ဘေဘီလေးကို ထမင်းရည် တိုက်ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
ထမင်းရည်က ဘေဘီလေး မိခင်နို့ စို့နေရင်းကနေ အစာမာ စစားနိုင်စေဖို့အတွက် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။ ဘေဘီလေးကို အစာမာ စမစားခင်မှာ ထမင်းရည် တိုက်ပေးတာက အစာအိမ်ကို အစာချေဖျက်နိုင်စေဖို့အတွက် အလေ့အကျင့်ရစေနိုင်ပါတယ်။
ထမင်းမှာ နီကာဆင်၊ riboflavin နဲ့ သီရာမင်း၊ ဗီတာမင် B6 တို့ ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးစေဖို့ ထောက်ပံ့ပေးနိုင်တဲ့ ဗီတာမင်တွေ စုံလင်စွာ ပါဝင်နေပါတယ်။ အမြင်အာရုံ ကျန်းမာစေနိုင်သလို၊ အရေပြား နဲ့ အစာခြေစနစ်ကို ကျန်းမာစေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးပါတယ်။
ထမင်းရည်ကို ဓာတ်ဆားရည်နဲ့ အတူတွဲတိုက်ပေးတာက ဘေဘီလေးတွေမှာ ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောတာကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အူတွေကို ကျန်းမာစေပြီး ဘေဘီလေးကို ရေဓာတ်ပြည့်ဝစေမှာပါ။
နောက်တစ်ချက်ကတော့ ထမင်းရည်မှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် ဘေဘီလေးကို ဝမ်းချုပ်မှု ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။
ထမင်းရည်က ဘေဘီလေးရဲ့ အသားအရေကို ခြောက်သွေ့တာ၊ အဖက်လန်တာမျိုးတွေ မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ အရေပြားမှာ အဖုအပိမ့် ထွက်တာ အရေပြား နီမြန်းတာတွေကို သက်သာစေနိုင်ပြီး အရေပြားမှာ သက်တောင့်သက်သာ မဖြစ်တာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။
ထမင်းရည်မှာ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို အစာကြေလွယ်ပါတယ်။ ဘေဘီလေးကို ကာဗိုဟိုက်ဒရိတ် ပြည့်ဝစေတာက ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့တာလုံး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးမှာပါ။
ထမင်းရည်က အာဟာရ ပြည့်ဝပြီး ဘေဘီလေးကို အဖျားကျစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ နေမကောင်းတာကြောင့် အစားမစားနိုင်ရင်တောင် ထမင်းရည် တိုက်ပေးတာက ကလေးကို အင်အား ပြည့်ဝစေပြီး မြန်မြန် ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။