ကျောင်းသားဖြစ်ရင်တော့ စာမေးပွဲ နဲ့ ကင်းလွတ်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ မကြာခင်မှာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး စာမေးပွဲဖြစ်တဲ့ ဆယ်တန်းစာမေးပွဲ (တက္ကသိုလ်ဝင်တန်းစာမေးပွဲ) ရောက်လာတော့မှာပါ။ ဒီလို စာမေးပွဲရာသီဆိုတာ ကလေးရော မိဘရော စိတ်ရောကိုယ်ပါ အရမ်းပင်ပန်းကြတဲ့အချိန်ပါ။ ဒီအချိန်လေးက ကလေးရဲ့ ရှေ့လျှောက်ဘဝကို အဆုံးအဖြတ် ပေးနိုင်တာကြောင့် အတိမ်းအစောင်း နည်းနည်းလေးတောင်ခံလို့ မရတဲ့အတွက် ဒီ စာမေးပွဲရာသီ အတွင်းမှာ အားအင်တွေ ပြည့်နေအောင် မိဘတွေဘက်က ကိုယ့်ကလေးကို ဘယ်လို ပြုစု စောင့်ရှောက်ရမလဲ ဆိုတာလေးတွေ ပြောပြပေးချင်ပါတယ် ။