backup og meta

ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း ကဖင်းဓါတ်ကြောင့် သင့်ကလေးကိုမည်ကဲ့သို့သက်ရောက်နိုင်သနည်း။


Dr. Kaung Thar မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း ကဖင်းဓါတ်ကြောင့် သင့်ကလေးကိုမည်ကဲ့သို့သက်ရောက်နိုင်သနည်း။

    သင်ကိုယ်ဝန်ဆောင်တော့မည်ဆိုလျှင် ကဖင်းဓါတ် (caffeine) ကို လုံးဝရပ်စရာမလိုပါဘူး။ သို့သော်လည်း တစ်နေ့လျှင် ကဖင်းနှစ်ရာမီလီဂရမ်ထက်ပိုမိုသောက်သုံးနေပြီဆိုပါက သင်၏အတိုင်းအတာကို ကန့်သတ်ဖို့တော့လိုအပ်ပါလိမ့်မည်။ တစ်နေ့လျှင် လက်ဖက်ရည် မတ်ခွက်နှစ်ခွက် ၊ကော်ဖီမစ်ထုတ် မတ်ခွက်နှစ်ခွက် သို့မဟုတ် ကြိတ်ထားသောကော်ဖီစေ့ကိုဖျော်ထားသော မတ်ခွက် တစ်ခွက် သည် သင့်ကို ကဖင်းနှစ်ရာမီလီဂရမ် သတ်မှတ်ချက်အတွင်း ထိန်းထားပေးနိုင်ပါသည်။

    ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်း ကဖင်း (caffeine) များစွာသောက်သုံးလျှင် မည်သည်တို့ဖြစ်နိုင်သနည်း။

    ကိုယ်ဝန်ဆောင်နေစဉ်အတောအတွင်းသတ်မှတ်ထားသော ပမာဏထက် ကဖင်းပိုမိုသောက်သုံးပါက ကိုယ်ဝန်ပျက်ကျနိုင်ချေ အန္တရာယ်များပါသည်။ ပေါင်ချိန်မပြည့်သော ကလေးမွေးခြင်း အန္တရာယ် လည်း ပိုများလာနိုင်သည်။ သို့သော်လည်း တစ်ခါတစ်လေ ကဖင်းနှစ်ရာမီလီဂရမ်ထက်ပိုသောက်မိသွားပါကလည်း အရမ်းတော့စိတ်မပူပါနှင့်။ ဖြစ်ပွားနိုင်ချေသည် အလွန်နည်းပါသည်။

    ကဖင်းသည် ကလေးအပေါ်မည်ကဲ့သို့လွှမ်းမိုးမှုရှိသနည်း။

    သင်သည်ကော်ဖီတစ်ခွက်သောက်သောအခါတွင် ကဖင်းသည်အချင်းကိုဖြတ်၍ သင့်ကလေး၏သွေးလမ်းကြောင်းနှင့် ရေမြွှာရည် များထဲသို့ဝင်သွားသည်။ ကဖင်းသည် နှလုံးခုန်နှုန်းနှင့် ဇီဝရုပ်ဖြစ်ပျက်မှုများကို မြန်ဆန်စေသောကြောင့် သင့်ကိုပိုမိုတက်ကြွစေနိုင်သလို မမွေးသေးသော သင့်ကလေးအပေါ်တွင်လည်း တူညီသောသက်ရောက်မှုရှိပါသည်။ ဆိုလိုသည်က ကော်ဖီသောက်ပြီးသောအခါတွင် သင့်ကလေးသည် ငြိမ်ငြိမ်နေတော့မည်မဟုတ်ပါ။ ကဖင်းအများကြီးသောက်သုံးလျှင် သင့်ကလေးအပေါ်တွင် မကောင်းသောသက်ရောက်မှုရှိပါသည်။ လေ့လာချက်များအရ တစ်နေ့လျှင် ကဖင်းငါးရာမီလီဂရမ်ထက်ပိုသောက်သော မိခင်များ၏ကလေးများသည် အောက်ပါအန္တရာယ်များရှိပါသည်။

    • နှလုံးခုန်နှုန်းပိုမြန်ခြင်း
    • အသက်ရှူနှုန်းပိုမြန်ခြင်း
    • အိပ်ချိန်နည်းပါးခြင်း

