ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် ခြင်း အကြောင်း သိကောင်းစရာ

ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် တာ (အထူးသဖြင့် ကိုယ်ဝန်တတိယပတ်မှာ) အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ ခြေထောက်ကြွက်တက်တာ၊ ကြွက်သားနာကျင်တာတွေကို ခံစားရလေ့ရှိပြီး ညနေဖက်အချိန်တွေမှာ ပိုပြီးအဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် တာ ဘာကြောင့်လဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေ ကြွက်တက်ရခြင်းအကြောင်းရင်းနဲ့ ပတ်သက်လို့ ဘယ်သူမှ အသေအချာ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတာက ကိုယ်ဝန်လရင့်ပြီး ဗိုက်အလေးချိန်ပိုလာတာနဲ့အမျှ အဆိုပါ ကိုယ်ဝန်ကို သယ်ဆောင်ထားရတဲ့ ခြေထောက်ကြွက်သားတွေအနေနဲ့ ပိုပြီးပင်ပန်းနွမ်းနယ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။ တဖြည်းဖြည်း ကြီးထွားလာတဲ့ ကိုယ်ဝန်အနေနဲ့ ခြေထောက်ကနေ နှလုံးကိုသွားတဲ့ သွေးပြန်ကြောတွေကို ဖိတဲ့အခါ ဒါမှမဟုတ် ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ခြေထောက်ကို သွားတဲ့ အာရုံကြောတွေကို ဖိတဲ့အခါ ဒီအခြေအနေက ပိုဆိုးလာနိုင်ပါတယ်။ ခြေထောက်ကြွက်သား နာကျင်ခြင်း၊ ကြွက်တက်ခြင်းဟာ ကိုယ်ဝန်ဒုတိယပတ်လောက်မှာ စတင်ဖြစ်ပေါ်လာနိုင်ပြီး ကိုယ်ဝန်လရင့်လာလေ ပိုဆိုးလေ ဖြစ်လာပါလိမ့်မယ်။။ ခြေထောက်ကြွက်တက်နာကျင်ခြင်းဟာ နေ့အချိန်မှာလည်း ဖြစ်ပေါ်နိုင်ပေမယ့် ညဖက်မှာ အဓိက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်းကို ဘယ်လိုသက်သာအောင် လုပ်မလဲ

ကိုယ်ဝန်ဆောင်စဉ် ရင်ပူခြင်းကို ဘယ်လိုသက်သာအောင် လုပ်မလဲ။ ရင်ပူခြင်းဟာ ကိုယ်ဝန်ဆောင်နေစဉ် မိခင်တွေ တစ်ချိန်ချိန်မှာ ကြုံတွေ့နိုင်တဲ့ အရာ ဖြစ်ပါတယ်။ ဒါဟာ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အစာအိမ်ရဲ့ အပေါ်မှာ အဆို့ရှင်တစ်ခုရှိပြီး သူဟာ အစာခြေပြီးသားအစာတွေနဲ့ အက်ဆစ်တွေကို အစာအိမ်အတွင်းမှာ ထားဖို့ ကူညီပေးပါတယ်။ ကိုယ်ဝန်ရှိစဉ်မှာ ဖြစ်ပေါ်လာတဲ့ ဟော်မုန်း progesterone ဟာ ဒီအဆို့ရှင်အလုပ်လုပ်မှုကို အနားယူစေတာမို့ အစာခြေပြီးသား အစာတွေနဲ့ အက်ဆစ်တွေဟာ အပေါ်ကို ပြန်တက်သွားနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ မိခင်ဟာ ရင်ပူခြင်းကို ခံစားရနိုင်ပါတယ်။ ကံကောင်းတာကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ရင်ပူခြင်းကို သက်သာစေမယ့် လုံခြုံစိတ်ချရပြီး ထိရောက်တဲ့ နည်းလမ်းတွေ ရှိပါတယ်။   ၁။ နေ့စဉ် အစားအသောက်တွေကို ထိန်းချုပ်ပါ။ အစာစားစဉ်မှာ အနည်းငယ်သာစားသင့်ပါတယ်။ အစာတွေရဲ့ သိပ်သည်းဆကို တိုးမြှင့်ခြင်းဟာ ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် သာမက ရင်ပူခြင်းကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

စိတ်ကျန်းမာရေးနှင့် ကိုယ်ဝန်ပျက်ကျခြင်း

စိတ်ကျန်းမာရေး နဲ့ ကိုယ်ဝန်ပျက်ကျခြင်းဆက်နွယ်မှုဟာ နှစ်ပေါင်းများစွာ အငြင်းပွားစရာတစ်ခု ဖြစ်နေခဲ့ပါတယ်။ ကိုယ်ဝန်ပျက်ကျဖူးတာဟာ အမျိုးသမီးတွေကို စိတ်ပိုင်းဆိုင်ရာ နဲ့ ခံစားချက်ပိုင်းဆိုင်ရာအတွက် ပြသနာတွေ ဖြစ်စေနိုင်တယ်လို့ လူတော်တော်များများကာ အတွေးအမြင်ရှိကြပါတယ်။ ကိုယ်ဝန်ပျက်ကျဖူးတဲ့ အမျိုးသမီးတွေမှာ စိတ်ခံစားချက်နဲကိုယ်ခန္ဓါ ကျန်းမာရေးအတွက် သက်ရောက်မှုရှိနိုင်တယ်ဆိုပေမယ့် ဒီဆက်စပ်မှုနဲ့ပတ်သတ်ပြီး မရှင်းမလင်းဖြစ်နေဆဲ ဖြစ်တဲ့အတွက် ဆက်လက်လေ့လာ စစ်ဆေးရှာဖွေဖို့ လိုအပ်ပါတယ်။   ကိုယ်ဝန်ပျက်ကျဖူးတဲ့ အမျိုးသမီးမှာ ဘယ်လို စိတ်ကျန်းမာရေးပြသနာတွေနဲ့ ရင်ဆိုင်ရနိုင်သလဲ? ကိုယ်ဝန်ပျက်ကျပြီး မမျှော်လင့်ထားတဲ့ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေ ကြုံတွေ့ရပြီးနောက်မှာ အမျိုးသမီးအများစုဟာ ဘဝရဲ့ ရိုးရှင်းတဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ဖို့ သူတို့အတွက် အခက်အခဲဖြစ်လာတာကို သိရှိလာခဲ့ပါတယ်။ ဒီကိုယ်ဝန်ပျက်ကျတာဟာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို ထင်ထားတာထက်ပိုပြီး ထိခိုက်နိုင်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းကြောင့် ဖြစ်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ မကောင်းတဲ့ပြသနာတွေထဲက အရေးကြီးဆုံးပြသနာက ကလေးဟာ အမြဲတမ်းရှင်သန်နေတယ် လို့ယုံကြည်ထားခြင်းပဲဖြစ်ပါတယ်။ လူတစ်ယောက်ဘဝဟာ မျိုးအောင်သွားတဲ့ အချိန်မှာ စတယ်လို့မယုံကြည်တဲ့သူတွေက ကိုယ်ဝန်ပျက်ကျခြင်းရဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း

အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း(သားအိမ်နှင့် အချင်းကို သွေးပို့ပေးသည့်သွေးကြောများ မလုံလောက်ခြင်း)သည် ကိုယ်ဝန်ဆောင်များတွင် ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးတခု ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည် အချင်းသည် ကောင်းမွန်စွာ မဖွံ့ဖြိုးခြင်း၊ ပျက်စီးခြင်းကြောင့် သနေ္ဓသားဆီသို့ အောက်ဆီဂျင် နှင့် အာဟာရဓါတ်များ လုံလောက်စွာ မပို့ပေးနိုင်ခြင်းဖြစ်သည်။   အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း ကို ဖြစ်စေသော အကြောင်းများက ဘာတွေလဲ။ အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် သွေးနှင့် ပက်သတ်သောရောဂါများ နှင့် ဆက်စပ်လျက်ရှိသည်။ သို့သော် ဆေးဝါးများ၊ စားသောက်နေထိုင်မှု အကျင့်များနှင့် လည်း သက်ဆိုင်ပါသည်။ အဖြစ်များစေသော အကြောင်းများမှာ   ဆီးချိုရောဂါရှိခြင်း သွေးတိုးရောဂါရှိခြင်း သွေးအားနည်းခြင်း သွေးကျဲဆေးများ မှီဝဲနေခြင်း မူးယစ်ဆေးများ (ကိုကင်း၊ ဟီးရိုးအင်း နှင့် စိတ်ကြွဆေးများ) အလွဲသုံးစားပြုနေခြင်း တို့ဖြစ်သည်။ အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် အချင်းက သားအိမ်တွင် ကောင်းစွာ မကပ်တွယ်ခြင်း သို့မဟုတ် သားအိမ်နံရံမှ ကွာကျခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။   အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း၏ ရောဂါ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ခေါင်းကိုက်ရောဂါအကြောင်း

သင့်တွင် ကိုယ်ဝန်ရှိနေပြီဆိုပါက သင်သည် ခေါင်းကိုက်ခြင်းကို ခံစားရမည်မှာ သေချာပါသည်။ Migraine ဟုခေါ်သော ခေါင်းကိုက်ရောဂါသည် ကိုယ်ဝန်ဆောင်များတွင် အဖြစ်များသည်။ အထူးသဖြင့် ကိုယ်ဝန် ၃ လ ခန့်တွင်ပိုဖြစ်ပါသည်။ သင်သည် ထိုသို့ဖြစ်လာလျှင် မလွဲမသွေ နာကျင်မှုကို ခံစားရပေမည်။   Migraine ခေါင်းကိုက်ရောဂါကို ဖြစ်စေသော အကြောင်းများ Migraine ခေါင်းကိုက်ရောဂါကို ဖြစ်စေသော အကြောင်းများကို သေချာစွာ မသိရသေးပါ။ သို့သော် ထိုခေါင်းကိုက်ရောဂါသည် အာရုံကြောလမ်းကြောင်းများတွင် ရှိသော အာရုံကြောဓါတုပစ္စည်းများနှင့် ဦးနှောက်ထဲတွင် သွေးစီးဆင်းမှုများ ပြောင်းလဲခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ပိုဖြစ်စေသည်။ Migraine ခေါင်းကိုက်ရောဂါသည် ဦးနှောက်မျက်နှာမြင်ပေါ်တွင်ရှိသော သွေးကြောများ ရောင်ရမ်းခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် oestrogen ဟော်မုန်းဓါတ်အပြောင်းအလဲ သည်လည်း ထိုသို့ခေါင်းကိုက်ခြင်းကိုဖြစ်စေသော အချက်ထဲတွင်ပါဝင်သည်။ Migraine ခေါင်းကိုက်ရောဂါနှင့် ဟော်မုန်းပြောင်းလဲမှုများသည် ဆက်နွယ်နေကြောင်းလေ့လာမှုများကဆိုသည်။ ကိုယ်ဝန်ဆောင်များတွင် သွေးစီးဆင်းမှုများခြင်း၊ ဟော်မုန်းဓါတ်အပြောင်းအလဲဖြစ်ခြင်းတို့ကြောင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

သင်ကိုယ်ဝန်ရှိနေစဉ်တွင် မျှော်လင့်ထားရမည့် အရေပြားဆိုင်ရာပြောင်းလဲမှုများ (အပိုင်း ၂)

သင်ကိုယ်ဝန်ရှိနေစဉ်တွင် မျှော်လင့်ထားရမည့် အရေပြားဆိုင်ရာပြောင်းလဲမှုများ (အပိုင်း ၂) ကိုယ်ဝန်သည်များ၏မျက်နှာဖုံး မှဲ့ခြောက်နှင့် တင်းတိတ်များကို ကိုယ်ဝန်သည်များ၏ မျက်နှာဖုံးများအဖြစ် တင်စားကြသည်။ ယင်းတို့သည် အညိုရောင်နှင့် အရောင်မညီသော အကွက်များဖြစ်ခြင်းဖြစ်ပြီး အရေပြားအပေါ်လွှာတွင် ရောင်ခြယ်များစေသော ဖြစ်စဉ်ဖြစ်သည်။ တင်းတိပ်များကို နဖူး၊ ပါးအပေါ်ပိုင်းနှင့် နှုတ်ခမ်းအပေါ်ပိုင်းတို့တွင် အများဆုံတွေ့ရပြီး ကိုယ်ဝန်ဆောင်များ၏ ၅၀% ခန့်နှင့် ကိုယ်ဝန်တားဆေးသောက်နေသူများတွင် အများဆုံးတွေ့ရသည်။ အများစုသည် ကလေးမွေးပြီးချိန်တွင် ပျောက်သွားလေ့ရှိသော်လည်း မပျောက်ဘဲကျန်နေပါက ဓာတုပစ္စည်းများဖြင့် မျက်နှာအပေါ်လွှာကို အရောင်ချွတ်ခြင်းတို့ပြုလုပ်နိုင်ပါသည်။   ကိုယ်ဝန်ဆောင်ချိန်တွင် လင်းလက်တောက်ပနေခြင်း ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်လောင်းသည် အနာဂတ်ကို မျှော်တွေးပြီး ကြည်နူးနေသည့်အတွက် မျက်နှာအရောင်တောက်ပနေခြင်းကို သိသာစွာတွေ့ရမည်ဖြစ်သည်။ ဆရာဝန်များကမူ ကိုယ်ဝန်ဆောင်ချိန်တွင် မျက်နှာအဆီပြန်ခြင်းကြောင့် အရောင်တောက်ခြင်းဖြစ်သည်ဟုပြောသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးလည်ပတ်မှုအားများသောကြောင့် ၅၀%သော မိခင်လောင်များသည် ပန်းသွေးရောင်သန်းနေသည်ကို တွေ့ရမည်။ ထိုပြောင်းလဲမှုများသည် ကလေးမွေးပြီးချိန်တွင် လျင်မြန်စွာပျောက်ကွယ်သွားမည်ဖြစ်ပြီး ပုံမှန်အသားရောင်အတိုင်းပြန်ဖြစ်သွားမည်ဖြစ်သည်။   ကိုယ်ဝန်ဆောင်ချိန်တွင် ပေါ်လာသော အညိုရောင်စင်းကြောင်း (Linea Nigra) ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်၏ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်း

ကိုယ်ဝန်ဆောင်ချိန်တွင် သင်သည် များစွာသော ပြောင်းလဲမှုများကို ခံစားရမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးသွားများခြင်းသည်လည်း ပြောင်းလဲမှုများထဲမှတစ်ခုဖြစ်သည်။ သင်သည် ရေအိမ်ကို မကြာခဏသွားရခြင်းအပေါ် သည်းခံနိုင်စွမ်းရည်များ ကုန်ဆုံးလာနိုင်ပါသည်။ ညတိုင်းလည်း သင့်ကို အနှောင့်အယှက်ပေးနေပါလိမ့်မည်။ အောက်ဖော်ပြပါဆောင်းပါးတွင် ကိုယ်ဝန်ဆောင်ချိန်တွင် မကြာခဏ ဆီးသွားရခြင်း၏အကြောင်းများနှင့် ယင်းဖြစ်စဉ်ကို ကာကွယ်ရန်ဖော်ပြထားပါလိမ့်မည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်းကို ဖြစ်စေသော အကြောင်းတွေက ဘာတွေလဲ။ Progestrone ဟော်မုန်းနှင့် Gonadotrophin ဟော်မုန်း အဆင့်များမြင့်တက်လာခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးသွားများလာရခြင်းဖြစ်သည်။ သို့သော် ကိုယ်ဝန် အလယ်ပိုင်းကာလရောက်လာလျှင် သားအိမ်သည် အပေါ်သို့မြင့်တက်လာခြင်းကြောင့် ဆီးအိမ်ပေါ်တွင် ဖိအားသက်ရောက်မှုနည်းသွားကာ ဆီးသွားချင်သော အကြိမ်ရေသည်လည်း လျော့နည်းသွားမည်ဖြစ်သည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ထဲတွင် အရည်ဓာတ်များပိုများလာသည့်အတွက် ကျောက်ကပ်သည် အရည်များကို ပိုစွန့်ထုတ်ရခြင်းကြောင့် ဆီးများလာခြင်းဖြစ်သည်။ သန္ဓေသား၏ကြီးထွားလာမှုကြောင့် ဆီးအိမ်ပေါ်တွင်ဖိအားသက်ရောက်ကာ ဆီးသွားချင်စိတ်ကို ဖြစ်စေပါသည်။ ဘယ်လို လက္ခဏာတွေကို ခံစားရမလဲ။ သိသာသော လက္ခဏာမှာ ဆီးသွားချင်စိတ် မကြာခဏဖြစ်သော်လည်း […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

မိခင်လောင်းတို့အတွက် ကိုယ်အပူချိန်လျော့ချခြင်း

နွေရာသီမှာ ဗိုက်ပူပူကြီးနဲ့ နေရတာ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်တော့ တကယ့်ကို ဒုက္ခတစ်ခုပါပဲ။ ဒါ့အပြင် ကိုယ်ဝန်ကြောင့် အော့အန်ခြင်းတွေ၊ မအီမသာဖြစ်ခြင်းတွေဟာလည်း နွေပူပူမှာ စိတ်မသက်သာစရာတွေပါ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ မသိဘူးဆိုရင် စိတ်ဖိစီးမှုအပိုတွေ ရလာနိုင်ပါတယ်။ အောက်ဖော်ပြမည့် အကြောင်းအရာတို့က ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်ချိန် အပူများခြင်းကို ရင်ဆိုင်နိုင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ မိခင်လောင်းတို့အတွက် ကိုယ်အပူချိန်လျော့ချခြင်း မိခင်လောင်းတို့အတွက် ကိုယ်အပူချိန်လျော့ချဖို့ နည်းလမ်းကောင်းတွေကတော့ ရေပိုသောက်ပေးပါ။ သာမန်လူတွေ နွေရာသီမှာ ရေပိုသောက်ဖို့ လိုသလို ကိုယ်ဝန်ဆောင်မိခင်တွေ လည်း လိုပါတယ်။ နွေရာသီမှာ ရေပိုသောက်ပေးခြင်းက ရေဓါတ်ပြည့်ဝနေစေရန် ကူညီပေးခြင်းဖြင့် ခြေထောက်များ မဖောရောင်အောင် ပြုလုပ်ပေးပါတယ်။ အပြင်သွားရင် ရေခဲရေ ဒါမှမဟုတ် ရိုးရိုးရေ တစ်ဘူးလောက် ယူဆောင်သွားပြီ ပုံမှန်သောက်ပေးဖို့ မမေ့ပါနှင့်။ ကဖင်းမှီဝဲခြင်းကို လျော့ချပေးပါ။ ကဖင်းက စွဲနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်တော်တော်များများ ကဖင်းကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အသက် ၄၀ ကျော်အရွယ် ကိုယ်ဝန်ဆောင်များတွင်ဖြစ်နိုင်သော အန ္တရာယ်များ

များစွာသော အကြောင်းများကြောင့် ယနေ့ခေတ်တွင် အမျိုးသမီးများသည် အသက်ကြီးမှ ကလေးယူဖြစ်ကြသည်။ အဓိကအားဖြင့် မိမိတို့၏ အလုပ်အကိုင်အခြေအနေနှင့် ၊ ပညာရေးတပိုင်းတစမဖြစ်လိုသောကြောင့် ထိုသို့ဖြစ်ခြင်းဖြစ်နိုင်သည်။ သို့သော် သက်လတ်ပိုင်းရောက်မှ ကလေးမွေးခြင်းသည် ကလေးငယ်တွင် Down ရောဂါစု နှင့် မိခင်ရော ကလေးကိုပါ အခြားသောဖြစ်နိုင်ချေများသည့်နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်စေနိုင်ပါသည်။ သိပ္ပံ ပညာရှင်များ၏ အထောက်အထားများအရ သက်လတ်ပိုင်းရောက်မှ ကလေးမွေးခြင်းသည် ကောင်းကျိုးထက် ဆိုးကျိုးပိုများကြောင်း ဖော်ပြထားပါသည်။ သက်လတ်ပိုင်း မိခင်များသည် ကလေးမွေးရာတွင် အကူပစ္စည်းများမွေးရခြင်း၊ ခန္ဓါကိုယ်ရှိကြွက်သားများသည် အလိုက်သင့် လှုပ်ရှားနိုင်ခြင်းမရှိတော့ခြင်းကြောင့် ရိုးရိုးမမွေးနိုင်ဘဲ ဗိုက်ခွဲမွေးရလေ့ရှိပါသည်။ ထို့ကြောင့် သူတို့သည် ကလေးမွေးနေစဉ် အန ္တရာယ်များနှင့် ကြုံရနိုင်ချေများပါသည်။ ထို့ပြင် သက်လတ်ပိုင်း မိခင်များသည် အသက်ငယ်သူများထက် ကိုယ်ဝန် ပျက်ကျနိုင်ချေပိုများပါသည်။ လေ့လာချက်များအရ အသက် ၂၀ မှ ၂၄ နှစ်အတွင်းကိုယ်ဝန်ဆောင်များ၏ ၉%သည် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အုပ်စု ဘီ စထရပ်ရောဂါပိုးကူးဆက်ခြင်း

Group B strep ဆိုတာ လူတွေရဲ့ အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်းတွေ့ရတဲ့ ဘက်တီးရီးယားတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် သင့်အစာဟောင်းအိမ်မှာရှိတဲ့ Group B strep ဘက်တီးရီးယားတွေက သင့်ယောနိဆီရောက်တတ်ရှိပြီး၊ သင်ကလေးမွေးတဲ့အချိန်မှာ သင့်ကလေးဆီ ရောက်ရှိသွားတတ်ပါတယ်။ ဒီဘက်တီးရီးယားအမျိုးအစား ကိုယ့်ဆီမှာရှိတာကို အမျိုးသမီးတော်တော်များများက သတိမထားမိတတ်ပါဘူး။ Group B Strep ရှိမရှိဆိုတာ ဘယ်လိုသိမလဲ။ Group B strep ဘက်တီးရီးယားတွေက အရွယ်ရောက်ပြီးသားလူတွေမှာ အန္တရာယ်မရှိတတ်ပါဘူး။ ဒါပေမယ့် ကလေးငယ်တွေမှာတော့ ( မွေးဖွားလာမှာရယ်၊ ပြင်းထန်တဲ့ ရောဂါပိုးကူးစက်မှု ) ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။ ဒါ့ကြောင့် Group B strep အတွက် စစ်ဆေးဖို့ လိုအပ်ပါတယ်။ မီးဖွားစဉ် ပိုးသတ်ဆေးတွေနဲ့ အချိန်မီကုသမှုက သင့်ကလေးရဲ့ Group B strep ရနိုင်တဲ့ အန္တရာယ်ကို […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်