backup og meta

ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း

ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း

ကိုယ်ဝန်ဆောင်စဉ် အချိန်တွင် သန္ဓေသား ဖွံ့ဖြိုးမှုအတွက် ပုံမှန် အချိန်ထက် ရေဓါတ် ပိုမို လိုအပ်ပါတယ်။ ဗိုက်ထဲက ကလေးက ရေမသောက်နိုင်တဲ့အတွက် မိခင်က ရေများများ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ဝန်ဆောင်စဉ် ရေဓါတ်ခန်းခြောက်ခြင်း ကို ခံစားရနိုင်ပါတယ်။

ရေဓါတ်ခန်းခြောက်တာကို ဘယ်လို သိနိုင်မလဲ။

ခန္ဓါကိုယ် အပူချိန် တက်လာခြင်းက ရေဓါတ် နည်းနေပြီဆိုတဲ့ လက္ခဏာ တစ်ရပ် ပဲပေါ့။ သင့်ခန္ဓါကိုယ်မှာ ရေဓါတ် ပြည့်ဝနေရင် ခန္ဓါကိုယ်အပူချိန်ကို ကောင်းမွန်စွာ ထိန်းညှိထားနိုင်ပါတယ်။ နောက်တစ်ချက် အနေနဲ့ ဆီးအရောင်ဟာ အဝါရောင် ရင့်ရင့် ပြောင်းလာပြီ ဆိုရင် သင်ရေများများ သောက်ဖို့ လိုပြီဆိုတာ သိလိုက်ပါ။ ရေဓါတ်ခန်းခြောက်ခြင်းရဲ့ အခြားသော လက္ခဏာ တွေကတော့

  • အာခြောက်ပြီး စေးကပ်နေခြင်း
  • မကြာခဏ ရေငတ်ခြင်း
  • နုံးချိနေခြင်း
  • ဆီးသွား နည်းခြင်း
  • ခေါင်းကိုက်ခြင်း
  • ဝမ်းချုပ်ခြင်း
  • ခေါင်းမူးနောက်ခြင်း

အထက်ပါ လက္ခဏာ တွေအပြင် ရေဓါတ်ခန်းခြောက်ခြင်း အလွန်အမင်း ဆိုးရွားလျှင်

  • စိတ်ဂနာမငြိမ် ဖြစ်ခြင်း
  • သတိလစ်ချင်သလို ဖြစ်ခြင်း
  • ဆီးအလွန် နည်းခြင်း သို့မဟုတ် လုံးဝ ဆီးမသွားခြင်း
  • မျက်တွင်း ချိုင့်ဝင်နေခြင်း
  • အသက်ရှူနှုန်း မြန်ခြင်း
  • နှလုံးခုန်နှုန်း မြန်ခြင်း
  • သွေးပေါင်ချိန် ကျဆင်းခြင်း

ဘာကြောင့် ရေဓါတ်ခန်းခြောက်ရတာလဲ။

ခန္ဓါကိုယ်မှ အသုံးပြုနေသော ရေပမာဏ ထက် သောက်သုံးသော ရေပမာဏက နည်းသောအခါ ရေဓါတ်ခန်းခြောက်ခြင်း ဖြစ်ပေါ်လာပါတယ်။ ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးရဲ့ အာဟာရ အဓိက ပံ့ပိုးပေးတဲ့ အချင်း ဖြစ်ပေါ်မှု အတွက် ရေဓါတ်များစွာ လိုအပ်ပါတယ်။ ရေဓါတ်ခန်းခြောက်ရခြင်းရဲ့ အဓိက ဖြစ်စေသော အကြောင်းရင်းများမှာ –

  • လေ့ကျင့်ခန်း လုပ်ဆောင်မှု များခြင်း
  • အလွန်အမင်း ဝမ်းလျှောခြင်း
  • အန်ခြင်း
  • အဖျား တက်ခြင်း
  • ချွေးထွက် လွန်ခြင်း
  • ရေသောက်သုံးမှု နည်းခြင်း တို့ဖြစ်ပါတယ်။

ရေဓါတ်ခန်းခြောက်ခြင်း က ကိုယ်ဝန်အပေါ်ဘယ်လိုသက်ရောက်မှု ရှိနိုင်လဲ။

ရေဓါတ်ခန်းခြောက်ခြင်း ကြောင့် အောက်ပါ ဆိုးကျိုးများ ဖြစ်ပွားစေနိုင်ပါတယ်။

  • ကလေး၏ အာရုံကြောဆိုင်ရာ ချို့ယွင်းမှု
  • ရေမြွှာရည် နည်းပါးခြင်း
  • လမစေ့ မွေးဖွားခြင်း
  • နို့ထွက်နည်းခြင်း
  • မွေးရာပါ ကိုယ်လက်အင်္ဂါ ချို့ယွင်းခြင်း

ရေဓါတ်ခန်းခြောက်ခြင်း မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ။

သေချာတာကတော့ ရေနှင့် အခြား အရည် များများ သောက်သုံးဖို့ လိုအပ်ပါတယ်။ ကဖင်းဓါတ် ပါဝင်သော ပစ္စည်းများ စားသုံးမှုကိုလည်းလျှော့ချဖို့ လိုပါတယ်။ ကဖင်းဓါတ်က ဆီးသွားများစေတဲ့ အတွက် ရေဓါတ် ဆုံးရှုံးမှုကို များစေနိုင်ပါ တယ်။ ချွေးထွက်လွန်ခြင်း မဖြစ်အောင် လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်းနှင့် ပူပြင်းတဲ့ရာသီမှာ အပြင်ထွက်တာ ကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။

ဘယ်နေရာကိုသွားသွား အပြင်သွားတိုင်း ရေတစ်ဘူးအမြဲဆောင်သွားပါ။ တစ်နေ့ရေ မည်သည့် ပမာဏလောက် သောက်ဖြစ်တယ်ဆိုတာကို မှတ်ထားဖို့လိုပါတယ်။ နေ့စဉ် အနည်းဆုံး ရေ ၁၂ ဖန်ခွက် သောက်ဖို့လိုအပ်ပါတယ်။

အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်နေရင်တော့ အစားစားနေရင်းရေမသောက်ဘဲ အချိန်အနည်းငယ်ခြားပြီးမှသောက် ပါ။ မနက်ပိုင်း ပျို့အန်တာ အလွန်ဆိုးရွားလျှင် ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 21/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement