ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  စတော်ဘယ်ရီ ဆိုတာ စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် C၊ […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အရွယ်မှာ ပုစွန် ကျွေးမလဲ ........

ဘေဘီလေး ကို အသက် ၆ လမပြည့်ခင် ( solid food ) စတင် မိတ်ဆက်လို့ မရခင်ကတည်းက ကျွေးချင်နေတာတွေက ခပ်များများရယ် ဟုတ် မေမေတို့ ဘွားဘွားတို့ရေ ..... စားကောင်းတာလေး တစ်ခုခု စားလိုက်တိုင်း ဘေဘီလေးများ စားချင်မလား ..... ကြိုက်မယ်ထင်တယ်ဆိုတဲ့ စိတ်က အမြဲလိုလို ဖြစ်မိမယ် ထင်ပါတယ်။ ဒီစိတ်လေးက ဘေဘီလေးကို ချစ်တဲ့ ဘွားဘွား၊ မေမေ၊ တီတီတိုင်းမှာ ဖြစ်မိတဲ့ ဆန္ဒပါ။ ဒီတစ်ခေါက်လည်း ပုစွန် ကင်စားမယ်။ ပုစွန် နဲ့ နာနတ်သီးလေးပါတဲ့ ပီဇာလေး စားရင်း ဘေဘီလေးများ စားချင်မလားလို့ တွေးမိနေနိုင်တဲ့ ဘွားဘွား၊ မေမေ၊ တီတီတို့ သိချင်နေမယ့် မေးခွန်းလေးအတွက် ဆောင်းပါးလေးကနေတဆင့် ဖြေပေးလိုက်ပါတယ်။ ဘေဘီလေးကို ဘယ်အရွယ်မှာ […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် ပထမဆုံး မိတ်ဆက်ပေးရမယ့် အသီးအနှံလေးတွေ က ဘာတွေများလဲ .......

ဘေဘီလေးက ၆ လအထိ မေမေ့နို့ တစ်မျိုးတည်းကို သောက်သုံးတယ်ဆိုပေမယ့် ၆ လ ပြည့်ပြီဆိုရင်တော့ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရ လိုအပ်ချက် ပြည့်မီစေဖို့ solid foodတွေ၊ အသီးအနှံလေးတွေ စကျွေးရပါမယ်။ ဒီလိုကျွေးတဲ့အခါ အသား၊ ငါး၊ အသီးအရွက်၊ ဂျုံ၊ ဆန် စတာတွေကို ညီညွတ်မျှတစွာ ပါဝင်အောင် ပြင်ဆင်ပေးဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ ဘေဘီလေးကို လူကြီးတွေ စားသလို ကျွေးဖို့က အဆင်မပြေပါဘူး။ ဒါကြောင့် ဘေဘီလေးနဲ့လည်း သင့်တော်ပြီး အာဟာရလည်း ပြည့်ဝစေဖို့ ဘယ်လို အသီးအနှံလေးတွေ ကို စကျွေးရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ဘေဘီလေးအတွက် ပထမဆုံး မိတ်ဆက်ပေးရမယ့် အသီးအနှံလေးတွေ က ဘာတွေများလဲ ....... ဘေဘီလေးက အသက် ၆ လ ပြည့်လို့ solid […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ဩဇာသီး စားလို့ရလား …….

သီတင်းကျွတ်ခါနီးပြီဆိုရင် ဩဇာသီး တွေက လှိုင်လှိုင်ပေါပါပြီ။ ဒီလို အချိန်မှ စားရတဲ့ ဩဇာသီးလေးကို ကိုယ်တိုင်က နှစ်နှစ်ခြိုက်ခြိုက် စားမိချိန်မှာ တွေးမိနိုင်တာက ဘေဘီလေးရော စားလို့ရလား ဆိုတာပါ။ ဒီတစ်ခေါက်တော့ အဲ့အတွေးလေးအတွက် အဖြေထုတ်ပေးပါမယ်။ ဩဇာသီးမှာ ဘာအာဟာရဓာတ်တွေ ပါဝင်နေလဲ …….. ချိုချိုလေးနဲ့ စားလို့ကောင်းတဲ့ ဩဇာသီးလေးမှာ ဘေဘီလေးတို့အတွက် အရေးပါတဲ့ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ အဆီ ပရိုတင်း ဗီတာမင် C ဗီတာမင် B အုပ်စု သံဓာတ် ဖော့စဖရိတ် ဆိုဒီယမ် ကယ်လ်ဆီယမ် ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် သီရာမင်း ဗီတာမင် A ရေဓာတ် ကာဗိုဟိုက်ဒရိတ်တို့ ပါဝင်နေပါတယ်။ ဘေဘီလေးကို ဩဇာသီး ကျွေးလို့ရလား ……. ဘေဘီလေးက အသက် ၆ လပြည့်ပြီဆိုရင် အသီးတော်တော်များများကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ရေခဲ စားလို့ရလား.......

ရေခဲ က နာကျင်မှု တော်တော်လေး သက်သာစေနိုင်တဲ့ အရာပါ။ ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်သလို သွားနာတာနဲ့ သွားဖုံးရောင်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးက သွားပေါက်ချိန်မှာ သွားဖုံး နာတာကို သက်သာစေဖို့ ရေခဲ ပေးကိုက်ထားတာက နည်းလမ်းကောင်း တစ်ရပ်လို့ ထင်စရာ ရှိပါတယ်။ ဒီ ယူဆချက်က တကယ်ပဲ မှန်လား။ ဘေဘီလေးက ရေခဲ စားလို့ရလား ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးက ရေခဲ စားလို့ရလား....... ရေခဲက နာကျင်မှုတွေကို သက်သာစေပေမယ့် ဘေဘီလေး သွားပေါက်ခါနီး သွားဖုံး နာတာကို သက်သာစေဖို့ အတွက်တော့ ရေခဲ ပေးကိုက်တာက နည်းလမ်းကောင်း မဟုတ်သလို ပူပြင်းတဲ့နေ့တွေမှာ ဘေဘီလေးကို အပူ သက်သာအောင် ဆိုပြီး ရေခဲ ကျွေးတာကလည်း နည်းလမ်းကောင်း […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ရေခဲမုန့် ကျွေးမလို့လား......

ဘေဘီလေးကို ရေခဲမုန့် ကျွေးမလို့လား...... မကျွေးခင်မှာ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါ။ ရေခဲမုန့် ဆိုတာက ကလေးရော လူကြီးတွေပါ ကြိုက်တဲ့ အစားအစာပါ။ ချိုချိုလေးနဲ့ ဆိမ့်ဆိမ့်လေး ရောထားပြီး စားလိုက်ရင် မွမွလေးနဲ့ အေးနေတဲ့ ရေခဲမုန့်က ဘေဘီလေးတွေ ပိုကြိုက်မယ်ဆိုတာ အသေအချာပါ။ ဒီလို တွေးမိတာနဲ့အတူ ခေါင်းထဲကို ဝင်လာတာက ဒီလို စားကောင်းတဲ့ ရေခဲမုန့်လေးကို ဘေဘီလေးကို ကျွေးလို့ ရမလား ဆိုတာပါ။ ဒီ မေးခွန်းလေးရဲ့ အဖြေကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားတာမို့ သေချာလေး ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ရေခဲမုန့် ကျွေးမလို့လား...... ဘေဘီလေးကို အသက် ၆ လပြည့်တဲ့အခါ မေမေ့နို့ အပြင် solid foods တော်တော်များများကို မိတ်ဆက်ပေးရပါတယ်။ ဒါမှလည်း ဘေဘီလေးက လိုအပ်တဲ့ အာဟာရတွေ ပြည့်ပြည့်ဝဝ ရရှိမှာပါ။ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ......

နွေပူပူ နေ့လယ်ခင်းမှာ ဖရဲသီးစိတ် အေးအေးချိုချိုလေး စားရတာက တော်တော်လေးကို ရင်အေးစေတဲ့အရာပါ။ ဒီလို စားတဲ့အခါ အပူမခံနိုင်တဲ့ ဘေဘီလေးရော စားချင်မလား။ ကျွေးချင်မိတယ်ဆိုတဲ့ ဆန္ဒဖြစ်မိတယ်ဟုတ် မေမေ၊ ဘွားဘွား၊ တီတီတို့ရေ..... ဒီလို ဆန္ဒဖြစ်တာနဲ့အတူ တွေးမိနိုင်တာ တစ်ခုက ဘေဘီလေးကို ဖရဲသီး ကျွေးလို့ရရဲ့လား ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ဆိုတာပါ။ ဒီမေးခွန်းလေးရဲ့ အဖြေလေးကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ဘေဘီလေးကို ဘယ်အချိန်မှာ ဖရဲသီး စကျွေးမလဲ ...... ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင် ဘေဘီလေးကို ဖရဲသီး စကျွေးလို့ ရပါပြီ။ ဘေဘီလေးက ၈ လကနေ ၁၀ လလောက်ရောက်ပြီဆိုရင်တော့ ဖရဲသီးကို ပုံမှန် အစားအသောက် တစ်ခုအနေနဲ့ ကျွေးလို့ရပါပြီ။ ဖရဲသီးက ရေဓာတ် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို သာကူကျွေး လို့ရလား ......

နေ့လယ်နေ့ခင်း အချိုတည်းဖို့ဆိုပြီး သာကူကို ကန်စွန်းဥလေး ထည့်ပြီး ထန်းလျက်လေးနဲ့ ကျိုထားတာကို စားမယ်ဆိုပြီး ထိုင်လိုက်တုန်း ဘေဘီလေးက တီတီ ဘာကြီးလဲ..... သားသားလည်း စားမယ်ဆိုလို့ ကျွေးလည်း ကျွေးချင်တယ်။ တည့်ရော တည့်ရဲ့လား။ စားလို့ ရပါ့မလားဆိုပြီး တွေးနေမိပြီလား။ ဒါဆိုရင်တော့ ဘေဘီလေးကို သာကူကျွေး လို့ရလား ...... ဆိုတဲ့ အဖြေကို သိနိုင်ဖို့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ဦးနော်။ သာကူက ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား.... သာကူဆိုတာက ပီလောပီနံကနေ ထုတ်ထားတာပါ။ သဘာဝ အရင်းအမြစ်ကနေ ထုတ်ထားတဲ့ စားစရာ တစ်ခုပါ။ သာကူမှာပါတဲ့ ကစီဓာတ် နဲ့ အာဟာရဓာတ်တွေက သန့်စင်တဲ့ အာဟာရ အရင်းအမြစ်ပါ။ ဒီအာဟာရ အရင်းအမြစ်က ကလေးတွေအတွက် အရေးပါပါတယ်။ သာကူမှာ ပါတဲ့ အာဟာရဓာတ်က ဘေဘီလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ရလား.......

သင်္ဘောသီးမှာ အာဟာရဓာတ်တွေ ပြည့်ဝစွာ ပါဝင်နေသလို အမျှင်ဓာတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသီးလို့ တင်စားခေါ်ဝေါ်ကြပါတယ်။ သင်္ဘောသီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုတော့  ဘေဘီလေး ကျန်းမာအောင် ကျွေးလို့ရမလား ဆိုတာက မေမေတိုင်း သိချင်နေမယ့် မေးခွန်း ဖြစ်မယ်ထင်ပါတယ်။ ဒီမေးခွန်းအတွက် အဖြေကို ဆောင်းပါးလေးထဲမှာ ဖြေပေးသွားပါမယ်။ သင်္ဘောသီးမှာ ဘာတွေပါလဲ……. သင်္ဘောသီးမှာ အဆီ နဲ့ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ဗီတာမင် C ကြွယ်ဝသလို ဘေဘီလေးတို့အတွက် မရှိမဖြစ် လိုအပ်မယ့် ဗီတာမင် A၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် B အုပ်စုနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပါတယ်။ ဘေဘီလေးကို သင်္ဘောသီး ကျွေးလို့ ရလား……. သင်္ဘောသီးက ဘေဘီလေးကို ကျွေးသင့်တဲ့ သစ်သီး တစ်မျိုးပါ။ ဒါပေမယ့် ဘေဘီလေးကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ငှက်ပျောသီး ကျွေးပေးပါ

ငှက်ပျောသီး ဆိုတာက ဘေဘီလေးတွေ ပထမဆုံး စစားဖူးတဲ့ အသီး တစ်မျိုးပါ။ ငှက်ပျောသီးက အရသာရှိသလို အာဟာရဓာတ်လည်း ကြွယ်ဝပြီး ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုလည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ဘယ်အချိန်မှာ ငှက်ပျောသီး စကျွေးရမလဲ ဆိုတာနဲ့ ငှက်ပျောသီးက ဘေဘီလေးအတွက် ဘယ်လောက် အကျိုးကျေးဇူးများလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဘေဘီလေးကို ဘယ်အချိန်မှာ ငှက်ပျောသီး စကျွေးမလဲ....... ဘေဘီလေးကို အသက် ၆ လပြည့်ပြီး solid food စပြီးကျွေးလို့ ရပြီဆိုတာနဲ့ ငှက်ပျောသီးကို စကျွေးလို့ ရပါပြီ။ စကျွေးတဲ့အခါ ငှက်ပျောသီးကို သေချာလေး ညက်နေအောင် ချေဖို့ လိုပါမယ်။ ချေထားတဲ့ ငှက်ပျောသီးကိုလည်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်ပဲ ကျွေးရပါမယ်။ လတ်ဆတ်တဲ့ ငှက်ပျောသီးကို သေချာလေး ရွေးမိဖို့တော့ လိုပါမယ်။ ငှက်ပျောသီး ကပေးတဲ့ […]


ကလေးငယ်အာဟာရ

ကလေးအတွက် ဖြည့်စွက်စာ 'အိမ်ချက်လေးလား၊ ဂျုံဆီရီယယ်လား'

၆လကျော်လာပြီဆိုရင် ကလေးကို အမေနို့အပြင် ဖြည့်စွက်စာ ကျွေးဖို့ လိုလာပါပြီ။ ဒီအခါမှာ မေမေအနေနဲ့ ကလေးကို ဘာကျွေးမှာလဲဆိုတာ စစဉ်းစားရပါပြီ။ ကြီးထွားလာတဲ့ ကလေးအတွက် အရင်ကထက် အာဟာရပိုလိုလာတာက အမှန်ပါ။ ဒါကြောင့် ဒီချိန်မှာ မေမေတွေရဲ့ စိုးရိမ်တာက ကိုယ်ကျွေးတာ မှန်ပါ့မလား။ မတည့်တာတွေ ကျွေးနေမိပြီလား။ ကလေးဝမှ ဝပါ့မလား ဆိုတာပါပဲ။ ဒီနေရာမှာ မေမေတို့ အနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ အိမ်မှာ ချက်ကျွေးမှာလား။ ဖြည့်စွက်စာမှုန့်တွေ ကျွေးမှာလား ဆိုတာပါ။ တစ်ခုချင်းစီမှာ အားသာချက်လေးတွေ ရှိတဲ့အတွက် မေမေတို့ ရွေးချယ်လို့ရအောင် ပြောပြပေးပါမယ်။ ဂျုံဆီရီယယ် ဖြည့်စွက်စာ ဆီရီယယ်တွေထဲမှာ ဆန်မှုန့်၊ ဂျုံမှုန့် တချို့နိုင်ငံတွေမှာ ဘာလီ စသဖြင့် ကလေးစားလို့ အဆင်ပြေအောင် အမျိုးစုံထုတ်ကြပါတယ်။ ဒီထဲကမှ အဆင်ပြေတာကို မေမေတို့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်