backup og meta

ကိုယ်ဝန်ဆောင်မေမေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာ အစုစု

ကိုယ်ဝန်ဆောင်မေမေ ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာ အစုစု

ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်မှာ ပြောင်းလဲမှု များစွာကို ကြုံတွေ့ရနိုင်ပါတယ်။ အချို့သော ပြောင်းလဲမှုတွေက ထူးထူးခြားခြား သိပ်မဖြစ်လှပေမယ့် အချို့သောပြောင်းလဲမှုတွေကတော့ တော်တော်လေး မသက်မသာ ဖြစ်စေပါတယ်။

ဒီပြောင်းလဲမှုမှာက ဖြစ်ရိုးဖြစ်စဉ်တွေပါသလို သတိပေး လက္ခဏာတွေလည်း ပါနေတတ်ပါတယ်။ ဒီတော့ ဘာတွေက ဖြစ်ရိုးဖြစ်စဉ် ဖြစ်လို့ ဘာတွေက အချက်ပြ လက္ခဏာတွေလဲ။ စိုးရိမ်ဖို့ လိုမလား၊ မလိုဘူးလားဆိုတာကို သိနိုင်ဖို့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ ပြောင်းလဲမှု အစုစု

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ပြောင်းလဲမှုကို ခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပေမယ့် အများစုကတော့ ဒီပြောင်းလဲမှုတွေကို တွေ့ကြုံရစမြဲပါ။

ဝမ်းချုပ်ခြင်း

ဒါက ကိုယ်ဝန်ဆောင် မေမေတိုင်းလိုလို ကျော်သွားလို့ မရတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပေါ့။ ကိုယ်ဝန် အစောပိုင်းကာလမှာ ခံစားကြရတာ များပါတယ်။

အကြောင်းကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲတာကြောင့်ပါ။ ကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုက မေမေတို့ကို ဝမ်းချုပ်စေရတဲ့ အချက်ပါပဲ။

ကြွက်တက်ခြင်း

ကြွက်တက်တယ်ဆိုတာ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ကြွက်သားထဲက စူးခနဲ နာကျင်မှုပါ။ ခြေသလုံး​ ကြွက်သားနဲ့ ခြေထောက်မှာ အဖြစ်များပါတယ်။  ညဘက်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ကြွက်တက်ရတဲ့ အကြောင်းအရင်းကို ဘယ်သူကမှ သေသေချာချာ မသိရသေးပါဘူး။

ပင်ပန်းနွမ်းနယ်ခြင်း

ကိုယ်ဝန်ဆောင် မေမေ အများစုဟာ မူးဝေတာ၊ အားမရှိသလို ခံစားရတာတွေကို ခံစားရလေ့ရှိပါတယ်။ အကြောင်းကတော့ ဟော်မုန်း အပြောင်းအလဲကြောင့်ပါ။ တစ်ခါတလေမှာ ဒီလို ဖြစ်ရတာက ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု မလုံလောက်ဘဲ အောက်ဆီဂျင် ရရှိမှု နည်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပူသလို အိုက်သလို ခံစားရခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက် ပိုပြီး ပူတယ်၊ အိုက်တယ်လို့ ခံစားရနိုင်ပါတယ်။ အကောင်းကတော့ ဟော်မုန်းပြောင်းလဲမှုဖြစ်တာရယ် အရေပြားဆီ သွေးစီးဆင်းရောက်ရှိမှု ပိုများလာတာကြောင့်ပါ။ ချွေးတွေလည်း ပိုထွက်နိုင်ပါတယ်။

ဆီးမထိန်းနိုင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးဖွားပြီးချိန်မှာ ဆီးမထိန်းနိုင်တာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ရပ်ပါ။ နှာချေတဲ့အခါ၊ ချောင်းဆိုးတဲ့အခါ၊ ရယ်တဲ့အခါတွေမှာ မထိနးနိုင်ဘဲ ဆီးထွက်ကျတာမျိုး။ ထိုင်နေရာကနေ ထလိုက်တဲ့အခါမှာ ဆီးထွက်ကျတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒါက ရေရှည်စွဲကျန်ခဲ့မယ့် ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ ကလေးမွေးဖွားဖို့နဲ့ ကလေးမွေးဖွားပြီးချိန်မှ ဆီးအိမ်တဝိုက်က ကြွက်သားတွေ ပြေလျော့နေတဲ့ သဘောပါ။

ဆီးခဏခဏ သွားခြင်း

ကိုယ်ဝန် အစောပိုင်းကာလကနေစပြီး ကိုယ်ဝန်ဆောင်ကာလ တလျှောက်လုံး ဆီးခဏခဏ သွားရတာမျိုးကြုံရနိုင်ပါတယ်။ ဘေဘီလေးရဲ့ ဦးခေါင်းက ဆီးအိမ်ကို ဖိထားတာ​ကြောင့် ဆီးခဏခဏ သွားရတာပါ။

ခြေလက်တွေ ဖောရောင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဖောရောင်တာကိုလည်း ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာပေါ့။ နေရထိုင်ရ မသက်မသာဖြစ်နိုင်ပေမယ့် အန္တရာယ်တော့ မရှိပါဘူး။

အသားအရေ ပြောင်းလဲခြင်း

ကိုယ်ဝန်ဆောင်ကာလမှာ ဟော်မုန်း အပြောင်းအလဲကြောင့် ရင်သားထိပ်တွေ အရောင်ရင့်လာတာ၊ အသားအရေတွေ အရောင်ပြောင်းတာမျိုး အရေပြားမှာ အကွက်လိုက် မဲတာမျိုးတွေ ခံစားရနိုင်ပါတယ်။

မွေးရာပါအမှတ်တေါ၊ မှဲ့တွေ အရောင်ရင့်လာတာမျိုး ရှိနိုင်သလို ဗိုက်အလယ်မှာ အနက်ရောင် အစင်းကြောင်း ပေါ်လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲနေတာကြောင့် အရေပြားက နေလောင်လွယ်တာမျိုးလည်း ရှိနိုင်ပါတယ်။

ဆံသား ပြောင်းလဲခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဆံသားပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဆံပင်တွေ ပိုသန်လာတာမျိုးပေါ့။ ကလေးမွေးဖွားပြီးချိန်မှာ ဆံပင်ကျွတ်တယ်ဟုတ်။ အဲ့အခါ ကျွတ်သွားတဲ့ ဆံပင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲကြောင့် ပေါက်ခဲ့တဲ့ ဆံပင်တွေသာဖြစ်လို့ မစိုးရိမ်ပါနဲ့လို့ ပြောပါရစေ။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Common health problems in pregnancy https://www.nhs.uk/conditions/pregnancy-and-baby/common-pregnancy-problems/ Accessed Date 2 September 2020

Common health problems in pregnancy http://www.cyh.com/HealthTopics/HealthTopicDetails.aspx?p=438&np=462&id=2780 Accessed Date 2 September 2020

ယခုပုံစံ

21/07/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်မေမေ စိတ်ခံစားမှု ကောင်းစေဖို့

ကိုယ်ဝန်ဆောင် နဲ့ ကိုယ်ခံအား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement