backup og meta

ရေမြွာရည် များ ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေမြွာရည် များ ခြင်း

    အယ်ထွာဆောင်း ရိုက်လိုက်လို့များ အဖြေက ကလေးလည်း ကောင်းတယ်။ အချင်းလည်း ပုံမှန်ပဲ။ ကလေးလည်း ပုံမှန်ကြီးတယ်။ ရေမြွာရည်လေးတော့ နည်းနည်းများနေတယ်ဆိုရင် မေမေတွေက ဒါဘာကို ပြောတာလဲဆိုပြီး မေးတတ် ကြပါတယ်။ ကိုယ်ဝန်ဆောင်ဘဝမှာ ဘာပဲစစ်စစ် အဖြေတွေ အကုန်ကောင်းချင်တာ မေမေတွေရဲ့ ဆန္ဒပါ။ ဒါဆို ရေမြွာရည် များ တယ်ဆိုတာ ဘာကိုပြောတာလဲ။ စိုးရိမ်ရလားဆိုတာ မေမေတို့ သိချင်ကြမှာပဲ။ ဒီအကြောင်းလေးကို ဒီမှာဆက်ပြောပေးသွားပါမယ်။

    ရေမြွာရည် ဆိုတာဘာလဲ။

    ရေမြွာရည် ဆိုတာ ကလေးလေးကို မထိခိုက်မိအောင် ကာကွယ်ထားတဲ့ အရည်အိတ်လေးပါ။ သူက ကလေးကို ထိခိုက်ဒဏ်ရာ မရအောင်၊ အပူအအေးဒဏ် ခံနိုင်အောင်၊ ပိုးမဝင်အောင်၊ အဆုတ်နဲ့ အစာအိမ်ကို ကောင်းကောင်း ဖွံ့ဖြိုးအောင်၊ အရိုးအဆစ်တွေ သန်မာအောင်၊ ခြေချောင်း လက်ချောင်းတွေ ကပ်မနေအောင်၊ ချက်ကြိုးကို မဖိမိအောင် လုပ်ပေးပါတယ်။ တစ်လက်စတည်း ပြောရရင် ဗိုက်ထဲက ကလေးတွေက အသက်မရှူသေးတာမို့လို့ ရေမြွာရည် မမွန်းတတ်သေးပါဘူး။ နောက်ပြီး ကလေးက ဒီရေမြွာရည်ကို မျိုချလိုက်၊ စွန့်ထုတ်လိုက် လုပ်နေတာပါ။

    ရေမြွာရည် များ တယ် ဆိုတာ အယ်ထွာဆောင်း ရိုက်လိုက်လို့ AFIတန်ဖိုး 24ထက်ပိုတာ ဒါမှမဟုတ် MVPတန်ဖိုး 8cmထက်ပိုတာပါ။ ဒါကတော့ ဆရာဝန်ကိုမေးကြည့်မှ သိနိုင်တာပါ။ ကံကောင်းတာက ဒါက ကိုယ်ဝန်ဆောင်၁၀၀မှာ ၁ယောက် ၂ယောက်လောက်ပဲဖြစ်တာပါ။

    ရေမြွာရည် များ ရတဲ့အကြောင်းရင်းများ

  • ကလေးမှာ မွေးရာပါအစာအိမ်နဲ့ အူလမ်းကြောင်း ချို့ယွင်းပြီး ရေမြွာရည်မမျိုနိုင်တာ
  • ဦးနှောက်မဖွံ့ဖြိုးလို့ မျိုချရကောင်းမှန်း မသိတာ
  • Twin to Twin transfusion syndrome (အမြွာကိုယ်ဝန်မှာ တစ်ယောက်က သွေးများများရပြီး တစ်ယောက်က နည်းနည်းပဲရတာ)
  • ကလေးမှာ သွေးနီဥ နည်းတာ
  • အမေနဲ့ ကလေးနဲ့ကြား သွေးအမျိုးအစား ပြဿနာဖြစ်တာ (ဥပမာ Rh သွေးအမျိုးအစားမတူတာ)
  • ကိုယ်ဝန်ဆောင်စဥ် ပိုးဝင်တာ
  • အမေမှာ ဆီးချိုရောဂါရှိတာ စတာတွေ ပဲဖြစ်ပါတယ်။ တစ်ခါတလေတော့လည်း ဖြစ်ရတဲ့ အကြောင်းအရင်းကို သေချာမသိရပါဘူး။
  • ရေမြွာရည် များ ရင် ဘာလက္ခဏာတွေပြမှာလဲ။

    ရေမြွာရည်သိပ်မများရင်တော့ လက္ခဏာ သိပ်မပြပါဘူး။ သိပ်များလွန်းရင်တော့

    ရေမြွာရည် များခြင်းရဲ့ နောက်ဆက်တွဲက ဘာဖြစ်မှာလဲ။                  

    လနုနုလေးနဲ့ ရေမြွာရည်များနေတာက နောက်ဆက်တွဲဖြစ်ဖို့ ပိုများပါတယ်။ ဖြစ်နိုင်တာတွေကတော့

    • လမစေ့ဘဲ မွေးတာ
    • ရေမြွာရည် စောပေါက်တာ
    • အချင်းကွာတာ
    • ချက်ကြိုးကျွံတာ
    • ခွဲမွေးရတာ
    • ကလေးအသေမွေးတာ
    • မွေးပြီးရင် သားအိမ်ကျယ် နေတာကြောင့် သွေးသွန်တာ စတာတွေ ဖြစ်တတ်ပါတယ်။

    ဒီလောက်ဆို ရေမြွာရည် များတာက ဘာလဲဆိုတာ သိလောက်ပါပြီ။ အဖြစ်နည်းပေမယ့် ဖြစ်လာရင် အမေရော ကလေးပါ ထိခိုက်နိုင်တာမို့လို့ ရေမြွာရည်များတယ် ဆိုတာ သိတာနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး  စောင့်ရှောက်မှု ခံယူပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement