ဓာတ်မတည့်တာက အတော်လေး ခံရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အရွယ်မရွေးဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့ ။ ဒီ အလက်ဂျီ ပြဿနာက အရွယ်ရောက်မှ ဖြစ်တာလား။ မွေးရာပါတတ်လားဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားမယ်နော်။
ထွက်မှာ သေချာပြီလား။
ဓာတ်မတည့်တာက အတော်လေး ခံရခက်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ အရွယ်မရွေးဖြစ်နိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့ ။ ဒီ အလက်ဂျီ ပြဿနာက အရွယ်ရောက်မှ ဖြစ်တာလား။ မွေးရာပါတတ်လားဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးသွားမယ်နော်။
လေ့လာမှုတွေအရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာကို ခံစားရမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာလည်း ဓာတ်မတည့်မှု ခံစားရနိုင်ခြေ ရှိပါတယ်။ လို့ Agency for Science, Technology and Research က သတင်းထုတ်ပြန်ခဲ့ပါတယ်။
လေ့လာမှုအရ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာ တစ်ခုခုကို ခံစားရတဲ့ အခါ ခန္ဓာကိုယ်က immunoglobulin E (IgE) လို့ခေါ်တဲ့ ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့ ပဋိပစ္စည်းတွေကို ထုတ်လွှတ်ပါတယ်။
ဒီဓာတ်ပစ္စည်းတွေက အချင်းကနေတဆင့် ဘေဘီလေးဆီကို ရောက်သွားတဲ့အခါ ဘေဘီလေးရဲ့ ကိုယ်ခံအားဆဲလ်တွေက ဓာတ်မတည့်မှုကို တုံ့ပြန်တဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပါတယ်။ ဒီလိုကနေ ဘေဘီလေးမှာ ဓာတ်မတည့်မှု လက္ခဏာဖြစ်တဲ့ နှာစေးတာ၊ ပန်းနာရင်ကျပ်လို လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဓာတ်မတည့်တာ တစ်ုခုနဲ့ ထိတွေ့မိမယ်ဆိုရင် မွေးလာမယ့် ဘေဘီလေးမှာ အဆိုပါ ဓာတ်မတည့်မှု လက္ခဏာကို ခံစားရနိုင်ပါတယ်။
မေမေတို့အနေနဲ့ ဘေဘီလေးမှာ ဓာတ်မတည့်မှု လက္ခဏာ မဖြစ်စေချင်ဘူးဆိုရင် ကိုယ်ဝန်ဆောင်နေချိန်မှာ ဓာတ်မတည့်မှုကိုဖြစ်စေနိုင်တဲ့အရာတွေဖြစ်တဲ့ ပန်းဝတ်မှုန်၊ ရော်ဘာစေး၊ ကီဝီသီး လိုမျိုး ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ အရာတွေကို တတ်နိုင်သမျှ မထိတွေ့မိအောင် ဂရုစိုက်ဖို့ လိုပါမယ်။
ဤကိရိယာသည် အမျိုးသမီးများအတွက် ကိုယ်ဝန်မဆောင်ခင်က ရှိသည့် ကိုယ်အလေးချိန်ပေါ် မူတည်၍ ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်အလေးချိန် မည်မျှရှိသင့်သည်ကို တွက်ချက်ပေးခြင်း ဖြစ်ပါသည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Maternal Influences over Offspring Allergic Responses https://www.ncbi.nlm.nih.gov/pmc/articles/PMC4445968/ Accessed Date 24 November 2020