    ကဖင်း (Caffeine) သည် မိခင်၏ခန္ဓါကိုယ်ကိုမည်ကဲ့သို့လွှမ်းမိုးမှုရှိသနည်း။

    အကယ်၍သင်သည် ကဖင်းပမာဏများပြားစွာ သောက်နေပြီဆိုပါက အိမ်သာခဏခဏသွားရပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော ်ကဖင်းသည် ဆီးသွားစေသော အာနိသင်ရှိသောကြောင့်ဖြစ်ပါသည်။ ကဖင်းသည် သင့်အစာအိမ်ထဲတွင်ရှိသော အက်ဆစ်ကိုပိုထွက်စေသည်။ဤအရာသည် တစ်ခါတစ်ရံတွင် ဗိုက်အောင့်ဗိုက်နာခြင်း သို့မဟုတ် ဝမ်းပျက်ဝမ်းလျှောခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။ အိပ်ခါနီး ကဖင်းပမာဏများစွာသောက်သုံးပါက သင်ညဘက်များတွင်အိပ်မပျော်ဘဲရှိနေတတ်သည်။ ကဖင်းပမာဏ ခန္ဓါကိုယ်ထဲတွင်ကုန်ဆုံးသွားသော အခါတွင်ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေလိမ့်မည်။ ကော်ဖီများ၊ လက်ဖက်ရည်များကိုအစာများနှင့်အတူမသောက်ပါနှင့်။ အဘယ်ကြောင့်ဆိုသော် ထိုကော်ဖီ၊ လက်ဖက်ရည် တို့တွင် သင်စားသုံးလိုက်သော အစားအစာ (အသားမပါပါ) များမှသံဓါတ်စုပ်ယူမှုများကို လျော့နည်းစေသောကြောင့်ဖြစ်သည်။

    နေ့စဉ်အစားအစာများထဲတွင်ကဖင်းမည်မျှပါဝင်သင့်သနည်း။

    ကော်ဖီ၊ရေနွေးကြမ်းအပါအဝင်လက်ဖက်ရည်၊ကိုလာ၊အချို့စွမ်းအားပြည့်အချိုရည်များနှင့်ချောကလက်များအားလုံးသည်ကဖင်းပါဝင်ပါသည်။

    အစားအစာ(သို့) အချိုရည် ကဖင်းပါဝင်မှုပမာဏ ကဖင်း ၂၀၀ မီလီဂရမ် နှင့်ညီမျှသောပမာဏ
    ကော်ဖီမစ် ၁၀၀ မီလီဂရမ် မတ်ခွက် ၂ ခွက်
    လက်ဖက်ရည် ၇၅ မီလီဂရမ် မတ်ခွက် ၂ ခွက်
    ကော်ဖီကြမ်း ၁၄၀ မီလီဂရမ် မတ်ခွက် ၁ ခွက်
    လက်ဖက်စိမ်းရည် ၅၀ မီလီဂရမ် မတ်ခွက် ၄ ခွက်
    ကိုလာ ၄၀ မီလီဂရမ် ၅ ဘူး
    အားဖြည့်အချိုရည် ၈၀ မီလီဂရမ် ၂ ဘူး
    ရိုးရိုးချောကလက် ၅၀ မီလီဂရမ် ၄ ချောင်း (အသေး)
    နို့ချောကလက် ၂၅ မီလီဂရမ် ၈ ချောင်း(အသေး)

    ဆိုင်မှာ ကော်ဖီသောက်မည်ဆိုလျှင် အက်စပရယ်ဆိုတွင်ပါဝင်သော ကဖင်းပမာဏသည် တစ်ဆိုင်နှင့်တစ်ဆိုင်မတူညီကြပါ။ အက်စပရယ်ဆိုတွင် ပါဝင်သော ကဖင်းပမာဏသည် ဆိုင်ပေါ်မူတည်ပြီး ၅၀ မီလီဂရမ် မှ ၃၀၀ မီလီဂရမ်ထိ ကွဲပြားမှုရှိနိုင်သည်။ ထို့ကြောင့် ကပ်ပချီနိုခပ်ပြင်းပြင်းတစ်ခွက်နဲ့ပင် သင့်တစ်နေ့တာ သောက်သင့်သည့် အတိုင်းအတာကို ကျော်လွန်သွားစေနိုင်သည်။

    သင်သည် ကိုယ်ဝန်ဆောင်စဉ် ကဖင်းပါသော ဖျော်ရည်များအစား နွားနို့၊သစ်သီးဖျော်ရည် နဲ့ရေကိုသာ သောက်သုံးသင့်သည်။ သင် သည် ဆေး ဖက်ဝင် လက်ဖက်ရည်ကို နှစ်သက်သူဆိုလျှင် ထိုလက်ဖက်ရည်အချို့သည် ကဖင်းပါဝင်တယ်ဆိုတာကို သိထားပေးပါ။ ဆေးဖက်ဝင်လက်ဖက်ရည်အချို့တွင် ကိုယ်ဝန်ဆောင်အတွက် စိတ်မချရသော ဆေးဖက်ဝင် အပင် အချို့ပါဝင်နိုင်ပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement