အသင့်စားခေါက်ဆွဲတွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ ပါဝင်နေတာ မမေ့ပါနဲ့။ တာရှည်ခံအောင်ပြုပြင်စီမံထားတဲ့ အစားအသောက်တွေနဲ့ အသင့်စား အစားအစာတွေလည်း ရှောင်သင့်တဲ့အထဲမှာပါပါတယ်။
သကြားလုံး၊ အချိုရည်၊ အချိုများတဲ့မုန့်တွေက အများကြီးစားလို့မသင့်တော်ပါဘူး။ သွားပိုးစားမယ်၊ အဝလွန်မယ့်အန္တရာယ်တွေ ရှိသလို ချောင်းဆိုးရင်ကျပ်ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုဆိုးတာက အဝလွန်ရာကနေ အမျိုးအစား ၂ ဆီးချိုသွေးချိုဖြစ်နိုင်တဲ့အန္တရာယ်လည်း များစေပါလိမ့်မယ်။
ယိုးဒယားအသားကင်တွေ၊ ရယ်ဒီမိတ်အသားလုံးတွေမှာ နိုက်ထရိတ်ပါဝင်မှုမြင့်မားလို့ ကင်ဆာအန္တရာယ် စိုးရိမ်ရပါတယ်။ အသားချောင်း၊ ဟော့ဒေါ့တို့မှာ ဆိုဒီယမ်နဲ့တိရစ္ဆာန်အဆီတွေ ပါဝင်မှုလည်းများတာကြောင့် ကလေးအတွက် အာဟာရကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။
ကြက်ကြော်စားမယ်ဆို လူကြီးတွေစားသလို ဆော့စ်လေးနဲ့ တို့ရမှကျေနပ်တာလား။ တစ်ခါတလေးစားတာထက်ကျော်လွန်ပြီး မကြာခဏစားခွင့်ပေးထားတယ်ဆိုရင် အချဉ်ရည်တွေမှာပါတဲ့ အရောင်ဆိုးဆေးတွေ၊ တာရှည်ခံပစ္စည်းတွေလို ပါဝင်ပစ္စည်းတချို့က ကလေးတွေအတွက် မသင့်တော်ပါဘူး။
ကလေးတွေအတွက် ဓာတ်မတည့်မှုဖြစ်နိုင်တဲ့ စားစရာတွေအများကြီးရှိပါတယ်။ ဥပမာ- ကြက်ဥ၊မြေပဲ၊ ဂျုံ၊ အချဉ်သီးတချို့၊ ပင်လယ်စာ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး။ ကလေးကို အစားအစာတွေ မိတ်ဆက်ကျွေးပြီဆိုရင် သူ့မှာဓါတ်မတည့်တဲ့စားစရာတွေရှိနေသလားဆိုတာ သတိထားမှတ်သားပါ။ပြီးရင် ကလေးနဲ့ဓါတ်မတည့်တဲ့စားစရာတွေကို မပါအောင် သတိထားကျွေးပါ။ ကလေးရဲ့သရေစာမုန့်က ဓာတ်မတည့်တဲ့အရာဖြစ်နေခဲ့ရင် အန္တရာယ်ရှိပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။