ကလေး အသေမွေးခြင်း (Stillbirth) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
ကလေး အသေမွေးခြင်း (Stillbirth) ဖြစ်ပွားနိုင်ချေကို မြင့်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်
- အရင်က ကလေးအသေမွေးဖူးခြင်း
- အရက်၊ ဆေးလိပ်နဲ့ မူးယစ်ဆေးအသုံးပြုခြင်း
- အဝလွန်ခြင်း (BMI 30နဲ့အထက်)
- အမြွာကိုယ်ဝန်ဆောင်ထားခြင်း
- ရောဂါအခံရှိခြင်း
- အသက် ၃၅ နှစ်အထက် ဖြစ်ခြင်း
- အာဟာရချို့တဲ့ခြင်း စတာတွေကြောင့်ပါ။
ရောဂါအဖြေရှာခြင်းနဲ့ ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ။
ကလေး အသေမွေးခြင်း (Stillbirth)ကို ဘယ်လိုအတည်ပြုပါသလဲ
များသောအားဖြင့်တော့ ဗိုက်ထဲက ကလေး ဆုံးသွားပြီလို့ ယူဆတဲ့အခါ အယ်ထွာဆောင်းနဲ့ ကလေးနှလုံးခုန်မခုန်ကို စစ်ဆေးလို့ ရပါတယ်။
ကလေး အသေမွေးပြီးတဲ့အခါ ဘာဆက်လုပ်ရမလဲ။
မွေးရမယ့် အချိန်လည်း မရောက်သေးဘဲ ဗိုက်ထဲမှာကလေးဆုံးသွားတယ်ဆိုရင် လုပ်လို့ရတာ ၃ခုရှိပါတယ်။
(၁) ကလေးမွေးအောင် လှုံ့ဆော်တာ
ဆေးတွေပေးပြီး ဆုံးသွားတဲ့ ကလေးကို မွေးထုတ်လိုက်တာပါ။ အထူးသဖြင့်
- မိခင်မှာ ကိုယ်ဝန်ဆိပ်တက်တာကြောင့် ကလေးဆုံးသွားတဲ့အခါ
- မိခင်မှာ ရောဂါပိုးဝင်နေတဲ့အခါ
- ရေမြွာရည်ပေါက်သွားတဲ့အခါ
- မိခင်မှာ သွေးမတိတ်ရောဂါတစ်ခုခု ရှိနေတဲ့အခါ (ဆုံးသွားတဲ့ သန္ဓေသားကြောင့် မိခင်မှာ DICလို့ခေါ်တဲ့ သွေးမတိတ်တဲ့ ဖြစ်စဉ် ဖြစ်လာနိုင်လို့ပါ)
(၂) သဘာဝအတိုင်း မွေးတာကို စောင့်တာ
ကလေးက ဆုံးသွားပေမယ့် သူ့ဂျူးဒိတ်ရောက်တဲ့အခါ ဗိုက်နာပြီး မွေးတာမျိုး ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ဒီလိုစောင့်မယ်ဆိုရင် ခုနကပြောတဲ့ DICအခြေအနေကို စောင့်ကြည့်နေဖို့ လိုပါတယ်။ နောက်ပြီး အချိန်ကြာလာတာနဲ့အမျှ ကလေးက ပုံပျက်လာနိုင်တာကိုလည်း သိထားဖို့ လိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။