backup og meta

သင်ကိုယ်ဝန်ရှိနေစဉ်တွင် မျှော်လင့်ထားရမည့် အရေပြားဆိုင်ရာပြောင်းလဲမှုများ (အပိုင်း ၂)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. K Zin Thwe မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ကိုယ်ဝန်ရှိနေစဉ်တွင် မျှော်လင့်ထားရမည့် အရေပြားဆိုင်ရာပြောင်းလဲမှုများ (အပိုင်း ၂)

    သင်ကိုယ်ဝန်ရှိနေစဉ်တွင် မျှော်လင့်ထားရမည့် အရေပြားဆိုင်ရာပြောင်းလဲမှုများ (အပိုင်း )

    ကိုယ်ဝန်သည်များ၏မျက်နှာဖုံး

    မှဲ့ခြောက်နှင့် တင်းတိတ်များကို ကိုယ်ဝန်သည်များ၏ မျက်နှာဖုံးများအဖြစ် တင်စားကြသည်။ ယင်းတို့သည် အညိုရောင်နှင့် အရောင်မညီသော အကွက်များဖြစ်ခြင်းဖြစ်ပြီး အရေပြားအပေါ်လွှာတွင် ရောင်ခြယ်များစေသော ဖြစ်စဉ်ဖြစ်သည်။

    တင်းတိပ်များကို နဖူး၊ ပါးအပေါ်ပိုင်းနှင့် နှုတ်ခမ်းအပေါ်ပိုင်းတို့တွင် အများဆုံတွေ့ရပြီး ကိုယ်ဝန်ဆောင်များ၏ ၅၀% ခန့်နှင့် ကိုယ်ဝန်တားဆေးသောက်နေသူများတွင် အများဆုံးတွေ့ရသည်။

    အများစုသည် ကလေးမွေးပြီးချိန်တွင် ပျောက်သွားလေ့ရှိသော်လည်း မပျောက်ဘဲကျန်နေပါက ဓာတုပစ္စည်းများဖြင့် မျက်နှာအပေါ်လွှာကို အရောင်ချွတ်ခြင်းတို့ပြုလုပ်နိုင်ပါသည်။

    ကိုယ်ဝန်ဆောင်ချိန်တွင် လင်းလက်တောက်ပနေခြင်း

    ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်လောင်းသည် အနာဂတ်ကို မျှော်တွေးပြီး ကြည်နူးနေသည့်အတွက် မျက်နှာအရောင်တောက်ပနေခြင်းကို သိသာစွာတွေ့ရမည်ဖြစ်သည်။

    ဆရာဝန်များကမူ ကိုယ်ဝန်ဆောင်ချိန်တွင် မျက်နှာအဆီပြန်ခြင်းကြောင့် အရောင်တောက်ခြင်းဖြစ်သည်ဟုပြောသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးလည်ပတ်မှုအားများသောကြောင့် ၅၀%သော မိခင်လောင်များသည် ပန်းသွေးရောင်သန်းနေသည်ကို တွေ့ရမည်။

    ထိုပြောင်းလဲမှုများသည် ကလေးမွေးပြီးချိန်တွင် လျင်မြန်စွာပျောက်ကွယ်သွားမည်ဖြစ်ပြီး ပုံမှန်အသားရောင်အတိုင်းပြန်ဖြစ်သွားမည်ဖြစ်သည်။

    ကိုယ်ဝန်ဆောင်ချိန်တွင် ပေါ်လာသော အညိုရောင်စင်းကြောင်း (Linea Nigra)

    ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်၏ ချက်အောက်မှ ဆီးခုံရိုးအထိတောက်လျှောက်တွင် အညို သို့မဟုတ် မီးခိုးရောင်လိုင်းပေါ်လာမည်ဖြစ်သည်။ ယင်းသည် ကိုယ်ဝန် ၅ လခန့်တွင် စပေါ်လာပြီး ကိုယ်ဝန်လရင့်လာသည်နှင့်အမျှ ပိုပြီး အရောင်ရင့်ကာသိသာလာမည်ဖြစ်သည်။

    ထိုသို့ဖြစ်ခြင်းသည် တင်းတိတ်များဖြစ်ခြင်းကဲ့သို့ပင် ကိုယ်ဝန်ဆောင်ချိန်တွင် ဖြစ်သော ဟော်မုန်း အပြောင်းအလဲကြောင့် ရောင်ခြယ်များလာခြင်းဖြစ်သည်။ ထို့ပြင် နို့သီးခေါင်းတဝိုက်တွင်လည်း အညိုရောင်ပိုရင့်လာမည်ဖြစ်သည်။

    အများစုသည် ကိုယ်ဝန်မရှိခင်ကတည်းကပင် ဗိုက်တွင် အဖြူရောင်စင်းကြောင်းများဖြစ်နေတတ်သည်။ ယင်းတို့ကို Linea Alba ဟုလည်းခေါ်သည်။ သို့သော် ထိုအဖြူရောင်အစင်းများသည် မြင်တွေ့နိုင်ရန်ခဲယဉ်းလှသည်။ Linea nigra ဟုခေါ်သော အညိုရောင် အစင်းကြောင်းများသည် ကလေးမွေးပြီး လအတန်ကြာတွင် အလိုလိုပျောက်ကွယ်သွားတတ်ကြသည်။

    ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော အရေပြားပြောင်းလဲမှုများအတွက် ဘယ်လိုလုပ်သင့်သလဲ။

    သင်သည် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်သော အရေပြား ပြသနာအားလုံးကို မဖယ်ရှားနိုင်ခြင်း၊ ပြီးပြည့်စုံသော အရေပြားကို မပိုင်ဆိုင်နိုင်ခြင်းတို့ကြောင့် စိတ်ညစ်နေပါသလား။ အောက်ပါ အချက်များသည် သင့်အတွက်များစွာ အထောက်အကူဖြစ်စေလိမ့်မည်။

    • ရေများများသောက်ခြင်းသည် သင့်ကို ရေဓာတ်ပြည့်ဝနေစေပြီး သင့်အရေပြားကို အစိုဓာတ်ဖြည့်ပေးလိမ့်မည်။
    • ကိုယ်ဝန်ဆောင်ချိန်တွင် စားသုံးရန်ညွှန်ကြားထားသည်များကို စားသုံးခြင်းဖြင့် ကျန်းမာသော အရေပြားပိုင်ရှင်ဖြစ်နိုင်ပါသည်။
    • အရေပြားဓာတ်မတည့်မှုဖြစ်ခြင်းမှကာကွယ်ရန် အမွှေးအကြိုင်မပါသော နူးညံ့သော အရေပြားထိန်းသိမ်းရေးပစ္စည်းမျိုးကို သုံးပါ။
    • အကြောပြတ်ရာများကို ဗီတာမင် E ပါသော ခရင်မ်လိမ်းပါ။
    • အနည်းဆုံးSPF 15 ပါသော နေရောင်ကာခရင်မ်ကို လိမ်းပေးခြင်းဖြင့် တင်းတိတ်များကို လျော့နည်းစေသည်။
    • ဝက်ခြံကို ကာကွယ်ရန် သင့်တော်ပြီး ထိရောက်မှုရှိသော အရေပြားထိန်းသိမ်းရေးပစ္စည်းများကို သုံးပါ။
    • ကိုယ်ဝန်ဆောင်ချိန်တွင် မပြင်းထန်သော လေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ပါ။ ကိုယ်အလေးချိန်လွန်ကဲခြင်း မဖြစ်လာအောင် ထိန်းထားပါ။
    • ကြာရှည်စွာ မရပ်ပါနှင့်၊ ခြေချိတ်ပြီး မထိုင်ပါနှင့်။
    • သွေးပြန်ကြောထုံးများမဖြစ်ရန် ခြေထောက်များကို အနည်းငယ်မြှောက်ထားနိုင်သော်လည်း သင့်ခြေထောက်များကို သင့်ခေါင်းနှင့် ရေပြင်ညီအတိုင်းအတာထက်ပို မမြှောက်ပါနှင့်။
    • ကိုယ်ဝန်သည်များအတွက် ထုတ်ထားသော အသားကပ်ခြေအိတ်များကို ဝတ်ဆင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. K Zin Thwe မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement