ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ၊ ဖြေရှင်းနည်းများနဲ့ အရေးပေါ်အခြေအနေများကို လေ့လာထားမှသာ ကျန်းကျန်းမာမာ မွေးဖွားနိုင်မည် ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား!

ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု တော်တော်များများကို ခံစားရတာက ကိုယ်ဝန်ဆောင်ချိန် ရှောင်လွှဲလို့ မရတမ်း ကြုံတွေ့ရမယ့် အခြေအနေပေါ့။ ဒီလို ပြောင်းလဲမှုတွေ ခံစားရတဲ့အခါ မေမေလောင်းလျာ လေးတွေရဲ့ စိတ်ထဲမှာ တွေးမိနိုင်တာက ဒါက ပုံမှန်ပဲလား! စိုးရိမ်စရာလားပေါ့။ ဒါကြောင့် အခုတစ်ခေါက်တော့ မိခင်လောင်းတွေကို စိတ်ပူစေနိုင်မယ့် အကြောင်းအရာ တစ်မျိုးဖြစ်တဲ့ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/pregnancy/being-pregnant/pregnancy-problems/cloudy-urine-during-pregnancy/ ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ကိုယ်ဝန်ဆောင်ချိန် ရင်သားနာတာ ပုံမှန်ပဲလား! ဆိုတော့ အများစုကတော့ ပုံမှန်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုယ်ဝန်ဆောင်ချိန် လက္ခဏာ တစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာတာက တစ်ယောက်နဲ့ တစ်ယောက် ပြင်းထန်ပုံခြင်းလည်း မတူနိုင်ပါဘူး။ ကိုယ်ဝန်ဆောင်ချိန်မှာ ရင်သားနာကျင်တာကို ဖြစ်စေတဲ့ အဓိကကျတဲ့ အကြောင်းအရင်းက […]

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်မိခင်များကို သေဆုံးနိုင်စေသော အဓိကအကြောင်းအရင်းများ

ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကိုယ်ဝန်ဆောင်ခြင်းဆိုင်ရာ ပြဿနာတွေကြောင့် သေဆုံးကြရပါတယ်။ တစ်ချို့အခြေအနေတွေကတော့ ကာကွယ်ကုသနိုင်မယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း သေသေချာချာ မကိုင်တွယ်ဘူးဆိုရင် နောင်တရနိုင်စရာတွေ ဖြစ်လာပါလိမ့်မယ်။ ၁။ သွေးအလွန်အကျွန်ဆင်းခြင်း။ ကိုယ်ဝန်ဆောင်များ သေဆုံးခြင်းရဲ့ လေးပုံတစ်ပုံလောက်ဟာ ကလေးမွေးပြီး သွေးသွန်ခြင်းကြောင့် ဖြစ်ရတာပါ။ ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်နိုင်မယ့် အရာတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း၊ ကလေးမွေးနေစဉ်အတွင်းနဲ့ ကလေးမွေးပြီးနောက် သွေးသွန်ခြင်းဟာ မှန်ကန်တဲ့ ဆေးပညာဆိုင်ရာ ပြုစုစောင့်ရှောက်မှုမယူဘူးဆိုရင် သေတဲ့အထိဖြစ်သွားနိုင်ပါတယ်။ သွေးသွန်းနေတဲ့ မိန်းမများမှာ Oxytocics လို့ခေါ်တဲ့ သွေးတိတ်စေရန် သားအိမ်ညစ်အောင် ပြုလုပ်ပေးသော ဆေးတစ်မျိုးကို အသုံးပြုပါတယ်။ သွေးအမြောက်အများသွင်းဖို့လည်းလိုနိုင်သလို အချင်းထုတ်ပြစ်ဖို့လည်းလိုနိုင်ပါတယ်။ ၂။ ပိုးဝင်ခြင်း။ ၁၅ရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင်သေဆုံးမှုတွေဟာ ကလေးမွေးပြီးပိုးဝင်ခြင်းကြောင့် ဖြစ်ရတာပါ။ ထိုအခြေအနေဟာ မွေးခန်းမကောင်းတာတို့၊ မွေးနေစဉ် တစ်ကိုယ်ရေမသန့်ရှင်းတာတို့ကြောင့် ဖြစ်နိုင်ပါတယ်။ မကုသသော လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါတွေရှိတဲ့ ကိုယ်ဝန်ဆောင်တွေဟာ ပြင်းထန်စွာ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ရှိနေစဉ် စစ်ဖလစ်ကာလသားရောဂါ ရခြင်း

စစ်ဖလစ်ကာလသားရောဂါက မမွေးသေးသည့် ကလေးအပေါ် သက်ရောက်မှုရှိနိုင်သလား။ ထရီပိုနီးမား ပယ်လီဒမ် ဆိုသည့်ပိုးကြောင့်ဖြစ်ရသော စစ်ဖလစ်သည် ကူးစက်လွယ်သောရောဂါဖြစ်ပြီး အဓိကအားဖြင့် လိင်မှတစ်ဆင့် ကူးစက်ပါသည်။ သို့သော် ကိုယ်ဝန်ရှိနေစဉ် စစ်ဖလစ်ဖြစ်နေပါက ကလေးတွင်လည်း စစ်ဖလစ်ရောဂါ ဖြစ်လာနိုင်ပါသည်။ အချင်းမှတစ်ဆင့် သန္ဓေသားသို့ ကူးစက်ခြင်းကြောင့်ဖြစ်သည်။ ကူးစက်ခြင်းသည် ကိုယ်ဝန်ဘယ်နှစ်လတွင်မဆို ဖြစ်ပွားနိုင်ပါသည်။ နောက်ဆက်တွဲပြဿနာများတွင် အင်္ဂါတစ်ခုထက်ပိုပြီးပြဿနာပေါ်ခြင်း၊ နားရွက်၊ မျက်လုံး၊ အသည်း၊ ရိုးတွင်းခြင်ဆီ၊ အရေပြား၊ အရိုးနှင့် နှလုံးတို့တွင် မကောင်းမွန်သည်များဖြစ်လာနိုင်ပါသည်။ အဆိုးဆုံးမှာ သေဆုံးနိုင်ခြင်းပင်။ စစ်ဖလစ်ရှိသောအမျိုးသမီးများတွင် ကလေးအသေမွေးနိုင်ပါသည်။ ကိုယ်ဝန်ရှိစဉ် စစ်ဖလစ်ရှိမရှိ ဘယ်လိုအတည်ပြုမလဲ။ ကိုယ်ဝန်ဆောင်နေစဉ် သင့်ကျန်းမာရေးအတွက် စိုးရိမ်မှုများရှိနေသည်ဆိုပါက အချိန်ယူပြီး ကောင်းကောင်းနားပေးပါ။ သင်၏ကျန်းမာရေးစောင့်ရှောက်သူမှ မမွေးခင်ကျန်မာရေးအတွက် ပြင်ဆင်ရမည်များ သတိထားရမည်များကို ရှင်းပြပေးပြီး မွေးရာပါစစ်ဖလစ် ကလေးတွင်ဖြစ်လာနိုင်သည့်အန္တရယ်များကို ကန့်သတ်ပေးပါလိမ့်မည်။ စစ်ဖလစ်ရဲ့အဓိကလက္ခါတွေက ဘာတွေလဲ။ စစ်ဖလစ်ဖြစ်သူများတွင် လိင်အင်္ဂါတစ်ဝိုက်၌ နာကျင်သည့် အဖုလုံးပေါက်လာပြီး ထိုမှ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ချိန် သွေးအနည်းငယ်ဆင်းတာ စိုးရိမ်ရသလား

ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း အချို့သောအချိန်တွေမှာ အမျိုးသမီး ၂၀%လောက်ဟာ သွေးအနည်းငယ်ဆင်းတတ်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သွေးအနည်းငယ်ဆင်းတာဟာ အဖြစ်များတဲ့ ပြဿနာပါပဲ။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း အတွင်းခံဘောင်းဘီထဲ သွေးစက်တွေတွေ့တဲ့အချိန်မှာ အလွယ်တကူ စိတ်တွေပူသွားတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလိုလက္ခဏာမျိုးခံစားနေရတာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ အမျိုးသမီးအများစုလည်း ဒီလို ကြုံဖူးကြသလို ကျန်းမာတဲ့ကိုယ်ဝန်ကိုဆောင်ထားနိုင်ကြတာပါပဲ။ ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ သွေးအနည်းငယ်ဆင်းရခြင်းရဲ့ ဖြစ်နိုင်စရာအကြောင်းရင်းတေါကို သိထားတာကလည်း အန္တရာယ်ကင်းကင်းကိုယ်ဝန်ဆောင်နိုင်မယ့် လမ်းစဉ်ပါပဲ။ ကိုယ်ဝန်ဆောင်ချိန် သွေးဆင်းတယ်ဆိုတာဘာလဲ။ Spotting လို့ခေါ်တဲ့ သွေးဆင်းခြင်းဟာ အညိုရောင် သို့မဟုတ် ပန်းရောင်ရှိတဲ့ သွေးဆင်းတာကိုခေါ်တာပါ။ ဒါဟာ ပုံမှန်ရာသီစက်ဝန်းရဲ့ အစ သို့မဟုတ် အဆုံးနားမှာဖြစ်လေ့ရှိတဲ့ သွေးဆင်းခြင်းနဲ့ အတူတူပါပဲ။ ဒီလိုသွေးဆင်းခြင်းဟာလည်း သွေးစက်အနည်းငယ်လောက်သာ ပါတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း သွေးဆင်းရခြင်းရဲ့ အကြောင်းရင်းတွေကဘာတွေလဲ။ ကိုယ်ဝန်ဆောင်စဉ်မှာ ကလေးမွေးဖွားဖို့မဟုတ်ဘဲ သွေးဆင်းလာတဲ့ အကြောင်းရင်းကို ဆုံးဖြတ်ဖို့ဆိုတာ အမြဲတမ်းလိုလိုတော့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ဒီမှာတော့ အဖြစ်များတဲ့ အကြောင်းရင်းအချို့ကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် စထရပ်ပိုးကြောင့် လည်ချောင်းနာခြင်း

စထရပ်ပိုးကြောင့်လည်းချောင်းနာခြင်းသည် လည်ချောင်းနှင့် အာသီးတို့၌ စထရပ်တိုကော်ကဲလ် ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင်းဖြစ်သည်။ လည်ချောင်းနာခြင်းနှင့်အတူ ဖျားခြင်း၊ နှာချေခြင်း၊ နှာရည်ယိုခြင်းတို့ ဖြစ်လာပါက ဆရာဝန်မှ စထရပ်ပိုးစစ်ဆေးမှုလုပ်ရန် ဘက်တီးရီးယားပိုး ရှိနိုင်မည့် အားသီးကိုဂွမ်းစနှင့် သုတ်ယူကာ စစ်ဆေးပါလိမ့်မည်။ စထရပ်ပိုးကြောင့် လည်ချောင်းနာကြောင်း အတည်ပြုနိုင်ပါက ပဋိဇီဝဆေးများ ပေးမည်ဖြစ်သည်။ စထရပ်ဘက်တီးရီးယားအမျိုးမျိုးရှိ၏။ ၎င်းတို့ထဲမှ တစ်ချို့ကသာ ပြင်းထန်သည့်ရောဂါများကို ဖြစ်စေနိုင်ပါသည်။ စထရပ်နှင့် အုပ်စုဘီ လည်ချောင်းနာခြင်းတို့၏ ကွာခြားချက် အမည်များ ခပ်ဆင်ဆင်ဖြစ်နေသောကြောင့် စထရပ် လည်ချောင်းနာပိုးနှင့် စထရပ်တိုကောကပ်စ် အုပ်စုဘီပိုးတို့အား မှားတတ်ကြ၏။ အမှန်မှာ အုပ်စုဘီပိုးအား အမျိုးသမီးများ၏ မိန်းမကိုယ်နှင့် စအိုတစ်ဝိုက်တွင်သာ တေါ့ရတတ်ပြီး လုံးဝကိုမသက်ဆိုင်း ခြားနားသည့် ဘက်တီးရီးယားများသာဖြစ်သည်။ အသက် ၃၅ နှင့် ၃၇ ကြား ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အုပ်စုဘီ စထရပ်တိုကောကပ်ပိုး စစ်ဆေးလေ့ရှိပါသည်။ ကံကောင်းစွာနှင့် […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ပြဿနာတွေနဲ့ Schizophrenia နဲ့ ဆက်စပ်နေသလား လေ့လာခြင်း

Schizophrenia ရှိတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သွေးတိုးခြင်း(preeclampsia) တွေ၊ ရက်မစေ့ဘဲ မွေးဖွားတာတွေနဲ့ အခြားသော ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်နဲ့ မွေးဖွားခြင်းပြဿနာတွေကို schizophrenia မရှိတဲ့ အမျိုးသမီးတွေထက် ပိုပြီးခံစားရပါတယ်။ Schizophrenia က ကိုယ်ဝန်နောက်ဆက်တွဲပြဿနာတွေနဲ့ ဆက်စပ်နေပါတယ်။ ကနေဒီယန်ကျွမ်းကျင်သူကတော့၂၀၀၀ခုနှစ်မှ ၂၀၁၁ထိ Ontario မှာ မွေးဖွားခဲ့တဲ့ အချက်အလက်တွေကို လေ့လာခဲ့တဲ့အခါ preeclampsia တွေ၊ ရက်မစေ့ဘဲ မွေးဖွားတာတွေနဲ့ အခြားပြင်းထန်တဲ့ ကိုယ်ဝန်နဲ့ မွေးဖွားမှု ပြဿနာတွေဟာ schizophrenia ရှိတဲ့အမျိုးသမီးတွေမှာ ဒီစိတ်ရောဂါမရှိတဲ့သူတွေထက် ၂ဆ ပိုဖြစ်တာကိုတွေ့ရပါတယ်။ Schizophrenia ရှိတဲ့အမျိုးသမီးတွေဟာ အချင်းကွာမှု ဖြစ်နိုင်ခြေများပြီး septic shock တွေ၊ ကြိုမွေးရတာတွေနဲ့ ခွဲမွေးရတာတွေနဲ့ အထူးကြပ်မတ်ကုသဆောင်ကို ရွှေ့ပြောင်းပေးရတာတွေ၊ ဆေးရုံဆင်းပြီးနောက်ပိုင်း ဆေးရုံကို ပြန်ပြန်လာနေရတာတွေ ဖြစ်နိုင်ချေ အများကြီးပိုရှိပါတယ်။ ရိုးရာနည်းအရတော့ schizophrenia ရှိတဲ့အမျိုးသမီးတွေဟာ မျိုးအောင်နိုင်စွမ်းနည်းပြီး သူတို့ရဲ့ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာလည်း Psoriasis ဖြစ်နိုင်ပါတယ်

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်ထက်ပိုပြီး အီစထရိုဂျင်တွေကို ထုတ်ပေးပါတယ်။ ကံကောင်းတာတစ်ခုက ဒီလို အီစထရိုဂျင်လယ်ဗယ် မြင့်မားနေခြင်းဟာ Psoriasis ကို သက်သာစေတာပါပဲ။ Psoriasis ဆိုတာဘာလဲ။ Psoriasis ဆိုတာ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံး အဆိုးရွားဆုံး အရေပြားပြဿနာတွေထဲက တစ်ခုပါပဲ။ အရေပြားဆဲလ်တွေဟာ ပုံမှန်ထက် ၁၀ဆပိုပြီးမြန်မြန်ဖြစ်ပေါ်လာပါတယ်။ ဆဲလ်က အရေပြားမျက်နှာပြင်ပေါ်ရောက်သွားပြီဆိုတာနဲ့ သေဆုံးသွားပါတယ်။ အရေပြားမျက်နှာပြင်မှာ ဖုံးလွှမ်းနေတဲ့ အနီရောင်အချပ်တွေ ဒါမှမဟုတ် အဖြူရောင်ကြေးခွံတွေလိုမျိုး ဖြစ်လာစေပါတယ်။ Psoriasis တွေဟာ ဒူးခေါင်း၊ တံတောင်နဲ့ ဦးရေပြားတွေလို နေရာမျိုးတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေမှာလည်း Psoriasis ဟာခန္ဓာကိုယ်၊ လက်ဖဝါးတွေနဲ့ ခြေဖဝါးတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။ Psoriasis ဟာ ကိုယ်ဝန်ဆောင်စဉ်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ ၂၀၀၅ခုနှစ် မေလမှာလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကတော့ psoriasis ဟာ ကိုယ်ဝန်ဆောင်ကာလမှာ သက်သာသွားနိုင်တယ်လို့ ဆိုထားပါတယ်။ အီစထရိုဂျင်လယ်ဗယ် မြင့်တက်လာမှုက […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

သွေးကျဲဆေးများဟာ ကိုယ်ဝန်ပျက်ခြင်းကို မကာကွယ်နိုင်ပါဘူး

မလိုအပ်ဘဲ သွေးခဲခြင်းဖြစ်ပေါ်တဲ့အခါ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ တခြား ဆိုးရွားတဲ့ ကျန်းမာရေး ပြသနာတွေ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာ ကိုယ်ဝန်ပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အမျိုးသမီးများဟာ ကိုယ်ဝန်ဆောင်စဉ်မှာ သွေးခဲခြင်း ဖြစ်တတ်ပြီး သွေးကြဲဆေးတွေကို ရံဖန်ရံခါ ပေးရလေ့ရှိပါတယ်။ ဒါပေမယ့် သုတေသနတခုအရ မျှော်လင့်ထား သလောက် အကျိုးသက်ရောက်မှု မရှိဘူးလို့ သိရပါတယ်။ သွေးကြဲဆေးဆိုတာ ဘာတွေလဲ သွေးကြဲဆေးဆိုတာ သောက်ဆေး၊ ဒါမှမဟုတ် အကြောဆေးအနေနဲ့ ပေးပြီး သွေးခဲခြင်းကို ကာကွယ်စေတဲ့ ဆေးတွေဖြစ်ပါတယ်။ သွေးခဲခြင်းဟာ နှလုံး၊ အဆုတ်နဲ့ ဦးနှောက်စတာတွေကိုသွားတဲ့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ပေးပါတယ်။ သွေးကျဲဆေးအမျိုးအစားများ - သွေးမခဲဆေး။ Heparin၊ Warfarin စတဲ့ ဆေးမျိုးတွေဖြစ်ပြီး သွေးခဲခြင်းကို နှေင့်နှေးစေပါတယ်။ - သွေးဥမွှာဆန့်ကျင်ဆေး။ Aspirin လို ဆေးဖြစ်ပြီး သွေးဥမွှာများက သွေးခဲဖြစ်ပေါ်ခြင်းကို […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

ကိုယ်ဝန်ဆောင်စဉ် စိတ်ကျရောဂါဆေးများ သောက်သင့်၊ မသောက်သင့်

စိတ်ကျရောဂါဆေးတွေက စိတ်ဓါတ်ကျခြင်းကိုကုသဖို့အတွက် သုံးတဲ့ဆေးတွေဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း ကုသမှုခံယူသင့်လားဆိုတာ သိထားသင့်ပါတယ်။ ဒိဆေးတွေက ဘေးထွက်ဆိုးကျိုးတွေရှိတဲ့နည်းတူ စိတ်ဓါတ်ကျခြင်းကိုမကုသခြင်းကလည်း သင်ရောသင့်ကလေးကိုရော ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းနဲ့စိတ်ဓါတ်ကျခြင်းဆက်နွှယ်မှုကဘာလဲ။ အရင်တုန်းက လူအများယုံကြည်ထားကြတာက ကိုယ်ဝန်ဆောင်စဉ်အတွင်း ထွက်တဲ့ဟော်မုန်ေးတွက စိတ်ဓါတ်ကျခြင်းကနေကာကွယ်ပေးပါတယ်။ အမှန်မှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ်ဝန်ဆောင်စဉ်အတွင်း ပြဿနာတွေနဲ့လက္ခဏာတွေက စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုဖြစ်စေပြီး စိတ်ဓါတ်ကျခြင်းနဲ့ပတ်သက်ပြီး သင့်အတွက်ခက်ခဲနိုင်ပါတယ်။ မဆိုသလောက်လေးစိတ်ဓတ်ကျနေပြီး အနည်းဆုံးခြောက်လလောက် လက္ခဏာမပြဘူးဆိုရင် ကိုယ်ဝန်မဆောင်ခင်နဲ့ကိုယ်ဝန်ဆောင်နေချိန်အတွင်းမှာ စိတ်ကျရောဂါဆေးတွေကို ရပ်လိုက်လို့ရပါတယ်။ စိတ်ဓါတ်ကျခြင်းကြောင့် သင်နဲ့သင့်ကလေးကိုမထိခိုက်စေဘူးဆိုတာ သေချာဖို့ဆရာဝန်နဲ့အမြဲစောင့်ရှောက်မှုခံယူသင့်ပါတယ်။ ဆေးအကူအညီမလိုဘဲ စိတ်ဓါတ်ကျခြင်းကိုကျော်လွှားနိုင်ပါတယ်။ ရိုး၇ှင်းတဲ့နည်းလမ်းတွေကိုပြထားပါတယ်။ စိတ်ဖိစီးမှုနည်းအောင်နေခြင်း လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်းလိုမျိုး လေ့ကျင့်ခန်းတွေပြုလုပ်ပါ။ အိမ်မှာတစ်နေ့လုံးမနေပါနဲ့။ အပြင်ထွက်သင့်ပါတယ်။ အိမ်နီးချင်းတွေဆီလည်ပတ်တာမျိုးကလည်း ကောင်းပါတယ်။ စိတ်ဓါတ်ကျခြင်းက ပြင်းထန်ပြီးအရင်ကလည်း ပြင်းပြင်းထန်ထန်စိတ်ဓါတ်ကျခြင်းတွေ စိတ်ပိုင်းဆိုင်ရာနာမကျန်းမှုတွေဖြစ်ဖူးမယ်ဆိုရင် စိတ်ဓါတ်ကျဆန့်ကျင်ဆေးသောက်ဖို့လိုပါလိမ့်မယ်။ ကိုယ်ဝန်ဆောင်စဉ်အတွင်း စိတ်ဓါတ်ကျဆန့်ကျင်ဆေးအသုံးပြုခြင်းရဲ့ အန္တရာယ်များ ကိုယ်ဝန်ဆောင်စဉ်မှာ ဒီဆေးတွေကိုမှီဝဲနေမယ်ဆိုရင် အန္တရယ်နည်းနည်ေးတာ့ရှိပါတယ်။ ဖြစ်နိုင်ချေတော့နည်းပါတယ်။ ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကတော့ မွေးရာပါချို့ယွင်းမှုများ- နှလုံး၊ အာရုံကြောမ၊ ဦးနှောက်၊ ဦးခေါင်းခွံ၊ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

Miscarriage ( ကိုယ်ဝန်ပျက်ကျခြင်း )

Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) အကြောင်း နည်းနည်းလောက် ဆွေးနွေးချင်ပါတယ်။ အဓိပ္ပာယ်ဖွင့်ဆိုချက် Miscarriage ကိုယ်ဝန်ပျက်ကျခြင်းဆိုတာ ဘာလဲ။ ကိုယ်ဝန်သက်တမ်း အပတ်၂၀မတိုင်ခင် ကိုယ်ဝန်ဆောင်စဉ် တခုခု လွဲချော်ခြင်း၊ သန္ဓေသားကောင်းစွာ မကြီးထွားခြင်းတို့ကြောင့် အလိုလျောက် ကိုယ်ဝန်ကျခြင်း ကို ခေါ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေရဲ့ ၁၀-၂၀%က အကြောင်းရင်းမယ်မယ်ရရ မရှိဘဲ ကိုယ်ဝန်ပျက်ကျတတ်ပါတယ်။ ကိုယ်ဝန်ပျက်ကျခြင်းက ဘယ်လောက်အဖြစ်များသလဲ ကိုယ်ဝန်ပျက်ကျခြင်းဟာ အဖြစ်များပါတယ်။ အမျိုးသမီးတစ်ဦးက သူမကိုယ်တိုင် ကိုယ်ဝန်ရှိမှန်း မသိလိုက်ခင်မှာတောင် ပျက်ကျတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အပတ်၂၀ကျော်လာလျှင်တော့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။ လက္ခဏာများ Miscarriage (ကိုယ်ဝန်ပျက်ကျခြင်း) ရဲ့ လက္ခဏာတွေက ဘာတွေလဲ ကိုယ်ဝန်ပျက်ကျခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ မိန်းမကိုယ်မှ သွေးဆင်းခြင်း ဗိုက်နာခြင်း/ ခါးကိုက်ခြင်း မိန်းမကိုယ်မှ အရည်၊ အသားစများ ဆင်းခြင်း သွေးဆင်းနည်းရာမှ များလာခြင်း အလွန်ကိုက်ခဲလာခြင်း ဖျားခြင်း အားနည်းခြင်း တို့ဖြစ်ပါတယ်။ ဒီထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ […]


ကိုယ်ဝန်ဆောင်ကာလကျန်းမာရေးပြဿနာများ

အသည်းအဆီဖုံးခြင်းနှင့်ကိုယ်ဝန်

ကိုယ်ဝန်ဆောင်ချိန်မှာ ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဆိုတာ ဘာလဲ။ ကိုယ်ဝန်ဆောင်စဉ် ရုတ်တရက် အသည်းအဆီဖုံးခြင်း (AFLP) ဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ရှားပါးပေမယ့် ပြင်းထန်တဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ ဒီအခြေအနေမှာ အသည်းအတွင်း (သို့) အသည်းဆဲလ်တွေအတွင်းမှာ အဆီပိုတွေနဲ့ ဖုံးနေမှာဖြစ်ပါတယ်။ AFLP ကို ကိုယ်ဝန်ဆောင်ချိန်မှာ ၁: ၇၀၀၀ ကနေ ၁: ၁၅၀၀၀ ကိုယ်ဝန် တွေမှာ တွေ့ရပြီး မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိပါတယ်။ ဒီအခြေအနေတွေဟာ သားဦးမွေးတဲ့ မိခင်တွေမှာ ပိုအဖြစ်များပြီး ကလေးမွေးချိန်နီးတဲ့အခါ များသောအားဖြင့် ရက်သတ္တပတ် ၃၀ ကျော်ရင် အဖြစ်များပါတယ်။ အဆီဟာ အသည်းအတွင်းမှာ Triglycerides နဲ့ fatty acids ပုံစံနဲ့ နေတတ်ပြီး အဆီပိုတွေဟာ အသည်းကို ပျက်စီးစေပါတယယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်