စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ

တနင်္လာနေ့ရောက်မှာကို တနင်္ဂနွေ ညတည်းက ကြိုကြောက်နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ စဉ်းစားကြည့်ရင် တနင်္လာနေ့ဆိုတာ ရုံးပြန်တက်ရတော့မယ့်နေ့၊ ကျောင်းပြန်တက်ရတော့မယ့်နေ့ ဖြစ်သလို နောက်ထပ် ပိတ်ရက်ရောက်ဖို့ ၅ရက်ကြီးတောင် လိုသေးတယ်မလား။ စနေ တနင်္ဂနွေဆိုတာလည်း ဘာမှမနားလိုက်ရသလိုပါပဲလာ။ ဒီလို တနင်္လာနေ့တိုင်း ရုံးမသွားချင်တဲ့ ပြဿနာ ကို ဘယ်လိုများ ဖြေရှင်းရင် ကောင်းမလဲ။ တနင်္လာနေ့ ရောက်ခါနီးရင် ဒီလို ခံစားရနေပြီလား တနင်္လာနေ့ ရောက်မှာ ကြောက်နေတာကို Monday bluesလို့ ခေါ်ကြပါတယ်။ ဒီပြဿနာက စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုများတဲ့ရောဂါ၊ နေသားမကျတဲ့ ရောဂါတွေနဲ့ လက္ခဏာတွေ တူနေတတ်ပါတယ်။ တနင်္ဂနွေညလောက်တည်းက သင့်မှာ ဝမ်းနည်းလာသလိုလို နုံးပြီး အားမရှိလာသလိုလို စိတ်တိုစိတ်ဆတ်လာတာ နောက်အပတ်ကို ဘယ်လိုများ ကျော်ဖြတ်ရပါလိမ့်လို့ စိုးရိမ်လာတာ နေသာထိုင်သာမရှိတာ စားချင်သောက်ချင်စိတ်တွေ ပြောင်းလာတာ အိပ်မပျော်တာ ကိုယ်လက်ကိုက်တာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ

စိတ်ဖိစီးနေပြီလား! စိတ်ဖိစီးတယ်ဆိုတာက လူတိုင်း ဘဝသက်တမ်း တလျှောက်မှာ တစ်ကွေ့မဟုတ် တစ်ကွေ့မှာ ကြုံတွေ့ရတဲ့ အခြေအနေ တစ်ရပ်ပါ။ အလုပ်ခွင် အခြေအနေကြောင့် စိတ်ဖိစီးနိုင်သလို ငွေရေးကြေးရေး ကိစ္စတွေ၊ မိသားစုကိစ္စတွေကြောင့်လည်း စိတ်ဖိစီးနိုင်ပါတယ်။ စိတ်ဖိစီးတာကို သေချာလေး မဖြေရှင်းဘူးဆိုရင်တော့ ရေရှည်မှာ စိတ်ကျန်းမာရေးရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးတာကို သေချာလေး ဖြေရှင်းဖို့ လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက်တော့ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ အကြောင်း ပြောပြပေးချင်ပါတယ်။   ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့အတွက် စိတ်ဖိစီးမှုတွေကို သေချာ ဖြေရှင်းဖို့ လိုပါမယ်။ ဒီတော့ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့ ဘယ်လို ဗီတာမင်တွေကို မှီဝဲသင့်လဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/healthy-mind/stress-management/ways-to-prevent-stress-buildup/ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ စိတ်ဖိစီးမှုကို ပြေလျော့စေနိုင်တဲ့ ဗီတာမင်များ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့

ဝါကျွတ်ကာလက မိသားစုတွေအတွက်ပဲတော့ မဟုတ်ပါဘူး။ ဝါကျွတ်ကာလမှာ လက်တွဲဖော်တွေ အကြားမှာလည်း ပျော်ရွှင်စရာ အခိုက်အတန့်လေးကို ပိုင်ဆိုင်နိုင်အောင် ဖန်တီးလို့  ရပါတယ်။ ဘယ်လို ဖန်တီးရမလဲ ဆိုပြီး သိချင်နေပြီလား! ဒါဆိုရင်တော့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဘယ်လိုလေးတွေ လိုက်နာ လုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ လက်တွဲဖော်တို့အတွက် ပျော်ရွှင်စရာ ဝါကျွတ်ကာလလေး ပိုင်ဆိုင်နိုင်စေဖို့ ဆိုရင်တော့ အခုလို နည်းလမ်းလေး တွေနဲ့ လုပ်ဆောင်လို့ ရပါတယ်။ ဘုရား အတူတူတက်တာ သီတင်းကျွတ်ကာလက မြန်မာလူမျိုးတွေအတွက် အထွတ်အမြတ် ထားတဲ့ အခိုက်အတန့်ပါ။ ဒီကာလမှာ ဘုရား အတူတူ တက်တာက ချစ်သူနှစ်ဦးကြားမှာ ပိုမိုနွေးထွေးတဲ့ ဆက်ဆံရေးကို ပိုင်ဆိုင်နိုင်စေမှာပါ။  လူကြီးတွေကို ဂါရဝပြုဖို့ အတူတူ ဈေးဝယ်ထွက်တာ သီတင်းကျွတ်မှာ နှစ်ဖက်သော မိဘတွေကို ဂါရဝပြုရမယ့် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား

ဟင်းချက်တယ်ဆိုတာက အိမ်ရှင်မတွေအတွက်ကတော့ နိစ္စဒူဝ အလုပ်ဆိုပေမယ့် ဟင်းချက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဟင်းချက်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူပြုသလား ….. ဘယ်လိုတွေ အထောက်အကူပြုပေးနိုင်တယ်ဆိုတာတွေကို ပြောပြပေးသွားပါမယ်။ ဟင်းချက်တာက ပျော်စရာ တစ်ခုပါ ဟင်းချက်တာက ပျော်စရာကောင်းလား မကောင်းဘူးလားဆိုရင် လေဒီလေးတွေ ငယ်ငယ်က အိုးသေးသေးလေးတွေ ခွက်သေးသေးလေးတွေနဲ့ ဟင်းချက်တမ်း ကစားရရင် ပျော်နေတာပဲဟုတ်။ ကိုယ်တိုင် အရွက်တွေခူး၊ အပင်စုံကို လိုက်ခူးပြီး လှီးချွတ်ဆေးကြော ချက်ပြုတ်ကြတယ်လေနော်။ ဒီလိုမှ မဟုတ်ရင်လည်း မေမေချက်ထားတဲ့ ထမင်းဟင်းလေးတွေကို အိုးလေးတွေထဲ ဖြည့်ပြီး ကိုယ်တိုင်ချက်သလို သရုပ်ဆောင်ရင်း ချက်ပြုတ်ကြတယ်ဟုတ်။ အရွယ်ရောက်လာချိန်မှာလည်း စားချင်တဲ့ ဟင်းလေးတွေကို ချက်ပြီး ကိုယ်တိုင်ရော မိသားစုဝင်တွေပါ အရသာရှိရှိ စားရတာက ပျော်စရာ ကောင်းလှပါတယ်။ ဒါကြောင့်လည်း ဟင်းချက်တာက ပျော်စရာတစ်ခုပါလို့ ဆိုရတာပေါ့။ https://wp.hellosayarwon.com/healthy-eating/healthy-recepies/ ဟင်းချက်တာက […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ

တွဲတာကြာလာတဲ့ စုံတွဲတွေ၊ လက်ထပ်ထားတဲ့ စုံတွဲတွေက ကြာလာလေလေ ရုပ်တူလာတယ်ဆိုတာကို သတိထားမိကြမှာပါ။ စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ ဆိုတာကို သိပ္ပံနည်းကျ ရှင်းပြထားတာတွေ အများကြီး ရှိပါတယ်။ စုံတွဲတွေ ရုပ်တူလာတာ ဘာကြောင့်လဲ စုံတွဲတွေ ရုပ်တူလာတာနဲ့ ပတ်သက်ပြီး သုံးသပ်ချက်တွေ အများကြီး ရှိပါတယ်။ ဥပမာ စုံတွဲတွေက ကိုယ်နဲ့ လူမျိုးတူ၊ နိုင်ငံတူတဲ့ သူကို ကြိုက်တာကြောင့် ရုပ်လေးတွေက ခပ်ဆင်ဆင်ဖြစ်နေတာပါတဲ့။ တချို့တွေကျတော့လည်း လက်တွဲဖော်ကို ကိုယ့်အမေနဲ့ တူတဲ့သူ၊ ကိုယ့်အဖေနဲ့ တူတဲ့သူကို တွေးထားတော့ ဒီလိုရုပ်မျိုးတွေတွေ့ရင် အလွယ်တကူ ကြိုက်မိသွားတတ်ပါတယ်။ စစချင်းက ရုပ်မတူတဲ့ ရုပ်မတူတဲ့ စုံတွဲတွေ တောင်မှ နောက်ပိုင်းမှာ နေထိုင်တဲ့နေရာ၊ စားတဲ့ အစားအသောက်၊ အကျင့်တွေ တူလာတဲ့အခါကျတော့ တဖြည်းဖြည်း ကိုယ်လုံးကိုယ်ပေါက်တွေ တူလာတာ၊ ရုပ်တူလာတာတွေ ဖြစ်တတ်ပါတယ်။ ဒါက […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းများ

အခုနောက်ပိုင်းမှာ ဆိုရှယ်မီဒီယာနဲ့ ကင်းတဲ့သူတွေက ခပ်ရှားရှားပါ။ ဒီလို မကင်းနိုင်မှတော့ ဆိုရှယ်မီဒီယာပေါ်က အသုံးတွေကို သိထားဖို့ လိုပြီပေါ့။ ဒီတစ်ခေါက်တော့ သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းများ ကို သိရှိနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။  နေ့စဉ်ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေတဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းလေးတွေကို သိရှိထားတော့ အများတွေအလယ်မှာလည်း မျက်နှာမငယ်ရတော့ ဘူးပေါ့။  https://hellosayarwon.com/healthy-mind/other-mental-health-issues/how-to-live-fit-with-your-feeling/ စိတ်ကျန်းမာရေးက အရေးကြီးသလား ! စိတ်ကျန်းမာရေးက ကိုယ်ကျန်းမာရေးလိုပဲ အရေးကြီးပါတယ်။ လူတစ်ယောက် နေ့စဉ်ဘဝမှာ စိတ်ရောကိုယ်ပါ ကျန်းမာဖို့ အရေးကြီးတယ်ဆိုတဲ့ စကားအတိုင်း နေ့စဉ်ဘဝမှာ အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်ဖို့ စိတ်ဖိစီးမှု ကင်းပြီး စိတ်ပျော်ရွှင်နေဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာနေဖို့က အရေးကြီးပါတယ်။  သိထားသင့်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းများ နေ့စဉ်ဘဝမှာရော ဆိုရှယ်မီဒီယာပေါ်မှာပါ အသုံးများနေတဲ့ စိတ်ကျန်းမာရေးဆိုင်ရာ အသုံးအနှုန်းလေးတွေကတော့ -  Gaslighting Gaslighting […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

အိမ်ထောင်ရေး ဖောက်ပြန်မှု ကနေ နာလန်ထူနိုင်စေမယ့် နည်းလမ်း (၉) ခု

အိမ်ထောင်ရေး ဖောက်ပြန်မှု ၊ သမီးရည်းစား ဖောက်ပြန်မှု တစ်ခုကို ကြုံရတဲ့အခါ တုံ့ပြန်ပုံက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အဖော်နဲ့ သူရဲ့ နောက်တစ်ယောက်ကို ဒေါသထွက်တာ၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာ၊ ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိဘဲ ရင်ဘတ်ထဲမှာ တင်းကျပ်နေတာတွေက ကိုယ့်ကျန်းမာရေးကို ဖျက်လိုဖျက်ဆီး ဖြစ်စေပါတယ်။ ဖောက်ပြန်မှုနဲ့ ကြုံတွေ့ရတာက ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အတွေ့အကြုံဖြစ်တာကြောင့် ဒီကနေ  နာလန်ပြန်ထူနိုင်ဖို့ အချိန်လိုပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်မှုကို တုံ့ပြန်ပုံ အမျိုးမျိုး ဘာကြောင့်ပဲ ဖြစ်ပါစေ။ ဖောက်ပြန်မှု ဖြစ်တာက ဖြစ်ပြီးခဲ့ပါပြီ။ ဖောက်ပြန်မှု တစ်ခုနဲ့ ကြုံတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တုံ့ပြန်မှုက မတူပါဘူး။ စစချင်းမှာတော့ ဒေါသဖြစ်မယ်၊ ငါ့ကျမှ ဘာလို့ ဖြစ်တာလဲဆိုပြီး မချင့်မရဲတွေ ဖြစ်မယ်။ ငါဘာများ မှားလို့လဲဆိုပြီး ကိုယ့်ကိုယ်ကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ!

Main Character Syndrome ဆိုတာက ကိုယ်တိုင်တောင် မသိလိုက်ဘဲ ကိုယ့်မှာ ရှိနေနိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေ တစ်ခုပါ။ လူတော်တော်များများမှာ အခြေအနေချင်း မတူဘဲ ရှိနေတတ်ပါတယ်။ ဒီတော့ ကိုယ်တိုင်မှာရော Main Character Syndrome ရှိနေလားဆိုတာကို ဘယ်လိုများ သိနိုင်မလဲ! ဆိုတာနဲ့ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်မလဲဆိုတာလေးကို ပြောပြပေးချင်ပါတယ်။ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ရှိနေနိုင်တဲ့ စိတ်ကျန်းမာရေး အခြေအနေ တစ်ခု လူတိုင်းမှာ ကိုယ်တိုင်တောင် မသိလိုက်ဘဲ Main Character Syndrome ရှိနေနိုင်ပါတယ်။ ဒါက စိတ်ကျန်းမာရေး အခြေအနေ တစ်ခုပေါ့။ Main Character Syndrome ဆိုတာက လူတစ်ဦးဦးဟာ သူတို့က လူတိုင်းကို ဦးဆောင်နေရတဲ့သူ ဒါမှမဟုတ် သူ့ဘဝမှာ သူက အရေးအပါဆုံးသောသူ၊ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

တစ်ကိုယ်တည်းလည်း ပျော်ပျော်နေလို့ ရပါတယ်

ဘဝမှာ နေပျော်ဖို့ဆိုရင်တော့ အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သေချာလေး နားလည်ဖို့ပါ။ လူတော်တော်များများ ယူဆထားကြတာက တစ်ကိုယ်တည်းနေမယ်ဆိုရင် အထီးကျန်ပြီး ပျင်းစရာကောင်းမယ် ပျော်စရာလည်း မရှိဘူးလို့ပေါ့။ တကယ်ကတော့ တစ်ကိုယ်တည်းလည်း ပျော်ပျော်နေလို့ ရပါတယ် ဆိုတာကို အသိပေးချင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ပြောပြပေးချင် ပါတယ်။ တစ်ယောက်တည်းနေမှ အထီးကျန်တယ်လို့ ခံစားရတာလား! တစ်ယောက်တည်းလည်း ဘဝမှာ ပျော်ပျော်နေလို့ရပါတယ်။ တကယ်က ဘဝမှာ အနေပျော်ဖို့ဆိုရင် အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် သေချာလေး နားလည်ဖို့ပါ။ တစ်ခါတလေမှာ ဘေးနားမှာ ချစ်သူ လက်တွဲဖော်တွေ ရှိပေမယ့်လည်း အထီးကျန်နေကြသူတွေ အများကြီးပါ။ ဒါကြောင့် တစ်ကိုယ်တည်းနေမှ အထီးကျန်တာ စိတ်ပင်ပန်းတာ မဟုတ်ပါဘူး။  စိတ်သဘောထား မတိုက်ဆိုင်တဲ့ သူတွေနဲ့ အတူနေရတာ၊ ဝါသနာ မပါတာကို လုပ်ရတာတွေကလည်း အထီးကျန်တာကို ဖြစ်စေနိုင်ပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Barbie ရုပ်ရှင်ကနေ ဘာတွေသင်ယူလိုက်ရသလဲ။

ဒီတလော တစ်လောကလုံးလည်း ပန်းရောင်သမ်းပြီး Barbie ဖက်ရှင်‌လေးတွေ ဝတ်ကြတာကို တွေ့မိကြမှာပေါ့။ ဘာဘီရုပ်ရှင် မဖြစ်ခင် ကာတွန်းကားဘဝတည်းက သမီးမိန်းကလေးတွေ အကြိုက်ဆုံးဖြစ်ခဲ့တာလေ။ ကာတွန်းကားတွေ အများကြီး ထွက်ခဲ့သလို ခုလို ရုပ်ရှင်ပြန်ရိုက်တော့လည်း သူ့ခေတ်ပြန်ရောက်လာတာပါပဲ။ Barbie ရုပ်ရှင်က ရုပ်ရှင်သက်သက်ပဲ မဟုတ်ပါဘူး။ Barbie ရုပ်ရှင်ကနေ သင်ယူလေ့လာစရာတွေ အများကြီး ရှိပါတယ်။ Barbie ရုပ်ရှင်ကနေ ဒါတွေ သင်ယူနိုင်ပါတယ်။ ဟိုးအရင်တည်းက ထွက်ခဲ့တဲ့ ကာတွန်းကားတွေကနေ ခုလက်ရှိ Barbie ရုပ်ရှင်အထိ သင်ယူနိုင်တာတွေကတော့ လူတိုင်း Barbieဖြစ်နိုင်ပါတယ်။ ဘာဘီကာတွန်းကားတွေမှာတည်းက Barbieက ဖြူရမယ်၊ ချောရမယ်၊ မင်းသမီးလေးလို ဖြစ်နေရမယ်ဆိုတာမျိုး မဟုတ်ပါဘူး။ သူက အသားအရောင်မျိုးစုံနဲ့ အလုပ်နေရာမျိုးစုံက ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်က အလှအပဆိုင်ရာ စံသတ်မှတ်ချက်တွေကို ကျော်လွန်ပြီး ဘယ်လိုပုံစံမျိုးပဲ ဖြစ်ပါစေ။ ဘာဘီဖြစ်နိုင်တယ်။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)