backup og meta

ကိုယ်ဝန်ဆောင် မေမေ ဘာတွေ ခံစားရနိုင်လဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် မေမေ ဘာတွေ ခံစားရနိုင်လဲ။

    မေမေ တစ်ယောက် ဖြစ်ရတာ မလွယ်ကူလှပါဘူး။ ဒါကြောင့်လည်း မိဘကျေးဇူး မြင့်မိုရ်ဦးလို့ ပြောကြတာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အစားအသောက် အနေအထိုင်တင် ဆင်ခြင်ရတာမဟုတ်ဘဲ အစစအရာရာ သတိထားရတာပါ။ ဒါတင်လားဆိုတော့ မဟုတ်သေး ပြန်ပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာ သတိထားပေမယ့်လည်း မလွှဲမရှောင်သာ ခံစားရတဲ့ ပြဿနာတွေ အများကြီးပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတစ်ယောက် ဘယ်လို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်လဲ ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါနော်။

    ကိုယ်ဝန်ဆောင်မေမေ ဘာတွေ ခံစားရနိုင်လဲ။

    ကိုယ်ဝန်ဆောင်ချိန်မှာ အရမ်း မပြင်းထန်ပေမယ့် သေချာ ဂရုစိုက်ဖို့ လိုအပ်မယ့် အခုလို ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

    ဒါတွေကို ကာကွယ်လို့ရလား………….

    ကံကောင်းတာက ကိုယ်ဝန်ဆောင်တိုင်း ဒီပြဿနာတွေကို မလွဲမသွေ ခံစားရမယ် ဆိုတာမျိုး မဟုတ်ဘဲ ကာကွယ်လို့ ရတယ်ဆိုတာပါ။ ဘယ်လို ကာကွယ်ရမလဲဆိုတော့

    ရေများများသောက်တာက ကြွက်တက်တာကို ကာကွယ်နိုင်သလို ကိုယ်ဝန်အစောပိုင်းကာလ ပျို့အန်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရေပြား ပြဿနာတွေကိုလည်း အထိရောက်ဆုံး ကာကွယ်နိုင်မှာဖြစ်သလို ကိုယ်ခံအားကိုလည်း အားဖြည့်ပေးနိုင်မှာပါ။

    အာဟာရပြည့်ဝအောင် ဂရုစိုက်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့အတွက် မေမေက အာဟာရပြည့်ဝအောင် စားဖို့ လိုပါမယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာ သန့်ရှင်းလတ်ဆတ်ပြီး အာဟာရ ပြည့်ဝတာတွေကိုပဲ စားစေချင်ပါတယ်။

    ပြူပြင်ထားတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကဖင်းများတာ၊ အချိုကဲတာတွေ၊ အချိုရည်တွေကို မစားသုံးပါနဲ့။ အာဟာရမဖြစ်သလို ဗိုက်ထဲက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်လို့ပါ။

    ဟင်းသီးဟင်းရွက်တွေ စားပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် အများစုက ဝမ်းချုပ်တဲ့ ပြဿနာကို ခံစားရပါတယ်။ အဆိုးရွားဆုံး အနေနဲ့ကတော့ လိပ်ခေါင်းရောဂါ ခံစားရတာပါ။

    ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းချုပ်တာနဲ့ လိပ်ခေါင်း ပြဿနာ ကင်းစေဖို့ဆိုရင် အမျှင်ဓာတ် ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။

    အိပ်ရေးဝဝအိပ်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခံအားက ပုံမှန်လောက် မကောင်းတာတော့ အမှန်ပါ။ ဒါကြောင့် ရောဂါပိုးတွေ ကူးစက်ခံရတာကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်နိုင်စေဖို့အတွက် အိပ်ရေးဝဝအိပ်ပါ။

    ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်ပေးသင့်ပါတယ်။ ဒီလို လုပ်ပေးတာက ဘေဘီလေးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး မေမေရော ဘေဘီလေးပါ ကျန်းမာစေမှာပါ။

    မွေးဖွားရလွယ်စေသလို ကိုယ်ဝန်ဆောင်ချိန် စိတ်ဓာတ်ကျတာကိုလည်း သိသိသာသာလျော့ချပေးနိုင်မှာပါ။

    ကာကွယ်ဆေးထိုးပါ

    ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ခံရနိုင်တဲ့ ရောဂါ အများစုကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ရှိပြီလို့ သိပြီဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကာကွယ်ဆေးတွေ သေချာလေး ထိုးနှံစေချင်ပါတယ်။ တုပ်ကွေး ကကွယဆေးကစလို့ လိုအပ်တဲ့ ကာကွယ်ဆေးတွေကို စုံလင်အောင် ထိုးပြီး ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာစေဖို့ ဂရုစိုက်လိုက်ပါ။

    ကဲ …… ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်နိုင်တဲ့ ရောဂါတွေကို သေချာလေး ကာကွယ်လိုက်ရအောင်လား………………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Aye Thi Mon မှ ရေးသားသည်။ · 20/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement