backup og meta

ဘေဘီလေး နာနတ်သီး စားလို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး နာနတ်သီး စားလို့ရလား

    နာနတ်သီးလေးကို သံပုရာသီး၊ ဆားတို့နဲ့ပဲ နယ်ပြီးစားစား၊ ပျားရည်လေးနဲ့ပဲ စိမ်ပြီး စားစား စားရတာ အရသာရှိပါတယ်။ နာနတ်သီးရဲ့ ချိုချိုချဉ်ချဉ် အရသာလေးက ခံတွင်းရှင်းစေသလို စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။ ဒီတစ်ခေါက်တော့ စားရတဲ့ အရသာရှိလှတဲ့ နာနတ်သီးလေး စားရင်း ဘေဘီလေးဆိုရင် ကြိုက်မှာပဲ ဘေဘီလေး နာနတ်သီး စားလို့ရလား ဆိုပြီး သိချင်နေမယ့် တီတီ နဲ့ ဖွားဖွားတို့အတွက် အဖြေထုတ်ပေးမယ့် ဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။

    နာနတ်သီး ဆိုတာ

    နာနတ်သီးက အပူပိုင်းဒေသထွက် သစ်သီးတစ်မျိုးပါ။ တောင်အမေရိက မျိုးရင်းပင်ပါ။ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက စားသုံးလာခဲ့ကြတာပါ။ အပေါ်ခွံက မမှည့်ခင်မှာ အစိမ်းရောင် ဖြစ်ပြီး မှည့်ပြီဆိုရင် ဝါလာပါမယ်။ အခွံမှာ မျက်စေ့လို့ ခေါ်ကြတဲ့ အကွက်လေးတွေ ပါတတ်ပြီး ထိပ်ပိုင်းမှာတော့ အပင်လိုမျိုး အညှာပါပါတယ်။

    အသီးကို အအေးခံပြီး စားကြသလို ဂျယ်လီ၊ ပီဇာ နဲ့ ရေခဲမုန့်လိုမျိုး အချိုပွဲတွေထဲမှာ ထည့်သွင်းပြင်ဆင်ပြီး စားတာမျိုးလည်း ရှိပါတယ်။

    နာနတ်သီးမှာပါတဲ့ အာဟာရတွေ

    နာနတ်သီးမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

    • ရေဓာတ်
    • ကာဗိုဟိုက်ဒရိတ်
    • ဗီတာမင် B6
    • ဗီတာမင် B9
    • ဗီတာမင် B1
    • ဗီတာမင် B5
    • ဗီတာမင် B3
    • ဗီတာမင် B2
    • ဗီတာမင် C
    • ပိုတက်ဆီယမ်
    • ဖောလိတ်
    • အမျှင်ဓာတ်
    • မဂ္ဂနိစ်
    • မဂ္ဂနီဆီယမ်
    • သံဓာတ် နဲ့
    • ကယ်လ်ဆီယမ်တို့ ပါဝင်ပါတယ်။

    ဘေဘီလေး နာနတ်သီး စားလို့ရလား

    ဘေဘီလေး နာနတ်သီး စားလို့ရလား ….. ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီ solid food လည်း စစားနေပြီဆိုရင်တော့ ဘေဘီလေးကို နာနတ်သီး စကျွေးလို့ ရပါပြီ။ နည်းနည်းလေးပဲ စကျွေးဖို့တော့ လိုပါမယ်။

    နာနတ်သီးက ဓာတ်မတည့်ဖြစ်နိုင်ခြေရှိတာကြောင့် ဘေဘီလေးကို နာနတ်သီး နည်းနည်းပဲ စကျွေးပြီး စားပြီးချိန်မှာ သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ သီးတာမျိုး မဖြစ်စေဖို့ နာနတ်သီးကို အရွယ်တော်လေးတွေ တုံးပေးဖို့ လိုပါမယ်။ ၁နှစ်အောက် ကလေးတွေကို ကျွေးနဲ့အခါ ပျားရည်နဲ့ စိမ်ပြီး မကျွေးသင့်ပါဘူး။

    ဘေဘီလေးက သားရေနဲ့ ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင်တော့ မကျွေးပါနဲ့ဦး။ သေချာ အခွံသင်ထားပြီး သန့်စင်ထားတဲ့ နာနတ်သီးဖြစ်ဖို့ လိုသလို လတ်ဆတ်တဲ့ အော်ဂဲနစ်အသီး ဖြစ်ဖို့လည်း လိုပါမယ်။ နာနတ်သီးက သေချာမှည့်ဖို့လည်း လိုပါမယ်။

    ဘေဘီလေးကို နာနတ်သီး ကျွေးပေးတဲ့အခါ

    ဘေဘီလေး နာနတ်သီး စားလို့ရလား

    ဘေဘီလေးကို နာနတ်သီး ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

    ရေဓာတ် ပြည့်ဝစေတယ်

    နာနတ်သီး ၁၀၀ ဂရမ်မှာ ရေဓာတ် ၈၅ ဂရမ်အထိ ပါဝင်နေပါတယ်။ ဒီလို အရည်ရွှမ်းတဲ့ နာနတ်သီးလေးက ဘေဘီလေးကို ရေဓာတ်ပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    ဝမ်းမှန်စေတယ်

    နှလုံး ကျန်းမာစေတယ်

    နာနတ်သီးမှာ bromelain ပါဝင်နေတာကြောင့် သွေးကြောတွေကို ကျန်းမာစေပြီး နှလုံးဆီ သွေးစီးဆင်း ရောက်ရှိမှု ကောင်းစေဖို့ ထောက်ကူပေးသလို သွေးကြောနံရံက အဆီတွေကိုလည်း ဖယ်ရှားပေးပါတယ်။ သွေးခဲတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

    နာကျင်မှု သက်သာစေတယ်

    အရောင်ကျစေတယ်

    နာနတ်သီးရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ခုက အရောင်ကျစေတာပါ။ ဘေဘီလေး လည်ချောင်းနာတာ၊ အသက်ရှူလမ်းကြောင်း ရောင်ရမ်းတာ၊ အာသီးရောင်တာတွေကို သက်သာစေဖို့ ထောက်ကူပေးပါတယ်။

    ကူးစက်ရောဂါတွေ ကာကွယ်ပေးတယ်

    သန်ကျစေတယ်

    နာနတ်သီးက အူနဲ့ အစာခြေစနစ်ထဲက သန်ကောင်တွေကို ဖယ်ရှားပေးပါတယ်။ ဘေဘီလေးက ငယ်သေးမယ်ဆိုရင် သန်ကျစေဖို့ နာနတ်သီး ဖျော်ရည် သောက်ပေးလို့ ရပါတယ်။

    ကိုယ်ခံအား ကောင်းစေတယ်

    ဒါတွေအပြင် နာနတ်သီးမှာ ဗီတာမင် C၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်တို့ ပါဝင်နေတာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေသလို အရိုးတွေကိုလည်း သန်မာစေပါတယ်။

    သတိထားရမယ့် အချက်များ

    နာနတ်သီးက ဓာတ်မတည့်ဖြစ်နိုင်ခြေရှိတာကြောင့် ဘေဘီလေးကို နာနတ်သီး နည်းနည်းပဲ စကျွေးပြီး စားပြီးချိန်မှာ သေချာလေး စောင့်ကြည့်ဖို့ လိုပါမယ်။ သီးတာမျိုး မဖြစ်စေဖို့ နာနတ်သီးကို အရွယ်တော်လေးတွေ တုံးပေးဖို့ လိုပါမယ်။
    ဘေဘီလေးက သားရေနဲ့ ဓာတ်မတည့်တာမျိုး ရှိမယ်ဆိုရင်တော့ မကျွေးပါနဲ့ဦး။ သေချာ အခွံသင်ထားပြီး သန့်စင်ထားတဲ့ နာနတ်သီးဖြစ်ဖို့ လိုသလို လတ်ဆတ်တဲ့ အော်ဂဲနစ်အသီး ဖြစ်ဖို့လည်း လိုပါမယ်။ နာနတ်သီးက သေချာမှည့်ဖို့လည်း လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement