လိမ္မော်သီး၊ စပျစ်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီးလိုမျိုး အချဉ်ဓာတ်များတဲ့ အသီးအနှံတွေကနေ ဗီတာမင်စီဓာတ်ကို လုံလောက်စွာရရှိနိုင်ပါတယ်။ ဗီတာမင် စီဓာတ်သည် အရေပြားကို ကျန်းမာလန်းဆန်းစေသလို အရေပြားဆဲလ် ထုတ်လုပ်နှုန်းကိုလည်း မြှင့်တင်ပေးလို့ အသားအရေကို ပြန်လည် ဖြူစင်ဝင်းပလာစေပါတယ်။
၂။ ရေများများ သောက်ပေးပါ။
ရေဓာတ်ဟာ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးဖို့ အလိုအပ်ဆုံး အာဟာရဓာတ်တွေထဲက တစ်ခုပါ။ ရေဓာတ်ပြည့်ဝမှသာ အရေပြားက လန်းဆန်းကျန်းမာပြီး တင်းတိပ်၊ ဝက်ခြံ စတဲ့ အရေပြားပြဿနာတွေကို လျော့နည်းသွားစေမှာပါ။
၃။ မျက်နှာကို သခွားသီးပါးပါးလှီး ကပ်ပေးပါ။
သခွားသီး အသားအရေအတွက် ရေဓာတ်ဖြည့်တင်းပေးသလို ဓာတုပစ္စည်းမပါဝင်ဘဲ အစိုဓာတ်ပါ ထိန်းပေးနိုင်ပါတယ်။ အသားအရေဖြူစင်ဝင်းပလာစေဖို့၊ ပြန်လည်ပြုပြင်ပေးဖို့ကို Skin Care ပစ္စည်းတွေအစား ဒီလို အိမ်သုံးပစ္စည်းတွေနဲ့ ကုစားပေးလို့ ရပါတယ်။
၄။ အိပ်ချိန်ကို အမြဲဂရုစိုက်ပါ။
အပြင်ကနေ အသားအရေတွေ ထိန်းသိမ်းပေးပြီးရင် ခန္ဓာကိုယ်အတွက် အရေပြားဆဲလ်တွေကို အလိုအလျောက်ပြန်လည်ပြုပြင်ဖို့ အိပ်ချိန်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကောင်းစွာ အိပ်စက်အနားယူတဲ့အခါ မျက်နှာက လန်းလန်းဆန်းဆန်း ဖြစ်နေသလို အသားဖြူစင်ဝင်းပဖို့လည်း ပိုမြန်တဲ့အတွက် အရေပြားပေါ်က တင်းတိပ်တွေကို လျော့ပါးသွားအောင် ကူညီပေးနိုင်မှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာ ထွက်တဲ့ တင်းတိပ်ပြဿနာက ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်လို့ အများစုက မီးဖွားပြီး ဟော်မုန်းတွေ ပုံမှန်ပြန်ဖြစ်သွားရင် သက်သာသွားပါတယ်။ မသက်သာဘူးဆိုရင်တော့ အရေပြားဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။