backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား

ဂေါ်ရခါးသီးကို ကြက်ဥလေးနဲ့ ကြော်စားတာက ချိုချိုဆိမ့်ဆိမ့်လေးနဲ့ စားလို့ တော်တော်လေးကောင်းပါတယ်။ ထမင်းပူပူလေးနဲ့ တွဲစားလိုက်ရင် အတော်လေး အရသာရှိလှတာပါ။ ဒီလို စားလို့ ကောင်းတဲ့ ချိုဆိမ့်ဆိမ့် ဂေါ်ရခါးသီးကြော်လေးက ဘေဘီလေးတွေ ကြိုက်နှစ်သက်လောက်မယ့် ဟင်းတစ်ခွက်ပါ။ ဒါဆို မေးစရာရှိတာက ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား လို့ပေါ့။ ဒီအဖြေလေးကို ဆောင်းပါးလေးထဲမှာ ဆက်ကြည့်လိုက်နော်။

ဂေါ်ရခါးသီး ဆိုတာ

အစိမ်းရောင် ခပ်ဖျော့ဖျော့အခွံလေးရှိပြီး ခပ်ရှည်ရှည်အသီးလေးပါ။ မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်မှာ ပေါက်ရောက်လေ့ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတော်တော်များများမှာ စားသုံးကြတဲ့ အသီးလေးတစ်မျိုးပါ။ ရေဓာတ်ပါဝင်မှုများတာကြောင့် ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်ပါတယ်နော်။

ဂေါ်ရခါးသီးမှာပါတဲ့ အာဟာရဓာတ်တွေ

ဂေါ်ရခါးသီးမှာ အခုလို အာဟာရဓာတ်တွေပါဝင်နေပါတယ်။

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးလို့ရမလား ….. ဆိုတော့ ရပါတယ်။ ဘေဘီလေးတွေ ခံတွင်းတွေ့လောက်မယ့် ဂေါ်ရခါးသီး ချိုချိုလေးကို ဘေဘီလေးက အသက် ၆ လပြည့်ပြီ solid food လည်း စစားတတ်ပြီဆိုရင် ကျွေးပေးလို့ ရပါပြီ။ သေချာလေး နူးအိနေအောင် ချက်ပြီး ကြေနေအောင် ခြေပြီးကျွေးပေးဖို့ လိုပါမယ်။

ဒါမှ ဘေဘီလေးက အစာနင်တာမျိုး မဖြစ်မှာပါ။ နောက်တစ်ချက် သတိထားရမှာက လတ်ဆတ်ပြီး အော်ဂဲနစ်ဖြစ်တာကို ကျွေးပေးဖို့ပါ။ ကလေးကို ပြင်ဆင်ပေးတဲ့အခါ ဂေါ်ရခါးသီး အခွံကို သေချာနွှာပြီး ရေစင်အောင်ဆေးဖို့ပါ။

ဘေဘီလေးကို တစ်နေ့တာအတွက် ဂေါ်ရခါးသီး အရွယ်တော် ၂ တုံးကနေ ၃ တုံးလောက်အထိ ကျွေးပေးလို့ ရပါတယ်။

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးပေးတဲ့အခါ

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးပေးတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။

အင်အားပြည့်ဝစေတယ်

ဂေါ်ရခါးသီးမှာ ကယ်လ်လိုရီ ကြွယ်ဝစွာပါဝင်နေသလို ပိုတက်ဆီယမ်၊ ဆိုဒီယမ် နဲ့ အဆီဓာတ်တွေ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

ဂေါ်ရခါးသီးက သွေးပေါင်ချိန် နဲ့ သွေးတွင်းကိုလက်စရောကို ထိန်းညှိပေးပြီး သွေးစီးဆင်းမှု ကောင်းစေဖို့ ထောက်ကူပေးပါတယ်။

ကျန်းမာစေတယ်

ဂေါ်ရခါးသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းးတွေဖြစ်တဲ့ ဗီတာမင် C၊ quercetin၊ myricetin၊ morin နဲ့ kaempferol တို့ပါဝင်နေတာကြောင့် ကင်ဆာ နဲ့ ဆီးချိုကို ကာကွယ်ပေးနိုင်သလို အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတာက ဘေဘီလေးကို ကိုယ်ခံအားကောင်းပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ဂေါ်ရခါးသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ဘေဘီလေးကို ဝမ်းချုပ်မှု ကင်းစေပြီး ဝမ်းမှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဘေဘီလေးကို အစာခြေစနစ် ပြဿနာ ကင်းစေဖို့လည်း ထောက်ကူပေးပါတယ်။ ရေဓာတ်ပြည့်ဝမှုကလည်း ဘေဘီလေးရဲ့ အစာခြေစနစ် ကျန်းမာပြီး အူတွေကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။

သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။

အရိုးတွေ သန်မာစေတယ်

ဂေါ်ရခါးသီးမှာ ကယ်လ်ဆီယမ် ပါဝင်နေတာကြောင့် ဘေဘီလေးရဲ့ အရိုးနဲ့သွားတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ ကြွက်သားတွေ သန်မာစေဖို့လည်း ထောက်ကူပေးပါတယ်။

အာရုံကြောတွေ ကျန်းမာစေတယ်

ဂေါ်ရခါးသီးမှာ ဗီတာမင် C နဲ့ ဗီတာမင် B9 (ဖောလိတ်) ပါဝင်နေတာကြောင့် ဆဲလ်တွေ မပျက်စီးအောင် ကာကွယ်ပေးသလို ဘေဘီလေးရဲ့ အာရုံကြောတွေကို ကျန်းမာစေဖို့ အားဖြည့်ပေးပြီး အာရုံစူးစိုက်မှုကောင်းစေဖို့ ထောက်ကူပေးပါတယ်။

ဇင့်၊ copper၊ မဂ္ဂနီဆီယမ်၊ မဂ္ဂနိစ်တို့ ပါဝင်နေတာကလည်း ဘေဘီလေးကို ကိုယ်ခံအား ကောင်းစေဖို့ရော ဦးနှောက် ဖွံ့ဖြိုးစေဖို့ပါ ထိထိရောက်ရောက် ထောက်ကူပေးပါတယ်။

ကြွက်သားတွေရဲ့ လုပ်ဆောင်မှု ကောင်းစေဖို့လည်း ထောက်ကူပေးပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်

ဂေါ်ရခါးသီးရဲ့ နောက်ထပ် ကျန်းမာရေး အကျိုးတစ်ခုကတော့ ဘေဘီလေးတွေရဲ့ ဆီးလမ်းကြောင်းကို ကျန်းမာစေပြီး ဆီးလမ်းကြောင်း ပိုးဝင်တာ မဖြစ်အောင် ကာကွယ်ပေးတာပါ။

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးပေးတဲ့အခါ

ဘေဘီလေးကို ဂေါ်ရခါးသီး ကျွေးပေးမယ်ဆိုရင်
  • အင်အားပြည့်ဝစေတယ်
  • ကျန်းမာစေတယ်
  • အစာခြေစနစ် ကျန်းမာစေတယ်
  • အရိုးတွေ သန်မာစေတယ်
  • အာရုံကြောတွေ ကျန်းမာစေတယ်
  • ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement