backup og meta

ဘေဘီလေးတွေ ဘူးသီး စားလို့ရလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ ဘူးသီး စားလို့ရလား

    ကြော်ချက်လေးပဲ ချက်ချက်၊ မုန့်နှစ်လေးနဲ့ ကြော်စားစား၊ ချဉ်ရည်ဟင်းလေးပဲ ချက်ချက် စားကောင်းတဲ့ ဘူးသီးလေးက အကျိုးများတယ်လို့ အရင်တစ်ခေါက်က ပြောပြထားဖူးပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လိုစားစား စားလို့အရသာရှိတဲ့ ဘူးသီးကြော်လေး စားနေတုန်း ဘေဘီလေးက သားသားလည်း စားချင်တယ်ဆိုလို့ ကျွေးရပါ့ မကျွေးရပါ့နဲ့ ဗျာများနေတဲ့ မေမေတို့ တီတီတို့ ရှိလား ….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။

    ဒီဆောင်းပါးလေး ဖတ်ပြီးရင်တော့ ဘေဘီလေးကို ဘူးသီး ကျွေးလို့ ရမလား မရဘူးလားဆိုတဲ့ အဖြေထွက်မှာ အသေအချာပါပဲ။

    ဘူးသီး ဆိုတာ

    ဘူးသီး ဆိုတာက ခပ်ဝိုင်းဝိုင်းလေး ရှိသလို ရှည်မျောမျောလေးလည်း ရှိတတ်ပါတယ်။ အခွံက အစိမ်းရောင် အနု၊ အစိမ်းရောင် အရင့် နဲ့ အဖြူရောင်ဆိုပြီး အမျိုးမျိုး ရှိပါတယ်။

    အပေါ်ခွံကို နွှာပြီးမှ စားတာမျိုး ရသလို မနွှာဘဲ စားလို့လည်း ရပါတယ်။ အတွင်းမှာ အဖြူရောင် အူတိုင်နဲ့ အစေ့လေးတွေပါပြီး အပေါ်ယံအသားက ခပ်ကြွပ်ကြွပ်လေးပါ။ နုရင် တော်တော်လေး ချိုပြီး စားရတာ အရသာ ရှိလှပါတယ်။

    ဘူးသီးမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ

    ဘူးသီးက ကျန်းမာရေးနဲ့ အညီညွတ်ဆုံး အသီးတစ်မျိုးပါ။ အကြောင်းကတော့ ဘူးသီးမှာ ရေဓာတ် 92 ရာခိုင်နှုန်းအထိ ပါဝင်နေလို့ပါပဲ။ ဒါတင် မကသေးပါဘူး။ ဘူးသီးမှာ အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။

  • အမျှင်ဓာတ်
  • ဗီတာမင် A
  • ဗီတာမင် B
  • ဗီတာမင် C
  • ဗီတာမင် E
  • ဗီတာမင် K 
  • သံဓာတ်
  • ဖောလိတ်
  • ပိုတက်ဆီယမ်
  • မဂ္ဂနိစ်
  • ကာဗိုဟိုက်ဒရိတ်
  • ကယ်လ်ဆီယမ်
  • ပရိုတင်းတို့ ပါဝင်နေပါတယ်။
  • ဘေဘီလေးတွေ ဘူးသီး စားလို့ရလား

    ဘေဘီလေးတွေ ဘူးသီး စားလို့ရလား

    ဘေဘီလေးတွေ ဘူးသီး စားလို့ရလား ဆိုတော့ ရပါတယ်။ ဘေဘီလေးက အသက် ၇ လ ဒါမှမဟုတ် ၈ လ ပြည့်ပြီ။ Solid food လည်း စစားနေပြီဆိုရင် ဘူးသီး စကျွေးပေးလို့ ရပါပြီ။ ဘူးသီးက ရေဓာတ်နဲ့ အမျှင်ဓာတ် ကြွယ်ဝသလို ဘေဘီလေးက ဘူးသီးနဲ့ ဓာတ်မတည့်တာလည်း အဖြစ်နည်းပါတယ်။

    ဘူးသီးက အာဟာရပြည့်ဝပြီး ဘေဘီလေး ကျန်းမာဖွံ့ထွားစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ ဘယ်လို ထောက်ကူပေးသလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    ဝမ်းမှန်စေတယ်

    ဘူးသီးက ဘေဘီလေးကို ဝမ်းမှန်စေပြီး အစာခြေစနစ် ပြဿနာ ကင်းစေမှာပါ။ ရေဓာတ် နဲ့ အမျှင်ဓာတ် ပါဝင်နေမှုက အစာကြေစေနိုင်ပြီး အစာအိမ် အက်ဆစ်ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ ဝမ်းချုပ်မှု ကင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

    သန်ကျစေတယ်

    ဘူးသီးက ဘေဘီလေးတွေရဲ့ အစာခြေစနစ်ထဲက သန်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တဲ့ သဘာဝဆေး တစ်မျိုးပါ။ ဘူးသီးစေ့ကို ကျွေးပေးတာက သဘာဝ သန်ချနည်း တစ်ရပ်ပါ။

    ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေတယ်

    ဘေဘီလေးတွေကလည်း လူကြီးတွေလိုပဲ ဆီလမ်းကြောင်း ပိုးဝင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဘူးသီးက ရေဓာတ် ပါဝင်မှု များတာကြောင့် ဆီးလမ်းကြောင်း ပိုးမဝင်စေဖို့ ကာကွယ်ပေးသလို ဆီးလမ်းကြောင်း ပိုးဝင်နေရင်လည်း သက်သာစေဖို့ လုပ်ဆောင်ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ရေဓာတ်ကို ထိန်းညှိပေးပါတယ်။

    အေးမြစေတယ်

    ဘူးသီးက ရေဓာတ် ပါဝင်မှု များတာကြောင့် ခန္ဓာကိုယ်ကို အေးမြစေဖို့ ထောက်ကူပေးပါတယ်။ ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးပြီး နွေရာသီမှာ ဘေဘီလေးကို ရေဓာတ်ဆုံးရှုံးမှု နည်းစေဖို့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

    နှလုံး ကျန်းမာစေတယ်

    ဘူးသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့် နှလုံးကို လုပ်ငန်းဆောင်တာတွေ ကောင်းကောင်း လုပ်ဆောင်နိုင်စေဖို့ ထောက်ကူပေးပါတယ်။ နှလုံးကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။

    အသည်း ကျန်းမာစေတယ်

    ဗီတာမင် C ပါဝင်နေတာကြောင့် ဆဲလ်တွေထဲက အဆိပ်အတောက်တွေ ဖယ်ရှားပေးပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်တစ်ခုလုံးက အစိတ်အပိုင်းတွေကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။

    အသားအရေ နဲ့ ဆံသား ကျန်းမာစေတယ်

    ဘူးသီးက ဘေဘီလေးရဲ့ အသားအရေနဲ့ ဆံသား ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

    ဒီလောက် အကျိုးကျေးဇူးတွေ များနေမှတော့ ဘေဘီလေးကို ဘူးသီး ကျွေးလို့ရသလို ကျွေးလည်း ကျွေးသင့်ပါတယ်။ လတ်ဆတ်ပြီး organic ဖြစ်ဖို့တော့ သတိထားရမှာပေါ့။ ပြီးတော့ ဘူးသီးကို ချက်ပြုတ်တဲ့အခါမှာလည်း သတိထားရပါမယ်။ ကလေးကို ကျွေးမယ်ဆို လူကြီးစားတဲ့ ဘူးသီးကြော်လိုမျိုး မကျွေးသင့်ပါဘူး။ ဆီနဲ့ ဆားပါဝင်မှု များလို့ပါ။ ကလေးစားမယ်ဆို သီးသန့်ချက်ကျွေးသင့်ပါတယ်။

    ကဲ ….. ဘေဘီလေးတွေ ဘူးသီး စားလို့ရလား ….. ဆိုတဲ့ အဖြေထွက်လောက်ပြီ ထင်ပါတယ်။

    ဘေဘီလေးတွေ ဘူးသီး စားလို့ရလား

    ဘေဘီလေးကို ဘူးသီး ကျွေးပေးတဲ့အခါ
    • ဝမ်းမှန်စေတယ်
    • သန်ကျစေတယ်
    • ဆီးလမ်းကြောင်း ပိုးဝင်တာ သက်သာစေတယ်
    • အေးမြစေတယ်
    • နှလုံး ကျန်းမာစေတယ်
    • အသည်း ကျန်းမာစေတယ်
    • အသားအရေ နဲ့ ဆံသား ကျန်းမာစေတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement