သလဲသီးက ဒီအတိုင်းစားလို့ရသလို ဖျော်သောက်လို့လည်းရတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးတစ်မျိုးပါ။ လေ့လာမှု တစ်ရပ်အရ သလဲသီးဖျော်ရည် ပုံမှန်သောက်ပေးတာက သွေးတိုးကျစေဖို့ တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။
သကြား ထပ်ထည့်မထားတဲ့ သလဲသီးဖျော်ရည်ကို သောက်သုံးပေးတာက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန် သွေးတိုးတာကို သက်သာစေမှာပါ။
သံလွင်ဆီက ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသုံးဆီ တစ်မျိုးပါ။ သံလွင်ဆီမှာ polyphenols လို့ခေါ်တဲ့ နာကျင်ရောင်ရမ်းမှုကို တိုက်ဖျက်ပေးပြီး သွေးပေါင်ကျစေနိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်နေပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးမယ့် အစားအစာတွေကို သံလွင်ဆီနဲ့ ချက်ပြုတ်တာက သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်မှာပါ။
Pistachios (ရင်ကွဲစေ့) က သွေးကြောတွေကို ပြေလျော့စေပြီး နှလုံးခုန်နှုန်းကို စည်းချက် မှန်စေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ Pistachios (ရင်ကွဲစေ့) ကို စားသုံးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။
ဆားထပ်စွက်မထားတဲ့ အစေ့အဆန်တွေက ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ သွေးပေါင်ကျစေနိုင်တဲ့ သတ္တုဓာတ်တွေ ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးထားပါတယ်။ တစ်နေ့ကို နေကြာစေ့၊ ဖရုံစေ့ တို့လိုမျိုး အစေ့အဆန်တွေကို လက်တစ်ဆုပ်စာ ပုံမှန် စားသုံးပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။