backup og meta

ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား

ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား

ရေနွေးကြမ်းက ဘေဘီလေးတွေနဲ့ မသက်ဆိုင်တဲ့ သောက်စရာ တစ်ရပ်ဆိုပေမယ့် ဖိုးဖိုးဖွားဖွားတွေနဲ့ ကြီးပြင်းတဲ့ ဘေဘီလေးတွေမှာတော့ ရေနွေးကြမ်းသောက်တာက သိပ်ပြီး မစိမ်းနေတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ရေနွေးကြမ်းထဲမှာမှ ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ဆေးဖက်ဝင်တဲ့ ရေနွေးကြမ်းတွေက ဘေဘီလေးကို ကျန်းမာစေမလားဆိုပြီး မေမေတွေကိုယ်တိုင် တိုက်မိနိုင်တာမျိုးပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေး နဲ့ ရေနွေးကြမ်းက တည့်လား ….. ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား …… ဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။

ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား

ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား ….. ဆိုတော့ ဘေဘီလေးက အသက် ၆ လပြည့်ပြီးပြီဆိုရင်တော့ တိုက်လို့ရပါတယ်။ ဒါကလည်း အများကြီးတော့ တိုက်လို့ မရပါဘူး။ အနည်းအကျဉ်းပဲ တိုက်လို့ ရမှာပါ။  မတိုက်ရင်တော့ အကောင်းဆုံးပါပဲ။

ကလေးက အသက် ၆ လမပြည့် မပြည့်ခင်အထိတော့ မိခင်နို့ပဲ တိုက်ကျွေးရပါမယ်။ မိခင်နို့မဟုတ်တဲ့ အခြားသောသောက်စရာ အရည်တွေက အာဟာရကင်းမဲ့ပြီး ကိုယ်တွင်းမှာ ဓာတ်ဆားဓာတ် မမျှတတာဖြစ်စေနိုင်သလို ဖွံ့ဖြိုးနေတဲ့ ဘေဘီလေးရဲ့ ကျောက်ကပ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆေးဖက်ဝင်တယ်ဆိုတဲ့ လက်ဖက်ရည်ကြမ်းတွေကလည်း ဘေဘီလေးရဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တာကြောင့် ဘေဘီလေးကို မတိုက်ခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်ကြည့်စေချင်ပါတယ်။

ဘေဘီလေး နဲ့ ရေနွေးကြမ်း

ဘေဘီလေးကို ရေနွေးကြမ်း တိုက်လို့ရလား

ဘေဘီလေးကို ရေနွေးကြမ်း မသောက်ဖို့ ပြောရတာက အခုလို အချက်တွေကြောင့်ပါ။ ရေနွေးကြမ်း နဲ့ လက်ဖက်ရည်စတာတွေမှာ

 
ရှောင်ရှားရမယ့် အရာတွေက
ကဖင်း အိပ်စက်မှုဆိုင်ရာ ပြဿနာ၊ အစာခြေစနစ် ပြဿနာ၊ အာရုံစူးစိုက်မှုဆိုင်ရာ ပြဿနာ၊ နှလုံးခုန်နှုန်း ပြဿနာ၊ သွေးပေါင်ချိန်ပြဿနာ၊ ရေဓာတ်ခမ်းခြောက်နိုင်တာတွေ ဖြစ်စေနိုင်ပါတယ်။
လက်ဖက်စိမ်း ရေနွေးကြမ်း  ကဖင်း နဲ့ oxalic acid တို့က သွေးအားနည်းတာ နဲ့ အခြား ဆိုးကျိုး သက်ရောက်တာတွေ ရှိစေနိုင်ပါတယ်။
star anise အာရုံကြောဆိုင်ရာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရှိနိုင်ပါတယ်။
peppermint (ပရုတ်အေး ရေနွေးကြမ်း) methanol ပါဝင်မှု မျာပြီး၊ ဓာတ်မတည့်တာ၊ သီးတာလိုမျိုး ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။
chamomile (ချာမိုမိုင်းရေနွေးကြမ်း) ဓာတ်မတည့်တာ နဲ့ အဆိပ်သင့်တာတွေ ဖြစ်နိုင်ပါတယ်။
licorice (နွယ်ချိုရေနွေးကြမ်း) သွေးပေါင်ချိန်ဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ginger (ချင်းရေနွေးကြမ်း)  ရင်ပူတာ၊ သွေးဖြူဥ အားနည်းတာ၊ အရေပြားပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။
comfrey  အသည်း ထိခိုက်ပျက်စီးနိုင်ပါတယ်။
pesticides and heavy metals တချို့ မသန့်စင်ထားတဲ့ လက်ဖက်ခြောက်တွေမှာ ပါဝင်တဲ့ ပိုးသတ်ဆေးတွေ နဲ့  heavy metalsတွေက ဘေဘီလေးကို ထိခိုက်စေနိုင်ပါတယ်။

ဘေဘီလေးကို ကဖင်းပါတာတွေ မတိုက်ပါနဲ့

ဘေဘီလေးကို ကဖင်းပါတာတွေ မတိုက်ပါနဲ့။အကြောင်းကတော့ ဘေဘီလေးကို ကဖင်းပါတာတွေ တိုက်တာက

  • အာရုံကြောကို ထိခိုက်စေတာ
  • အာရုံစူးစိုက်နိုင်စွမ်း ကျစေတာ
  • အိပ်စက်မှုပိုင်းမှာ ထိခိုက်မှုတွေ ရှိတာ
  • ခေါင်းကိုက်တာ
  • နှလုံးခုန်မြန်တာ
  • သွေးတိုးတာ
  • ရေဓာတ်ဆုံးရှုံးတာ
  • လေထိုးလေအောင့်တာ
  • သွေးအားနည်းတာတွေ ခံစားရနိုင်တာကြောင့်ပါ။

ဘေဘီလေးကို ရေနွေးကြမ်း မတိုက်သင့်ပေမယ့် ရေကျက်အေးတော့ တိုက်ပေးလို့ ရပါတယ်။ ဒါကလည်း အသက် ၆ လပြည့်ပြီးချိန်မှပါ။ ဒီလိုဆေးဖက်ဝင်ရေနွေးကြမ်းတွေအပြင် အိမ်မှာသောက်နေကျ လက်ဖက်ရည်ကြမ်းတွေကိုလည်း မတိုက်ဖို့ လိုပါတယ်။

မေမေတို့အတွက် အမှာစကား

အချို့သော ရေနွေးကြမ်းတွေ ဥပမာ – ချာမိုမိုင်း ရေနွေးကြမ်းလိုမျိုး ရေနွေးကြမ်းက ဆေးဖက်ဝင်တယ် ဆိုပေမယ့် ဘေဘီလေးတွေမှာတော့ အစာခြေစနစ် ထိခိုက်တာ၊ ကျောက်ကပ် ထိခိုက်တာနဲ့ ရေဓာတ်ဆုံးရှုံးတာတွေ ဖြစ်စေနိုင်တာကြောင့် မတိုက်ဖို့ လိုပါမယ်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Can I give my baby herbal teas to soothe an upset tummy? https://www.babycentre.co.uk/x560992/can-i-give-my-baby-herbal-teas-to-soothe-an-upset-tummy Accessed Date 1 July 2022

Can I Give My Baby Tea? https://momlovesbest.com/tea-for-babies#:~:text=You%20can%20give%20your%20baby,immature%20kidneys%20cannot%20handle%20them. Accessed Date 1 July 2022

Warnings for Mothers Giving Tea to Babies https://wehavekids.com/parenting/The-Potential-Dangers-in-Giving-an-Infant-Tea Accessed Date 1 July 2022

Infant Formula, Tea, and Water Supplementation of Latino Infants at 4–6 Weeks Postpartum https://www.ncbi.nlm.nih.gov/pmc/articles/PMC3139537/ Accessed Date 1 July 2022

Chamomile https://solidstarts.com/foods/chamomile/ Accessed Date 1 July 2022

ယခုပုံစံ

10/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဘေဘီလေးကို ဘယ်အချိန်မှာ ဆလတ်ရွက် ကျွေးမလဲ။

မေမေဖေဖေတို့အနေနဲ့ သားသားမီးမီးတို့ကို မပြောသင့်တဲ့ စကားတွေက ဘာတွေ ဖြစ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement