backup og meta

အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း(သားအိမ်နှင့် အချင်းကို သွေးပို့ပေးသည့်သွေးကြောများ မလုံလောက်ခြင်း)သည် ကိုယ်ဝန်ဆောင်များတွင် ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးတခု ဖြစ်သည်။

    ထိုသို့ဖြစ်ခြင်းသည် အချင်းသည် ကောင်းမွန်စွာ မဖွံ့ဖြိုးခြင်း၊ ပျက်စီးခြင်းကြောင့် သနေ္ဓသားဆီသို့ အောက်ဆီဂျင် နှင့် အာဟာရဓါတ်များ လုံလောက်စွာ မပို့ပေးနိုင်ခြင်းဖြစ်သည်။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း ကို ဖြစ်စေသော အကြောင်းများက ဘာတွေလဲ။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် သွေးနှင့် ပက်သတ်သောရောဂါများ နှင့် ဆက်စပ်လျက်ရှိသည်။ သို့သော် ဆေးဝါးများ၊ စားသောက်နေထိုင်မှု အကျင့်များနှင့် လည်း သက်ဆိုင်ပါသည်။

    အဖြစ်များစေသော အကြောင်းများမှာ

    • ဆီးချိုရောဂါရှိခြင်း
    • သွေးတိုးရောဂါရှိခြင်း
    • သွေးအားနည်းခြင်း
    • သွေးကျဲဆေးများ မှီဝဲနေခြင်း
    • မူးယစ်ဆေးများ (ကိုကင်း၊ ဟီးရိုးအင်း နှင့် စိတ်ကြွဆေးများ) အလွဲသုံးစားပြုနေခြင်း တို့ဖြစ်သည်။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် အချင်းက သားအိမ်တွင် ကောင်းစွာ မကပ်တွယ်ခြင်း သို့မဟုတ် သားအိမ်နံရံမှ ကွာကျခြင်း တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း၏ ရောဂါ လက္ခဏာများက ဘာလဲ။

    ကိုယ်ဝန်ဆောင်မိခင်များတွင် ရောဂါလက္ခဏာများ မတွေ့ရတတ်ပါ။ သို့သော် အချို့သော သတိပြုစရာအချက်များ တွေ့ရတတ်သည်။

    ကိုယ်ဝန်သည် ယခင်ကိုယ်ဝန်ထက် အရွယ်အစားသေးခြင်း၊ ကလေးသည် ပုံမှန်ဖြစ်သင့်သည့် လှုပ်ရှားမှုများထက်နည်းနေခြင်း တို့သည် သတိပြုရမည့်အချက်များဖြစ်သည်။

    အကယ်ကလေးသည် ကောင်းစွာမဖွံ့ဖြိုးလျှင် မိခင်၏ကိုယ်ဝန်သည် သေးငယ်ပြီး ကလေးကောင်းစွာလှုပ်မည် မဟုတ်ပါ။ အကယ် အချင်းကွာကျခြင်းကြောင့် အချင်းသို့သွေးလုံလောက်စွာမရရှိပါက ကိုယ်ဝန်ဆောင်မိခင်သည် သွေးသွန်ခြင်း၊ လမစေ့မီ သားအိမ်ညှစ်အားများသောကြောင့် ဗိုက်နာလာခြင်း တို့ဖြစ်နိုင်ပါသည်။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများက ဘာတွေလဲ။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် ကိုယ်ဝန်ဆောင်မိခင်သည် သွေးတိုးရောဂါ ၊ ဆီးချိုရောဂါများရှိမှသာ အန ္တရာယ်ရှိပါသည်။ မိခင်သည် ကိုယ်ဝန်ဆိပ်တက်ခြင်း၊ အချင်းကွာကျခြင်း၊ လမစေ့မီမွေးခြင်း တို့ဖြစ်ကာ အန ္တရာယ်ရှိနိုင်ပါသည်။

    ကလေးများ အတွက်မူ အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းသည် အဖြစ်စောလေလေ ဆိုးကျိုးများလေလေဖြစ်သည်။

    ကလေးငယ်များတွင်ဖြစ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများမှာ-

    • ကလေးမွေးနေချိန် အောက်ဆီဂျင်ဓါတ် မလုံလောက်ခြင်း
    • သင်ယူလေ့လာရ ခက်ခဲခြင်း
    • ကိုယ်အပူချိန် လျော့ကျခြင်း
    • သွေးတွင်းသကြားဓါတ် လျော့နည်းခြင်း
    • သွေးတွင်းကယ်လ်ဆီယံဓါတ်လျော့နည်းခြင်း
    • သွေးနီဥများ များနေခြင်း
    • လမစေ့မီ မွေးခြင်း
    • ဗိုက်ခွဲမွေးရခြင်း
    • ကလေး အသေမွေးခြင်း
    • သေဆုံးနိုင်ချေများခြင်း တို့ဖြစ်ပါသည်။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းကို ဘယ်လိုသိနိုင်မလဲ။ ဘယ်လိုကုသမလဲ။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းကို အသံလှိုင်းဓါတ်မှန်များ၊ ပရိုတင်းစစ်ဆေးမှုများ နှင့် ကလေးအား ဖိအားမပေးဘဲ စစ်ဆေးမှုများမှ တဆင့်သိနိုင်ပါသည်။ ကလေး၏ကျန်းမာရေးသည် မိခင်က ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်း အပေါ်တွင် များစွာမူတည်ပါသည်။

    ကလေး၏ ဝမ်းဗိုက်အတွင်းလှုပ်ရှားမှုများကို မှတ်သားထားခြင်း နှင့် သင်သည် လမစေ့ဘဲမွေးနိုင်ချေရှိပါက ကလေး၏ အဆုတ်သန်မာစေရန် စတီးရွိုက်ဆေးများထိုးခြင်း တို့ဖြင့် ဂရုစိုက်နိုင်ပါသည်။

    အချင်းသို့သွေးလုံလောက်စွာမရရှိခြင်းကို ကုသခြင်း၊ ကာကွယ်ခြင်း မပြုလုပ်နိုင်ပါ။ ရောဂါကို စောစောသိပြီါ် ကလေး မမွေးမီစောင့်ရှောက်မှုများ စနစ်တကျခံယူရန် လိုအပ်ပါသည်။

    ထိုမှသာလျှင် ဗိုက်ထဲမှကလေးသည် စနစ်တကျကြီးထွားလာနိုင်ချေများလာပြီး နောက်ဆက်တွဲဆိုးကျိုးများဖြစ်နိုင်ချေနည်းသွားမည်ဖြစ်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement