ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်သော အစားအစာများ

ရေးသားသူ

Update Date မတ် 18, 2020 . 2 ဖတ်ရန် ကြာချိန်
Share now

ကလေးတွေအတွက် မနက်စာ၊ နေ့လယ်စာ၊ ညစာ ပြင်ဆင်ပေးတဲ့ အခါမှာ အခုဖော်ပြထားတဲ့ အစားအစာလေးတွေ ထည့်ပေးဖို့ လိုအပ်ပါတယ်။

၁။ ဆော်လမွန် ငါး – ဆော်လမွန်ငါးမှာ Omega 3 fatty acid တွေဖြစ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှု နှင့် မှတ်ဉာဏ် စွမ်းအား အတွက် မရှိမဖြစ်လိုအပ်တဲ့ EPA နှင့် DHA ပါဝင်ပါတယ်။ ကလေးတွေ က ငါးဆိုရင် ဒီတိုင်း ကျွေးရင် မစားချင်ကြပါဘူး။ ဒါကြောင့် sandwich လို လုပ်ပြီး ကျွေးတာမျိုး လုပ်ပေးရင်တော့ ပိုကြိုက်ကြပါလိမ့်မယ်။ တချို့ ကလေးတွေက ဆော်လမွန် မကြိုက်ဘူးဆိုရင်တော့ တူနာငါးကျွေးလို့လည်းရပါတယ်။ ဒါပေမယ့် ဆီသွပ်ဘူးတွေ မှာပါတဲ့ တူနာကတော့ အသားချည်းပဲပါပြီး ငါးအဆီ မပါတဲ့အတွက် omega 3 fatty acid ကတော့ နည်းပါတယ်။

၂။ ကြက်ဥ ကျွေးပါ – အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ကြက်ဥက အသားဓါတ်ကြွယ်ဝတဲ့ အတွက် ကလေးတွေ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန်အသုံးဝင်ပါတယ်။ နောက်တစ်ခု ကောင်းတဲ့ အချက်ကတော့ ကြက်ဥအနှစ်မှာပါဝင်တဲ့ ကိုလင်း(Choline) ဓါတ်က မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါပေမယ့် တဖက်က ကိုလက်စထရောလည်း များတဲ့အတွက် တစ်နေ့ ကို ၂ လုံး ထက်ပို ပြီး မကျွေးသင့် ပါဘူး။ တစ်ခုရှိတာက ကလေးတွေမှာ ကြက်ဥ နှင့် တည့်မတည့် ကို စမ်းဖို့တော့ လိုပါတယ်။ စကျွေးတဲ့နေရာမှာ တည့်မတည့် ကိုအရင် အကာချည်း တစ်ဇွန်းလောက် နောက်တစ်ရက်မှာ အနှစ်ချည်း တစ်ဇွန်းလောက် ကျွေးကြည့်ပြီး နာရီဝက် တစ်နာရီလောက် စောင့်ကြည့်ပါ။ အနီကွက်တွေ မထွက်လာဘူးဆိုရင်တည့်တယ်လို့ ယူဆလို့ရပါတယ်။ နောက်နေ့ဆို ဆက်ကျွေးလို့ အဆင်ပြေပါပြီ။ ဒါပေမယ့် ကလေးတွေ ကို ကျွေးတဲ့ နေရာမှာ အစိမ်းလုံးဝ မကျွေးသင့်ပါ။ အကျက် (သို့မပါုတ်) အကာကျက်လေး ပြုတ်ပြီး ကျွေးရပါမယ်။

၃။ မြေပဲထောပတ် ကျွေးပါ– အခုနောက်ပိုင်း Supermarket တော်တော် များများမှာ မြေပဲထောပတ် peanut butter ဝယ်လို့ရနေပါပြီ။ peanut butter က ဗီတာမင် E ကြွယ်ဝပြီး ဓါတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ အတွက် အာရုံကြောဆဲလ်လေးတွေရဲ့ အမြှေးပါး ပျက်စီးမှုဒဏ်မှ ကာကွယ်ပေးပါတယ်။ နောက်ထပ်လည်း Thiamin (ဗီတာမင် B1) ကြွယ်ဝတဲ့ အတွက် ဦးနှောက် နှင့် အာရုံကြော လုပ်ငန်းဆောင်တာတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီပေးပါတယ်။ ဒါပေမယ့် မြေပဲကလည်း လူတိုင်းနှင့် မတည့်တတ်တဲ့ အတွက် ကလေးတွေကို စကျွေးရင် တည်၊့မတည့် သိရအောင် လက်တစ်တို့လောက်ကျွေးပြီး နာရီဝက် စောင့်ပြီး မှ အနီစက်ထွက်တာ အသက်ရှု ကြပ်တာတွေ မရှိမှဆက်ကျွေးပါ။ ဒါက အရင်ကတည်းက မြေပဲတစ်ခါ မှ မကျွေးဘူးတဲ့ ကလေးတွေ အတွက်သာ ဖြစ်ပါတယ်။

၄။ Whole grains ကျွေးပေးပါ – whole grains ဆိုတာကတော့ အလွယ်ပြောရင် ဂံျုကြမ်း၊ ဆန်ကြမ်းတွေပါ။ Whole grains တွေ မှာ ဗီတာမင် B complex ပါဝင်တဲ့အတွက် ဦးနှောက် နှင့် အာရုံကြော အတွက် အထူးကောင်းမွန် စေပါတယ်။

၅။ Oatmeal ကျွေးပါ – ကလေးတွေကို မနက်စာ အနေနဲ့ ဗီတာမင် B၊ E၊ ပိုတက်ဆီယမ် နှင့် ဇင့် ဓါတ် ကြွယ်ဝတဲ့ oatmeal ကျွေးသင့်ပါတယ်။

၆။ နွားနို့ နှင့် ဒိန်ချဉ် ကျွေးပေးပါ – ဦးနှောက် တစ်ရှုး၊ အင်ဇိုင်း တွေကို ဖွံ့ဖြိုးစေပါတယ်။ အခုနောက်ပိုင်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ထပ်ဖြည့်ထားတဲ့ Fortified Milk တွေတိုက်လည်းအဆင်ပြေပါတယ်။

၇။ ဘယ်ရီသီးတွေ များများကျွေးပါ– ဘယ်ရီသီးတွေ ဆိုတာကတော့ စတော်ဘယ်ရီသီး၊ ချယ်ရီသီး၊ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဘလက်ဘယ်ရီသီးစတဲ့ အသီးတွေကို ဆိုလိုတာပါ။ ဗီတာမင် စီ ကြွယ်ဝလို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အတွက် ကလေးတွေမှာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် တွေကြောင့် ဖြစ်တဲ့ နှာစေး၊ ချောင်းဆိုး ဖြစ်တာတွေ ကို လျှော့ချပေးပါတယ်။

၈။ ပဲအမျိုးမျိုး ကျွေးပေးပါ – Omega 3 fatty acid ကြွယ်ဝတဲ့ kidney bean နှင့် pinto bean ကျွေးခြင်း အားဖြင့် ဦးနှောက်ဖွံ့ဖြိုးမှု ကို တစ်ဖက်တစ်လမ်းက အားပေးပါတယ်။ တစ်ခု သတိထားသင့်တာကတော့ တချို့သော ပဲအမျိုးအစားတွေက ကလေးတွေမှာ မတည့်တတ်ပါဘူး။ အထူးသဖြင့် G6PD ကလေးတွေ မှာ ဆိုရင် သက်ဆိုင်ရာဆရာဝန်တွေ နှင့် တိုင်ပင်ပြီးမှ ကျွေးသင့်ပါတယ်။

၉။ အရောင်စုံအောင် အသီးအရွက်တွေ ကျွေးပါ

ဥပမာ (၁) အနီရောင် – ခရမ်းချဉ်သီး၊ စတော်ဘယ်ရီ

(၂) အဖြူရောင် – မုန့်ညှင်းဖြူ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်

(၃) အဝါရောင် (သို့) လိမ္မော်ရောင် – လိမ္မော်သီး၊ မုန်လာဥနီ

(၄) အစိမ်းရောင် – ကန်စွန်းရွက်၊ ပါင်းနုနွယ်၊ ပန်းပွင့်စိမ်း

(၅) ခရမ်းရောင်စပျစ်သီး စတာတွေ ထဲ မှ တစ်နေ့ကို သုံးမျိုးလောက် ပါအောင်ကျွေးပေးပါ။ ကန်းစွန်းဥ နှင့် ရွှေဖရုံသီးကျွေးလည်း ရပါတယ်။ ကလေးတွေ ပိုကြိုက်ပါတယ်။

၁၀။ သံဓါတ် အားကောင်းစေတဲ့ အမဲသား ကျွေးပေးပါ – သံဓါတ်ပါာ ဦးနှောက်ဖွံ့ဖြိုးမှု နှင့် မှတ်ဉာဏ် စွမ်းအားကို မြှင့်တင်ပေးပါတယ်။ ဒါကြောင့် သံဓါတ် ကြွယ်ဝတဲ့ အမဲသား ကျွေးပေးဖို့လိုပါတယ်။ ဒါပေမယ့် တစ်ပတ်ကို နှစ်ကြိမ်ထက်တော့ မပိုသင့်ပါဘူး။

လေးစားစွာဖြင့်

ဒေါက်တာ ညီညီကျော်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

ကျွမ်းကျင် ပညာရှင်များထံမှ Dr. Nyi Nyi Kyaw

ဆီးချိုဝေဒနာရှင်တွေအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံ

အသင့်စား အစားအစာတွေ ကိုယ်လက်လှုပ်ရှားမှု ကိုယ်အလေးချိန် ဘာစမာတီ အရွက် oatmeal အသီး မင်းဂွတ်သီး နှင်းသီး ကလီစာ ဆီ ဆား ဆီးချို ကျန်းမာတဲ့အစားအသောက်ပုံစံ

ရေးသားသူ Dr. Nyi Nyi Kyaw
မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓါတ်များ

ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးမှုအတွက် ကျွေးသင့်သော အစားအစာများ

ကလေးငယ် ဉာဏ်ရည်ဖွံ့ဖြိုးမှု အစာအာဟာရ သံဓါတ် Oatmeal Wholegrain ဒိန်ချဉ် ဘယ်ရီသီးတွေ မှတ်ဉာဏ် အာရုံကြော ပဲအမျိုးမျိုး G6PD Omega3fattyacid

ရေးသားသူ Dr. Nyi Nyi Kyaw

Oatmeal စားခြင်းရဲ့ အကျိုးကျေးဇူးများ

Oatmeal အမျှင်ဓါတ် ဓါတ်တိုးဆန့်ကျင်အာနိသင် အုတ်ဂျုံ ဆီးချို ဝမ်းမှန်စေတယ် ဗီတာမင် သတ္တုဓါတ် အကျိုးပြုဘက်တီးရီးယား အူလမ်းကြောင်း သကြားဓါတ်

ရေးသားသူ Dr. Nyi Nyi Kyaw
လေဖြတ်နိုင်ခြေကိုလျှော့ချပေးနိုင်မယ့် အစားအစာများ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျန်းမာစေဖို့ နေ့တိုင်းစားသင့်တဲ့ အစားအစာများ

အာဟာရ စားသောက်မှုပုံစံ အစားအစာလေး ကျန်းမာနေစေဖို့ ဘယ်ရီသီး အစာခြေစနစ် အမျှင်ဓာတ် မှတ်ဉာဏ် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဥအမျိုးမျိုး ကော်လာဂျင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

နံနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်

အိပ်ယာ၊ ရုံး၊ ကျောင်း၊ အိပ်ချင်မူးတူး၊ အလျှင်စလို၊ လန်းဆန်းတက်ကြွ၊ လှလှပပ၊ လုပ်ငန်းခွင်၊ စာသင်ခန်း၊ ဦးနှောက်၊ မနက်ခင်း၊ ကော်ဖီပူပူ၊ လေ့ကျင့်ခန်း၊ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ကိုလင်း (Choline) ၏ ကျန်းမာရေး အကျိုးပြုပုံ

ကိုလင်း ခန္ဓာကိုယ် အာဟာရ ဦးနှောက်ဖွံ့ဖြိုးမှု နှလုံးကျန်းမာရေး ဦးနှောက်ကျန်းမာရေး မှတ်ဉာဏ်ပိုင်းဆိုင်ရာ စိတ်ကျန်းမာရေး အသည်းရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အစာအိမ်အူလမ်းကြောင်းနှင့် နှလုံးကျန်းမာရေးဆက်နွယ်နေသလား

အစာအိမ်အူလမ်းကြောင်း နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများ နှလုံး သွေးလွှတ်ကြောများ မာကြောခြင်း probiotic အစာအိမ်ရောင်ခြင်း နှလုံးသွေးလွှတ်ကြောရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
နှလုံးရောဂါ, ကျန်းမာရေးစင်တာ ဇွန် 23, 2020 . 2 ဖတ်ရန် ကြာချိန်

သင့်အတွက် ရွေးချယ်ထားသည်

မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ

မာလကာသီးနဲ့ မာလကာရွက်တို့မှာ ဘာအာနိသင်တွေ ရှိသလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်
ကိုယ်ဝန်ဆောင်လိုသည့် အမျိုးသမီးများအတွက် လိုအပ်သော အာဟာရဓာတ်များ

ကိုယ်ဝန်ဆောင်လိုသည့် အမျိုးသမီးများအတွက် လိုအပ်သော အာဟာရဓာတ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 30, 2020 . 2 ဖတ်ရန် ကြာချိန်
လက်ဖက်စိမ်းဆိုတာ

လက်ဖက်စိမ်းဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 29, 2020 . 2 ဖတ်ရန် ကြာချိန်
နေဝင်ချိန်မှာ အဖော်ပြုပါ။

နေဝင်ချိန်မှာ အဖော်ပြုပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 28, 2020 . 3 ဖတ်ရန် ကြာချိန်