backup og meta

ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ခေါင်းကိုက်ရောဂါအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ခေါင်းကိုက်ရောဂါအကြောင်း

    သင့်တွင် ကိုယ်ဝန်ရှိနေပြီဆိုပါက သင်သည် ခေါင်းကိုက်ခြင်းကို ခံစားရမည်မှာ သေချာပါသည်။ Migraine ဟုခေါ်သော ခေါင်းကိုက်ရောဂါသည် ကိုယ်ဝန်ဆောင်များတွင် အဖြစ်များသည်။ အထူးသဖြင့် ကိုယ်ဝန် ၃ လ ခန့်တွင်ပိုဖြစ်ပါသည်။ သင်သည် ထိုသို့ဖြစ်လာလျှင် မလွဲမသွေ နာကျင်မှုကို ခံစားရပေမည်။

    Migraine ခေါင်းကိုက်ရောဂါကို ဖြစ်စေသော အကြောင်းများ

    Migraine ခေါင်းကိုက်ရောဂါကို ဖြစ်စေသော အကြောင်းများကို သေချာစွာ မသိရသေးပါ။ သို့သော် ထိုခေါင်းကိုက်ရောဂါသည် အာရုံကြောလမ်းကြောင်းများတွင် ရှိသော အာရုံကြောဓါတုပစ္စည်းများနှင့် ဦးနှောက်ထဲတွင် သွေးစီးဆင်းမှုများ ပြောင်းလဲခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ပိုဖြစ်စေသည်။

    Migraine ခေါင်းကိုက်ရောဂါသည် ဦးနှောက်မျက်နှာမြင်ပေါ်တွင်ရှိသော သွေးကြောများ ရောင်ရမ်းခြင်းကြောင့်ဖြစ်သည်။ ထို့ပြင် oestrogen ဟော်မုန်းဓါတ်အပြောင်းအလဲ သည်လည်း ထိုသို့ခေါင်းကိုက်ခြင်းကိုဖြစ်စေသော အချက်ထဲတွင်ပါဝင်သည်။

    Migraine ခေါင်းကိုက်ရောဂါနှင့် ဟော်မုန်းပြောင်းလဲမှုများသည် ဆက်နွယ်နေကြောင်းလေ့လာမှုများကဆိုသည်။ ကိုယ်ဝန်ဆောင်များတွင် သွေးစီးဆင်းမှုများခြင်း၊ ဟော်မုန်းဓါတ်အပြောင်းအလဲဖြစ်ခြင်းတို့ကြောင့် ခေါင်းကိုက်ခြင်းပိုဆိုးရခြင်းဖြစ်သည်။

    Migraine ခေါင်းကိုက်ရောဂါ၏ လက္ခဏာများ

    Migraine ခေါင်းကိုက်ရောဂါသည် အစပိုင်း နည်းနည်းခေါင်းကိုက်ရာမှ နောက်ဆုံးတွင် အဆက်မပြတ် ခေါင်းထိုးထိုးကိုက်ခြင်း၊ နောက်စေ့နှင့် နဖူးထိပ်တွင် တထိပ်ထိပ်နှင့် ကိုက်ခြင်းတို့ခံစားရပါသည်။

    တခါတရံတွင် ခေါင်းကိုက်ခြင်းနှင့် အတူ ပျို့ခြင်း၊ အန်ခြင်းတို့ကိုပါတွဲပြီးဖြစ်နိုင်သည်။ အချို့သူများသည် ခေါင်းမကိုက်မီ မျက်လုံးထဲတွင်ရေလှိုင်များကဲ့သို့တရိပ်ရိပ်ဖြစ်ခြင်း၊ အစင်းကြောင်းများမြင်ခြင်း၊အလင်းရောင်များမြင်ခြင်းတို့ဖြစ်နိုင်သည်။

    ထို့ပြင်သင်သည် မြင်ကွင်းထဲတွင် အမဲရောင်အစက်များမြင်ခြင်းတို့လည်းခံစားရနိုင်ပါသည်။

    ကိုယ်ဝန်ဆောင်များတွင် Migraine ခေါင်းကိုက်ရောဂါဖြစ်ခြင်းသည် အန ္တရာယ်ရှိနိုင်ပါသလား

    အောက်ပါတို့ခံစားရပါက သင့်ကျန်းမာရေးကို စောင့်ရှောက်နေသူ သို့မဟုတ် ဆရာဝန်အားပြောပြပါ။

    • ခေါင်းကိုက်ပြီး ဖျားခြင်း
    • ခေါင်းကိုက်ခြင်းသည် နာရီအတော်ကြာမျှဖြစ်ပြီး မကြာခဏ ကိုက်ခြင်း
    • မျက်လုံးအမြင်များဝါးလာခြင်း

    Migraine ခေါင်းကိုက်ရောဂါကို ဘယ်လိုကုမလဲ။

    Migraine ခေါင်းကိုက်ရောဂါကို အဖြစ်များစေသော အရာများမှာ

    • စိတ်ဖိစီးခြင်း
    • ကော်ဖီသောက်ခြင်း
    • ရာသီဥတု အခြေအနေ
    • ဟော်မုန်း အပြောင်းအလဲ တို့ဖြစ်သည်။

    သင့်နာကျင်မှုကို သက်သာစေရန် နည်းလမ်းအချို့ကို မျှဝေလိုပါသည်။

    • နေ၊ အလင်းရောင်များနှင့် ထိတွေ့ခြင်းကို ကန့်သန့်ထားပါ။
    • သင့်နဖူး၊ လည်ပင်းနှင့် ကျောပေါ်တွင် ရေအေးဝတ်ကို တင်ပြီး အလင်းရောင်မှိန်သော အခန်းထဲတွင် အနားယူပါ။
    • ရအေးနှင့် ရေချိုးပါ။
    • နားထင်နေရာနှင့် နှာရိုးတလျှောက်ကို နှိပ်ပေးပါ။
    • ကော်ဖီ အပါအဝင်အခြား ကဖိန်းဓါတ်ပါသော အရာများကို သောက်သုံးခြင်းမှရှောင်ကျဉ်ပါ။
    • သင့်ကို ခေါင်းကိုက်စေသော အစားအသောက်များကို သတိပြုရှောင်ကျဉ်ပါ။
    • ရေများများသောက်ပါ။
    • ပေါ့ပေါ့ပါးပါးနေပါ။ ပြည့်ဝစွာ အနားယူပါ။

    Migraine ခေါင်းကိုက်ရောဂါကို သက်သာစေသော ဆေးများ

    သင်သည ်ကိုယ်ဝန်ဆောင်တဦးဖြစ်လျှင် သင့်ဆရာဝန်က သင့်ကို အမှန်တကယ်ဆေးသောက်ရန် လိုအပ်မှ ဆေးတိုက်ပါလိမ့်မည်။ အများစုသော ခေါင်းကိုက်ပျောက်ဆေးများသည် သန္ဓေသားကို အန ္တရာယ်ဖြစ်စေနိုင်သောကြောင့် သင့်အနေနှင့်လည်းဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများကို သိထားရန်လိုအပ်ပါသည်။

    အများစုသော ဆရာဝန်များက ကိုယ်ဝန်ဆောင်ချိန်တွင် Migraine ခေါင်းကိုက်ရောဂါဖြစ်သူများကို acetaminophen (Tylenol)ဆေးကိုပေးသည်။ ယင်းသည် ထိုသူများအတွက် အသင့်တော်ဆုံးနှင့် အထိရောက်ဆုံးသော ဆေးအကိုက်အခဲပျောက်ဆေးဖြစ်သည်။

    ကိုယ်ဝန်ဆောင်များသည် aspirin , buprofen (Advil, Motrin, etc.)စသည့်ဆေးများကို ဆရာဝန်မညွှန်ကြားဘဲ မသောက်သင့်ပါ။ ထို့ကြောင့် သင်သည် ကိုယ်ဝန်ဆောင်နေစဉ် Migraine ခေါင်းကိုက်ရောဂါဖြစ်ပါက သင့်ဆရာဝန်နှင့် ဆွေးနွေးပြီးမှ အကောင်းဆုံးကုသမှုများကို ခံယူပါ။

    ယေဘူယျအားဖြင့် ကိုယ်ဝန်ဆောင်များတွင် Migraine ခေါင်းကိုက်ရောဂါဖြစ်ခြင်းသည် အန ္တရာယ်မရှိပါ။ ဆေးများသောက်ခြင်း၊ စားသောက်နေထိုင်ပုံဂရုစိုက်ခြင်းတို့ဖြင့် ကုသနိုင်ပါသည်။

    သို့သော် ကိုယ်ဝန်ဆောင်စဉ်ဆေးများသောက်လျှင် မိခင်နှင့်သန္ဓေသားအတွက် စိတ်ချရသောဆေးများဖြစ်အောင် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သင့်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement