ဒါ့အပြင် သွေးအားနည်းခြင်းနဲ့ အရိုးပွရောဂါတွေကို ကာကွယ်ဖို့အတွက် အစာအုပ်စု အမျိုးစုံပါဝင်တဲ့ အစာတွေနဲ့ ဗီတာမင် ဘီ၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေ အများအပြားပါဝင်တဲ့ အစားအစာတွေကို စားသုံးဖို့ လိုအပ်ပါတယ်။
ကိုယ်ဝန်ဖျက်ချပြီးရင် သင့်ကိုယ်ခန္ဓာမှာ သွေးဆဲလ် အသစ်တွေ ထုတ်လုပ်ဖို့အတွက် ပရိုတင်းဓာတ်လိုအပ်တာကြောင့် ပရိုတင်းပါဝင်တဲ့ အစားအစာတွေကိုလည်း ပိုမို စားသုံးဖို့ လိုအပ်ပါတယ်။ ပရိုတင်းဓာတ် အများအပြား ပါဝင်တဲ့ အစားအစာတွေကတော့ ငါး၊ ဝက်၊ အခွံပါငါး၊ အမဲသား၊ သိုးသား၊ ကြက်ဆင်သား၊ ကြက်သား၊ ပဲတို့ ဖြစ်ပါတယ်။ ဒီအစားအစာတွေမှာ ပရိုတင်းဓာတ်တွေ ပါဝင်သလို သူတို့ဟာ သံဓာတ်နဲ့ ဗီတာမင် ဘီ တို့ ဖြည့်တင်းထားတာဖြစ်ပါတယ်။
အခြားတစ်ဖက်မှာတော့ ပရိုတင်းဓာတ်များပြီး အဆီနည်းတဲ့ အစားအစာတွေကို ရှာဖွေနေတယ်ဆိုရင် အမဲ ခါးဆစ်သား၊ အရေပြားမပါတဲ့ ကြက်သားနဲ့ တူနာငါးတို့ကို စားသုံးနိုင်ပါတယ်။ ငါးစားခြင်းဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ စိတ်ကျခြင်းကို သက်သာစေပါတယ်ဆိုတဲ့ သိပ္ပံနည်းအရ သက်သေပြချက်ရှိပြီး ဖြစ်ပါတယ်။
အဆီနည်းတဲ့ (သို့) အဆီမပါတဲ့ နို့ထွက်ပစ္စည်းတွေဟာ ကယ်လိုရီပမာဏ စားသုံးမှု နည်းနေစဉ်မှာ အားအင်ပြည့်ဖြိုးစေခြင်း၊ အရိုးနဲ့ သွားတွေကို ကာကွယ်ပေးခြင်း တို့ကို ဖြစ်စေတာမို့ စားသုံးသင့်ပါတယ်။ ထို့အတူ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင် ဒီ၊ ကယ်လ်ဆီယမ်နဲ့ ဗီတာမင် ဒီဓာတ်တွေ ပါဝင်ပါတယ်။
ပုံမှန်ထက်စာရင် အားဖြည့်ထားတဲ့ အနှံအစေ့တွေကို စားသုံးသင့်ပါတယ်။ သူတို့ဟာ ဗီတာမင် ဘီ၊ သံဓာတ်၊ အမျှင်ဓာတ်၊ ပရိုတင်းနဲ့ အခြားအရေးကြီးတဲ့ အာဟာရဓာတ်တွေကို ၁၀၀ ရာခိုင်နှုန်း ပေးစွမ်းနိုင်ပါတယ်။ သကြားနည်းပါးတဲ့ စပါး ထုတ်ကုန်တွေဖြစ်တဲ့ ဆန်ကြမ်းဟာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့အတွက် အသုံးပြုကြပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။