ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား

ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား ….. ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၆ လပြည့်ပြီ။ Solid food လည်း စစားတတ်ပြီဆိုရင် စပျစ်သီး စကျွေးလို့ ရပါပြီ။
ဒီနေရာမှာ သတိထားရမှက စပျစ်သီးက လတ်ဆတ်ပြီး မှည့်နေရပါမယ်။ သေချာစင်အောင် ဆေးကြောပေးပြီး အခွံနွှာလို့ အစေ့ထုတ်ပြီး အရွယ်တော်လေးတွေ တုံးပေးရပါမယ်။ သစ်သီးစားတဲ့ ချိုလိမ်လေးထဲထည့်ပြီး ကျွေးပေးလို့လည်း ရပါတယ်။
ဘေဘီလေးကို စပျစ်သီး ကျွေးပေးတဲ့အခါ
ဘေဘီလေးကို စပျစ်သီး ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။ ဘေဘီလေးကို စပျစ်သီး ပုံမှန် ကျွေးပေးမယ်ဆိုရင်
စပျစ်သီးမှာ ဘေဘီလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C နဲ့ ဗီတာမင် K၊ copper၊ မဂ္ဂနိစ်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။
ဘေဘီလေးတွေကို ကြီးထွားဖွံ့ဖြိုးစေဖို့၊ သွေးတိတ်စေဖို့နဲ့ တွယ်ဆက်တစ်ရှူးတွေ ကျန်းမာစေဖို့ ထောက်ကူပေးသလို အသက်ရှည် ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။
စပျစ်သီးမှာ အမျှင်ဓာတ် နဲ့ ရေဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာကြေစေဖို့ ထောက်ကူပေးသလို အူတွေရဲ့ လှုပ်ရှားမှု ကောင်းစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးပါတယ်။ အူနံရံက အာဟာရတွေ ပြည့်ပြည့်ဝဝ စုပ်ယူနိုင်စေဖို့လည်း ထောက်ကူပေးပါတယ်။
စပျစ်သီး စားပေးတာက ဘေဘီလေးတွေရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြုဘက်တီးရီးယား အရေအတွက် တိုးပွားစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ စပျစ်သီးမှာ အကျိုးပြုဘက်တီးရီးယားတွေကို အာဟာရဖြည့်ပေးနိုင်တဲ့ အမျှင်ဓာတ်တွေ ပါဝင်နေပါတယ်။ ဒါကြောင့် အစာခြေစနစ် ကျန်းမာပြီး ကိုယ်ခံအား ကောင်းစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။
စပျစ်သီးမှာ ဗီတာမင် A၊ ဗီတာမင် C နဲ့ ကာရိုတီးနွိုက်၊ ဖလေဗာနွိုက်တို့ ပါဝင်နေတာကြောင့် အရောင်ကျစေနိုင်သလို ကိုယ်ခံအားကောင်းစေဖို့လည်း ထိထိရောက်ရောက် အားဖြည့်ပေးနိုင်ပါတယ်။
ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား …… ဆိုတဲ့ မေးခွန်းရဲ့ အဖြေထွက်ပြီ ဟုတ်!
ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရလား
ဘေဘီလေးကို စပျစ်သီး ကျွေးလို့ရပါတယ်။ ဘေဘီလေးကို စပျစ်သီး ပုံမှန် ကျွေးပေးမယ်ဆိုရင်
- အာဟာရ ပြည့်ဝစေမယ်
- အစာကြေစေတယ်
- အကျိုးပြု ဘက်တီးရီးယား တိုးပွားစေတယ်
- ကိုယ်ခံအား ကောင်းစေတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။