။
သားဖွားမီးယပ်ဆရာဝန်ရဲ့ ခွင့်ပြုမှုနဲ့အတူ ကိုယ်ဝန်ဆောင်စဉ်မှာ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်း၊ ခါးလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဟာလည်း ခါးနာခြင်းကိုသက်သာစေပါတယ်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်ရမလဲ
ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းဟာ အဖြစ်များတယ် ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမဲ့ နှစ်ပတ်ထက်ပိုပြီး ဆက်နာနေရင်တော့ ဆရာဝန်နဲ့တိုင်ပင်ရပါမယ်။ မိမိသဘောနဲ့မိမိ သောက်ဆေး၊ လိမ်းဆေးများ မသုံးပါနဲ့။ နောက်တစ်ခုကတော့ ကိုယ်ဝန်ဆောင်စဉ်မှာ ခါးနာခြင်းဟာ လမစေ့ဘဲ ကလေးမွေးခြင်းရဲ့ လက္ခဏာလည်းဖြစ်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ခါးနာခြင်းနဲ့အတူ ရေဆင်းသွေးဆင်းခြင်း၊ ဖျားခြင်း၊ ဆီးသွားလျှင် ဆီးပူ ဆီးကျင် ဆီးအောင့်ခြင်းများပါ တွဲရက်ခံစားရရင်တော့ မပေါ့ဆသင့်ပါဘူး။ သားဖွားမီးယပ်ဆရာဝန်နဲ့ အမြန်ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
ရေးသားသူ – မောင်(ဆေး-၁)
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။