ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် တာ (အထူးသဖြင့် ကိုယ်ဝန်တတိယပတ်မှာ) အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ ခြေထောက်ကြွက်တက်တာ၊ ကြွက်သားနာကျင်တာတွေကို ခံစားရလေ့ရှိပြီး ညနေဖက်အချိန်တွေမှာ ပိုပြီးအဖြစ်များပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel
ကိုယ်ဝန်ဆောင်ချိန်ကြွက်တက် တာ (အထူးသဖြင့် ကိုယ်ဝန်တတိယပတ်မှာ) အဖြစ်များပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ တစ်ဝက်လောက်ဟာ ခြေထောက်ကြွက်တက်တာ၊ ကြွက်သားနာကျင်တာတွေကို ခံစားရလေ့ရှိပြီး ညနေဖက်အချိန်တွေမှာ ပိုပြီးအဖြစ်များပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေ ကြွက်တက်ရခြင်းအကြောင်းရင်းနဲ့ ပတ်သက်လို့ ဘယ်သူမှ အသေအချာ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတာက ကိုယ်ဝန်လရင့်ပြီး ဗိုက်အလေးချိန်ပိုလာတာနဲ့အမျှ အဆိုပါ ကိုယ်ဝန်ကို သယ်ဆောင်ထားရတဲ့ ခြေထောက်ကြွက်သားတွေအနေနဲ့ ပိုပြီးပင်ပန်းနွမ်းနယ်လာတာကြောင့် ဖြစ်နိုင်ပါတယ်။
တဖြည်းဖြည်း ကြီးထွားလာတဲ့ ကိုယ်ဝန်အနေနဲ့ ခြေထောက်ကနေ နှလုံးကိုသွားတဲ့ သွေးပြန်ကြောတွေကို ဖိတဲ့အခါ ဒါမှမဟုတ် ခန္ဓာကိုယ်အပေါ်ပိုင်းကနေ ခြေထောက်ကို သွားတဲ့ အာရုံကြောတွေကို ဖိတဲ့အခါ ဒီအခြေအနေက ပိုဆိုးလာနိုင်ပါတယ်။
ခြေထောက်ကြွက်သား နာကျင်ခြင်း၊ ကြွက်တက်ခြင်းဟာ ကိုယ်ဝန်ဒုတိယပတ်လောက်မှာ စတင်ဖြစ်ပေါ်လာနိုင်ပြီး ကိုယ်ဝန်လရင့်လာလေ ပိုဆိုးလေ ဖြစ်လာပါလိမ့်မယ်။။ ခြေထောက်ကြွက်တက်နာကျင်ခြင်းဟာ နေ့အချိန်မှာလည်း ဖြစ်ပေါ်နိုင်ပေမယ့် ညဖက်မှာ အဓိက ခံစားရတဲ့အတွက် အိပ်ရေးပျက်စေပါတယ်။
အောက်ဖော်ပြပါ အချက်လေးတွေကို လိုက်နာပေးခြင်းအားဖြင့် ခြေထောက်နာကျင်ခြင်းနဲ့ ကြွက်တက်ခြင်းတို့ကို ကာကွယ်ပေးနိုင်မှာပါ။
တကယ်လို့ ကြွက်တက်ချင်လာသလို ခံစားရပြီဆိုရင် သင့်ခြေသလုံးကြွက်သားကို အမြန်ဆန့်ထုတ်လိုက်ပြီး ပထမဦးဆုံး ခြေထောက်နဲ့ ခြေဖနောင့်၊ ပြီးရင် ခြေချောင်းလေးတွေကို ညို့သကျည်းဖက် ဆွဲယူလိုက်ပါ။
စစချင်းတော့ အနည်းငယ်နာပါလိမ့်မယ်။ ဒါပေမယ့် အခုလိုလုပ်ပေးခြင်းဟာ ကြွက်သားတွေကို ပြေလျော့စေတဲ့အတွက် နာကျင်မှုတွေဟာ တဖြည်းဖြည်းချင်း လျော့ပါးသွားပါလိမ့်မယ်။ ကြွက်သားတွေကို နှိပ်နယ်ပေးခြင်း ဒါမှမဟုတ် ရေနွေးပုလင်းကပ်ခြင်းတို့ကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
မိနစ်အနည်းငယ်လောက် လမ်းလျှောက်ပေးခြင်းဟာလည်း အကျိုးရှိစေပါတယ်။ ဒါပေမယ့် သင့်ကြွက်သားနာကျင်မှု ပိုဆိုးလာတာ၊ ပျောက်မသွားတာ၊ နီရဲရောင်ရမ်းပြီး တင်းလာတာ၊ လက်နဲ့ထိကြည့်လို့ ပူနွေးနေတာ အစရှိတဲ့ လက္ခဏာတွေ ပေါ်ပေါက်လာပြီဆိုရင်တော့ ဆရာဝန်ကို အကြောင်းကြားရပါမယ်။
ဒါတွေဟာ သွေးခဲခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့အတွက် အမြန်ဆုံးဆေးကုသမှုခံယူဖို့ လိုအပ်ပါတယ်။ သွေးခဲခြင်းဟာ ယေဘုယျအားဖြင့် ဖြစ်ခဲပေမယ့် ကိုယ်ဝန်ဆောင်ကာလတွေမှာတော့ အဖြစ်များပါတယ်။ ဖြစ်လာရင်လည်း အသက်အန္တရာယ်နီးတာကြောင့် အမြန်ဆုံးကုသမှု ခံယူဖို့ လိုပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Hello Sayarwon Panel
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။