ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ဆဲလ်အမြှေးပါးတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ဘေဘီလေးကို ရောဂါတွေရန်ကနေ ကာကွယ်ပေးပြီး ကိုယ်ခံအား ကောင်းကောင်း ပိုင်ဆိုင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။
သံဓာတ် ပါဝင်နေမှုက သွေးနီဥဆဲလ် အရေအတွက်တိုးစေပြီး သွေးအားနည်းတာလိုမျိုး ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သံဓာတ်က ဘေဘီလေးရဲ့ ဆံသားလေးတွေ ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
အမျှင်ဓာတ် ပါဝင်တာကြောင့် နဂါးမောက်သီးက ဘေဘီလေးကို ဝမ်းမှန်စေပြီး အစာခြေစနစ်ပြဿနာ ကင်းစေမှာပါ။ ရေဓာတ် ကြွယ်ဝမှုကလည်း အူနံရံတွေကို အာဟာရဓာတ်တွေ ကောင်းစွာစုပ်ယူနိုင်စေဖို့ ထောက်ကူပေးပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ဗီတာမင် A ပါဝင်နေတာကလည်း မျက်လုံး နဲ့ အမြင်အာရုံ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။
ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး ဘေဘီလေး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ကယ်လ်ဆီယမ်၊ ဆိုဒီယမ်၊ ဖော့စဖရပ် တို့ပါဝင်နေတာကြောင့် အာရုံကြောစနစ် ကျန်းမာစေပြီး ဘေဘီလေးရဲ့ အာရုံခံနိုင်စွမ်းနဲ့ လှုပ်ရှားနိုင်မှုစွမ်းရည်ကို ကောင်းမွန်စေပါတယ်။ ကျန်းကျန်းမာမာ ဖွံ့ဖြိုးလာစေဖို့ ထောက်ကူပေးနိုင်မှာပါ။
ဗီတာမင် C ပါဝင်နေတာက အရေပြားကို ကျန်းမာစေပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်စေသလို အသားအရေ ချောမွေ့ပြီး အသားဖြူစေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို အရေပြားပြဿနာ ကင်းတဲ့ ဘေဘီလေးအဖြစ် ကြီးပြင်း အရွယ်ရောက်လာစေမှာပါ။
ဒီလောက် အကျိုးကျေးဇူးတွေ များနေမှတော့ ဘေဘီလေးကို နဂါးမောက်သီး ကျွေးလို့ရသလို ကျွေးလည်း ကျွေးသင့်ပါတယ်။ လတ်ဆတ်ပြီး organic ဖြစ်ဖို့တော့ သတိထားရမှာပေါ့။
ကဲ ….. ဘေဘီလေး နဂါးမောက်သီး စားလို့ရလား ….. ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။
ဘေဘီလေးကို နဂါးမောက်သီး ကျွေးပေးတဲ့အခါ
ဘေဘီလေးကို နဂါးမောက်သီး ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
- အရိုးတွေ သန်မာစေနိုင်တယ်
- ကိုယ်ခံအား ကောင်းစေတယ်
- အစာခြေစနစ် ကျန်းမာစေတယ်
- မျက်လုံး ကျန်းမာစေတယ်
- နှလုံး ကျန်းမာစေတယ်
- လှုပ်ရှားမှု စွမ်းရည် ကောင်းစေတယ်
- အသားအရေ ကျန်းမာစေတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။