backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်း

ကိုယ်ဝန်ဆောင်ချိန်တွင် သင်သည် များစွာသော ပြောင်းလဲမှုများကို ခံစားရမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးသွားများခြင်းသည်လည်း ပြောင်းလဲမှုများထဲမှတစ်ခုဖြစ်သည်။

သင်သည် ရေအိမ်ကို မကြာခဏသွားရခြင်းအပေါ် သည်းခံနိုင်စွမ်းရည်များ ကုန်ဆုံးလာနိုင်ပါသည်။ ညတိုင်းလည်း သင့်ကို အနှောင့်အယှက်ပေးနေပါလိမ့်မည်။

အောက်ဖော်ပြပါဆောင်းပါးတွင် ကိုယ်ဝန်ဆောင်ချိန်တွင် မကြာခဏ ဆီးသွားရခြင်း၏အကြောင်းများနှင့် ယင်းဖြစ်စဉ်ကို ကာကွယ်ရန်ဖော်ပြထားပါလိမ့်မည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်းကို ဖြစ်စေသော အကြောင်းတွေက ဘာတွေလဲ။

Progestrone ဟော်မုန်းနှင့် Gonadotrophin ဟော်မုန်း အဆင့်များမြင့်တက်လာခြင်းကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးသွားများလာရခြင်းဖြစ်သည်။ သို့သော် ကိုယ်ဝန် အလယ်ပိုင်းကာလရောက်လာလျှင် သားအိမ်သည် အပေါ်သို့မြင့်တက်လာခြင်းကြောင့် ဆီးအိမ်ပေါ်တွင် ဖိအားသက်ရောက်မှုနည်းသွားကာ ဆီးသွားချင်သော အကြိမ်ရေသည်လည်း လျော့နည်းသွားမည်ဖြစ်သည်။

ထို့ပြင် ကိုယ်ဝန်ဆောင်ချိန်တွင် ကိုယ်ထဲတွင် အရည်ဓာတ်များပိုများလာသည့်အတွက် ကျောက်ကပ်သည် အရည်များကို ပိုစွန့်ထုတ်ရခြင်းကြောင့် ဆီးများလာခြင်းဖြစ်သည်။ သန္ဓေသား၏ကြီးထွားလာမှုကြောင့် ဆီးအိမ်ပေါ်တွင်ဖိအားသက်ရောက်ကာ ဆီးသွားချင်စိတ်ကို ဖြစ်စေပါသည်။

ဘယ်လို လက္ခဏာတွေကို ခံစားရမလဲ။

သိသာသော လက္ခဏာမှာ ဆီးသွားချင်စိတ် မကြာခဏဖြစ်သော်လည်း အမှန်တကယ် ဆီးသွားချိန်တွင် ဆီးပမာဏ အနည်းငယ်သာသွားခြင်း၊ ဆီးလုံးဝမသွားခြင်းတို့ဖြစ်နိုင်သည်။

ထို့ပြင် ကိုယ်ဝန်သည်များသည် ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ ရယ်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ပြုလုပ်လျှင် ဆီးယိုနိုင်ပါသည်။

ဘယ်လိုနည်းနဲ့ သိနိုင်မလဲ။

မကြာခဏဆီးသွားခြင်း နှင့် ဆီးမထိန်းနိုင်ခြင်းတို့ကို သိနိုင်ရန်အောက်ပါ စစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။

· ဆီးစစ်ခြင်း

ဆီးစစ်ခြင်းဖြင့် ဆီးထဲတွင် ဘက်တီးရီးယားများ ရှိလျှင် တွေ့နိုင်ပါသည်။

· အသံလှိုင်းဓာတ်မှန်ရိုက်ခြင်း

ဆီးအိမ်၊ ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းမူမမှန်မှုများကို အသံလှိုင်းဓာတ်မှန်များရိုက်ကာသိနိုင်ပါသည်။

· ဆီးအိမ်ကို အောင့်ပြီး ညှစ်ထားစေခြင်း

ထိုနည်းဖြင့် ချောင်းဆိုးခြင်း၊ ဝမ်းဗိုက်ညှစ်အားကို ပြုလုပ်ရသော ကိစ္စများတွင် ဆီးအိမ်မှ ဆီးယိုထွက်သော ပမာဏကို သိနိုင်ပါသည်။

· ဆီးအိမ် မှန်ပြောင်းကြည့်ခြင်း

ဆီးလမ်းကြောင်းနှင့် ဆီးအိမ်ထဲသို့ သေးငယ်ပြီး ထိပ်တွင် ကင်မရာပါသော မှန်ပြောင်းကို ထည့်ပြီး ကြည့်ခြင်းဖြစ်ပါသည်။

ဆီးသွားခြင်းနှင့် ပက်သက်ပြီး ဘယ်အချိန်မှာ စိုးရိမ်ရမလဲ။

ဆီးပိုးဝင်ခြင်းသည် ကိုယ်ဝန်ဆောင်များတွင် အဖြစ်များသော ဘက်တီးရီးယားပိုးဝင်ခြင်းမျိုးဖြစ်ပြီး ယင်းကို သေချာစွာမကုသလျှင် ကျောက်ကပ်ပိုးဝင်ခြင်း နှင့် လမစေ့ဘဲမွေးခြင်း တို့ဖြစ်နိုင်ပါသည်။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း၏ ရောဂါလက္ခဏာများမှာ

  • ဆီးအရောင် နောက်နေခြင်း
  • ဆီးအရောင်ရင့်ခြင်း၊ အနီရောင်၊ ပန်းရောင်သန်းနေခြင်း
  • ဆီးအနံ့ ပြင်းခြင်း၊ နံခြင်း
  • ဆီးသွားလျှင် ကျင်ခြင်း၊ ပူခြင်း တို့ဖြစ်သည်။

အထက်ပါရောဂါလက္ခဏာများရှိပါက သင့်ဆရာဝန်အား ဆက်သွယ်ရန် အရေးကြီးပါသည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးခဏခဏသွားခြင်းအတွက် ကုထုံးများ

Kegel လေ့ကျင့်ခန်းလုပ်ခြင်း

သည် သင့်ဆီးအိမ်၏ ထိန်းအားကိုကောင်းစေသောကြောင့် ယင်းလေ့ကျင့်ခန်းကို တစ်နေ့လျှင် သုံးကြိမ်လေ့ကျင့်ပါ။ အောက်ပါတို့သည် လုပ်ဆောင်ရန် အဆင့်များဖြစ်ပါသည်။

· သင့်တင်ပါးခွက်ရိုးများတွင် တွယ်ထားသော ကြွက်သားများကို ညှစ်ထားပါ။ (သင်သည် ဆီးအောင့်ထားသကဲ့သို့ ပြုလုပ်ခြင်းဖြစ်သည်။)

· ၁၀ စက္ကန့်ကြာအောင် အောင့်ထားပါ။

· ထို့နောက် အောင့်ထားခြင်းကို ဖြေလျော့လိုက်ပါ။

· ၁၅ ကြိမ်ထပ်လုပ်ပါ။

အိမ်တွင်ပြုလုပ်နိုင်သော နည်းများ

ရေသည် သင်နှင့် သင့်ကလေး၏ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် သင်သည် ကိုယ်ဝန်ဆောင်ချိန်တွင် ဆီးသွားခြင်းမကြာခဏဖြစ်ခြင်းကြောင့် ရေကို လျှော့သောက်လိုက်ခြင်းမျိုးမလုပ်ပါနှင့်။

သင်သည် ဆီးခဏခဏထသွားနေရလျှင် အိမ်သာထဲတွင် ဖတ်ရန် ဂျာနယ် သို့မဟုတ် စာအုပ်ကို ယူသွားပါ။ ဆီးပေါက်လျှင်လည်း ဆီးကျန်မရှိရအောင် အရှေ့ဘက်ကို ကိုင်းပြီးပေါက်ပါ။ နေစဉ်အလုပ်များလုပ်နေရင်း ဆီးယိုခြင်းမျိုးမဖြစ်အောင် ဆီးမလွတ်ခင်ကြိုတင်ပြီး အိမ်သာသို့သွားပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 23/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement