ကလေးငယ်အာဟာရ

ကလေးများ မွေးပြီး ပထမတစ်နှစ်အတွင်းမှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ အာဟာရလိုပါတယ်။ မိဘများ သိထားသင့်တဲ့ ပညာရှင်တွေရဲ့ အကြံပေးချက်တွေကို ဒီမှာဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်အာဟာရ

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင်

ဘေဘီလေးကို စတော်ဘယ်ရီ ကျွေးမယ်ဆိုရင် ဒါလေးကို အရင်ဖတ်ကြည့်လိုက်ပါ။ စတော်ဘယ်ရီ ဆိုတာက ကလေးတွေရော လူကြီးတွေပါ နှစ်သက်တဲ့ အသီးလေး တစ်မျိုးပေါ့။ အရောင်အသွေး အသွင်အပြင်အရကလည်း ကလေးကြိုက်တဲ့ ကာလာလေးပါ။ ဒီလိုမျိုး အရောင်အသွေး အသွင်အပြင်ရော အရသာကပါ ကလေးတွေကို နှစ်ခြိုက်စေတဲ့ စတော်ဘယ်ရီသီးလေးကို ဘေဘီလေးကို ကျွေးလို့ ရမလား! ဘာတွေ သိထားဖို့ လိုမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။  စတော်ဘယ်ရီ ဆိုတာ စတော်ဘယ်ရီ ဆိုတာက ဘယ်ရီသီးမျိုးရင်းဝင် တစ်မျိုးပါ။ အရောင်က အနီရောင်ရဲရဲလေးနဲ့ အညှာတံကတော့ အစိမ်းရောင်လေးပါ။ အရသာက ချိုချိုချဉ်ချဉ်နဲ့ တော်တော်လေး စားကောင်းပါတယ်။ ဒီအတိုင်း စားလို့ ရသလို နို့စိမ်း၊ နို့ဆီတွေနဲ့ ခေါက်သောက်တာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ စတော်ဘယ်ရီမှာ အခုလို အာဟာရဓာတ်လေးတွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် C၊ […]

ကလေးငယ်အာဟာရ ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောသတ္တုဓါတ်များ

သင့်ကလေးကိုယ်ရောစိတ်ပါကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလျှင် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓါတ်များကြွယ်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသည်လည်းအလွန်အရေးပါပါသည်။ ကလေးများအတွက်အရေးအကြီးဆုံးသောဗီတာမင်များနှင့်သတ္တုဓါတ်များ ဗီတာမင်အေ ဗီတာမင်အေသည် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီးတစ်သျှူးများနှင့်အရိုးဖွံ့ဖြိုးမှုကိုလည်းအားပေးကာကျန်းမာသောအရေပြားနှင့်မျက်လုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေသောကြောင့် ကလေးများပုံမှန်ကြီးထွားဖို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်အေကို နွားနို့၊ချီးစ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ကြက်ဥဘဲဥ ကဲ့သို့ဥအမျိုးမျိုး၊အဝါရောင်သို့မဟုတ်ရွှေဝါရောင်ရှိသောဟင်းသီးဟင်းရွက်များဥပမာမုန်လာဥဝါစသည်တို့တွင်တွေ့နိုင်သည်။ ဗီတာမင်ဘီအုပ်စု ဗီတာမင်ဘီအုပ်စု(အထူးသဖြင့် ဗီတာမင်B2,B3,B6,B12)စသည်တို့သည်ကလေး၏ဇီဝရုပ်ဖြစ်ပျက်ခြင်း၊စွမ်းအင်ထုတ်လုပ်ခြင်းအာရုံကြောစနစ်များတွင်အထူးထောက်ပံ့ပေးသည်။ ဗီတာမင်ဘီကြွယ်ဝသောအစားအစာများမှာ အသား၊ကြက်သား၊ဥများ၊နို့၊ပဲများ၊ပဲနို့်၊ငါးစသည်တို့ဖြစ်ကြသည်။ ဗီတာမင်စီ ဗီတာမင်စီသည်ကလေးများ၏အရေပြားတစ်သျူးနှင့်ကြွက်သားများအတွက်အလွန်ကောင်းမွန်သည်။ ခရမ်းချဉ်သီး၊အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ၊ချဉ်သောအရသာရှိသည့်သစ်သီးများသည်ဗီတာမင်စီကြွယ်ဝသည်။ ဗီတာမင်ဒီ ဗီတာမင်ဒီသည်ခန္ဓါကိုယ်၏ကယ်လစီယမ်စုပ်ယူမှုကိုအားပေးသောကြောင့်အရိုးများသန်မာစေသည့်ဂုဏ်သတ္တိရှိပါသည်။နေရောင်ခြည်သည်ဗီတာမင်ဒီ၏အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။ ထို့အပြင်ဗီတာမင်ဒီပါဝင်သောအစားအစာများမှာငါး၊ကြက်ဥအနှစ်၊စီရီယယ်လ်၊လိမ္မော်သီးစသည်တို့ဖြစ်သည်။ ကယ်လ်စီယမ် ဗီတာမင်ဒီကဲ့သိုပင်ကယ်လစီယမ်သည်ခန္ဓါကိုယ်၏အရိုးကြံ့ခိုင်မှုအတွက်ကူညီပေးသည်။ ကယ်လ်စီယမ်ကြွယ်ဝသောအစားအစာများမှာ ဒိန်ချဉ်၊နို့၊ချိစ်၊တို့ဖူးများဖြစ်ကြသည်။ သံဓါတ် ကြွက်သားများနှင့်သွေးနီဆဲလ်များသည်သံဓါတ်မရှိပါကကောင်းမွန်စွာအလုပ်မလုပ်နိုင်ပါ။ မိန်းကလေးများအတွက်ဆိုလျှင် ရာသီလာချိန်တွင်သံဓါတ်များဆုံးရှုံးသည့်အတွက် အလွန်အရေးကြီးသည်။ အနီရောင်အသားများကြက်ဆင်သားဒေါက်ခွရွက်နှင့်ပဲများသည်သင့်ကလေးအားသံဓါတ်ပေးစွမ်းသည်။ သင့်ကလေးများအားမရှိမဖြစ်လိုအပ်သော သတ္တုဓါတ်များဖြည့်ဆည်းပေးဖို့နည်းလမ်းအမျိုးမျိုး။ ကျန်းမာရေးနှင့်ညီသောအစားအစာသည်သင့်ကလေးလိုအပ်သောဗီတာမင်နှင့်သတ္တုဓါတ်များဖြည့်ဆည်းပေးသောအကောင်းဆုံးနည်းလမ်းဖြစ်သော်လည်းအချို့သောအခြေအနေများတွင် အားဖြည့်ဆေးများသောက်သင့်ပါသည်။ မလိုလားအပ်သောဘေးထွက်ဆိုးကျိုးများကိုရှောင်ရှားရန်အောက်ပါအကြောင်းအချက်များကိုလိုက်နာသင့်ပါသည်။ သင့်ကလေးကိုဗီတာမင်အားဖြည့်ဆေးမတိုက်ကျွေးမီကလေးအထူးကုဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်ကလေးသည်ဆေးတစ်မျိုးမျိုးသောက်နေရပါကမလိုလားအပ်သောဆေးအချင်းချင်းဓါတ်ပြုမှုမရရှိစေရန်ဖြစ်သည်။ အသက်လေးနှစ်အောက်ကလေးများသည်ဆရာဝန်ညွှန်ကြားချက်မရှိဘဲဗီတာမင်အားဖြည့်ဆေးများမတိုက်ကျွေးသင့်ပါ။ သင့်ကလေးအားအားဆေးများကိုသကြားလုံးများဟုထင်မှတ်မမှားစေပါနှင့်။ ကလေးများလက်လှမ်းမမီနိုင်သည့်နေရာတွင်ထားပါ။ ကလေးများအားအားဆေးများသည်သကြားလုံးများမဟုတ်ဘူးဟုပွင့်ပွင့်လင်းလင်းပြောပြပါ။ အကယ်၍သင့်ကလေးသည် အားဆေးပြားများအားဆေးရည်များမသောက်ချင်ဘူးဆိုပါကဝါးစားလို့ရသော ဆေးများကိုရွေးချယ်နိုင်ပါသည်။ သင့်ကလေးများကိုဗီတာမင်ပမာဏများစွာပါဝင်သောအားဆေးများမတိုက်သင့်ပါ။ ဆေးပမာဏလိုသည်ထက်ပိုသွားမည်စိုးသောကြောင့်ဖြစ်သည်။ ဒါတွေတင်မကသေးပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးလာစေဖို့အတွက် အရေးပါတဲ့ DHA နဲ့ အစာခြေလမ်းကြောင်းစနစ်ကိုကျန်းမာစေနိုင်တဲ့ lcFos ကိုလည်းချန်ထားလို့မဖြစ်ပါဘူး။ ကလေးကိုကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းပြင်ဆင်ပေးလိုက်ပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ […]


ကလေးငယ်အာဟာရ

သင့်ကလေးကို အစပ်တွေပေးစားလို့ရနိုင်မလား

ကလေးများသည်အသက်ကြီးလာသည်နှင့်အမျှ နို့၊ စီရီယယ်လ်၊အစပ်ပါသောအစားအစာများကိုပါကျွေးလို့ရပါသည်။ မိဘများသည်ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်ပါသောအစားအစာများအပါအဝင် အစားအစာပုံစံအမျိုးမျိုးကိုစတင်ကျွေးသင့်ပါသည်။ ယနေ့ခေတ်တွင် ကလေးများစားသောအစားအစာများသည် ထူးခြားသောပုံပန်းသွင်ပြင်မရှိသကဲ့သို့ စိတ်ဝင်စားစရာလည်းမကောင်းပါဘူး။ ကျွမ်းကျင်သူများသည် ကလေးများကို အနံ့အရသာအမျိုးမျိုးနှင့် အစားအစာအမျိုးမျိုးကိုစတင်ကျွေးမွေးဖို့ကြိုးစားကြပါသည်။သို့သော်လည်း မိဘများစွာသည် အစပ်ပါသော အစားအစာများသည် ကလေးများအားဗိုက်အောင့်ဗိုက်နာစေလိမ့်မည် အစာခြေခြင်းဆိုင်ရာ ပြဿနာများဖြစ်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အမှန်တကယ်တော့ကလေး၏ အစားအစာထဲကို ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်အများအပြား ထည့်သင့်သည်ဟုမဆိုလိုပါဘူး။ ကလေးများ၏အစာခြေစနစ်သည်ထိခိုက်လွယ်သည်။ အစပ်ပါသောအစားအစာများများစွာစားခြင်း (ငြုပ်သီးပါသောအစားအစာများများစွာစားခြင်း)သည် ကလေး၏အစာအိမ်အတွက်ပြဿနာများဖြစ်စေနိုင်ပါသည်။ သင့်ကလေးအတွက် စားနေကျမဟုတ်သော သို့မဟုတ်အစပ်ပါသော အစားအစာများစကျွေးခြင်းသည် အန္တရာယ်များနိုင်ပါသည်။ ထို့ကြောင့် ကလေးငယ်ကို ရိုးရှင်းပြီး အစပ်အနည်းငယ်သာပါသော အစားအစာများ စတင်ကျွေးသင့်ပါသည်။ ဘယ်လိုဟင်းခတ်အမွှေးအကြိုင်တွေကို ကလေးကိုကျွေးလို့ရပါသနည်း။ သစ်ကြပိုးခေါက်-သစ်ကြပိုးခေါက်ကိုရာစုနှစ်ပေါင်းများစွာ ကျန်းမာရေးနှင့်ဆိုင်သောရည်ရွယ်ချက်များအတွက်အသုံးပြုခဲ့ကြပါသည်။ မန်းဂနိစ်၊သံဓါတ်၊အမျှင်နှင့်ကယ်လ်စီယမ်တို့၏အရင်းအမြစ်ဖြစ်သောသစ်ကြပိုးခေါက်သည်ကလေးများ၏အစာခြေစနစ်ကိုကူညီပေးပြီး အီးကိုလိုင်(coli)ကဲ့သို့သောဘက်တီးရီးယားများကိုသေစေနိုင်ပါသည်။ သစ်ကြပိုးခေါက်၏အနံ့သည် ဦးနှောက်၏လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါသည်။ သင့်ကလေး၏စွပ်ပြုတ်သို့မဟုတ်စားစရာထဲသို့သစ်ကြပိုးခေါက်အနည်းငယ်ထည့်ကျွေးနိုင်ပါသည်။ ကြက်သွန်ဖြူ- ကြက်သွန်ဖြူသည်အစွမ်းထက်သောဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ရုံသာမက ကလေး၏အစားအစာစားချင်စဖွယ်ဖြစ်စေရန်ကလေး၏နေ့စဉ်အစားအစာထဲတွင် ကြက်သွန်ဖြူကိုထည့်နိုင်ပါသည်။ ကြက်သွန်ဖြူ၏အရသာသည်အခြားအစပ်များကဲ့သို့အနံ့မပြင်းပါ။ ထို့ကြောင့်သင်သည်သင့်ကလေးအတွက် စွပ်ပြုတ်၊ခေါက်ဆွဲ […]


ကလေးငယ်အာဟာရ

သင့်ကလေး၏ အစားအသောက်ထဲတွင် ပါဝင်သော ကိုလက်စထရောနှင့်ပတ်သက်၍သင်သိသင့်သည့် အချက်များ

ယခုခေတ်အခါတွင် မိဘများသည် ကလေးများစားလိုသမျှ ကျွေးခြင်းထက် ကလေးများ၏ အာဟာရနှင့်ပက်သက်၍ ပိုမိုဂရုစိုက်လာကြပါသည်။ မိခင်များ စိတ်ပူသောကိစ္စရပ်များထဲမှ တစ်ခုသည် အစားအစာထဲတွင်ပါဝင်သော ကိုလက်စထရောပမာဏပင် ဖြစ်ပါသည်။ ကိုလက်စထရောပမာဏများခြင်းသည် နှလုံးရောဂါများနှင့် ခန္ဓာကိုယ်အလေးချိန်နှင့်ဆိုင်သော ရောဂါများကို ဖြစ်ပွားစေပါသည်။ မိဘများ ကိုလက်စထရောနှင့် ပက်သက်၍ သိချင်လေ့ရှိသည့် မေးခွန်းများကို အောက်တွင်ဖော်ပြထားပါသည်။ ကလေး၏ အစားအစာထဲတွင် ကိုလက်စထရော ပမာဏများလျှင် ဘယ်လိုအန္တရာယ် တွေရှိလာနိုင်သလဲ။ ကိုလက်စထရောသည် ခန္ဓာကိုယ်အတွက် မကောင်းသည့် ပစ္စည်းဟု သိထားသော်ငြားလည်း သင့်ကလေးသည် ခန္ဓာကိုယ်ဟော်မုန်းညီမျှဖို့ ဆဲလ်တစ်ရှူး တည်ဆောက်ဖို့နှင့် အာရုံကြောများကို ကာကွယ်ဖို့အတွက် ကိုလက်စထရောအနည်းငယ်ကိုတော့ လိုအပ်ပါသည်။ သို့သော်လည်း ကိုလက်စထရောပမာဏ အလွန်များပြားနေမည်ဆိုလျှင် ၎င်းတို့သည် သွေးကြောများကိုပျက်ဆီးစေပါသည်။ ပိုလျှံနေသော ကိုလက်စထရောတွေသည် သွေးကြောနံရံများပေါ်တွင် စုပုံလာပြီး အချပ်ပြားတစ်ခု အနေနှင့် အနည်ထိုင်လာပါလိမ့်မည်။ အာဟာရမျှမျှတတ […]


ကလေးငယ်အာဟာရ

ကလေးများအတွက်ဗီတာမင် ဘီ၏အံ့ဖွယ်အကျိုးကျေးဇူး ၄ ရပ်

ဗီတာမင် ဘီ အုပ်စုတွင် ပုံစံများစွာ ရှိပါသည်။ ဗီတာမင်B1၊ဗီတာမင်B2 ၊ဗီတာမင်B6၊ဗီတာမင်B12 ၊ဗီတာမင် B3(နိုင်ရာစင်)၊ဘိုင်အိုတင်၊ပန်တိုသီးနစ်အက်ဆစ်စသောပုံစံများဖြစ်ပါသည်။ ဗီတာမင် ဘီ အုပ်စုသည်ခန္ဓါကိုယ် မှစွမ်းအင်ထုတ်လုပ်ခြင်းနဲ့ လိုအပ်သောအခါထိုစွမ်းအင်ကို ထုတ်လွှတ်ပေးသောဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်အဓိက အခန်းကဏ္ဍမှာပါဝင်ပါသည်။ သွေးနီဥများ ခန္ဓါကိုယ်တစ်လျှောက် အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာတွင်လည်း ဗီတာမင်ဘီ အုပ်စုကို လိုအပ်ပါသည်။ ဤဗီတာမင်ဘီ အုပ်စုသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါပါသည်။ ၁။ ဗီတာမင် B1 (Thiamine) ဗီတာမင်B1သည် စွမ်းအင်ထုတ်လုပ်ခြင်း အတွက်အဓိကအရေးပါသည်။ ၎င်းသည်သကြားနှင့်အခြား ကာဗိုဟိုက်ဒရိတ်များကိုစွမ်းအင်အဖြစ်သို့ ကူညီပြောင်းလဲပေးသည်။ ၎င်းသည်အာရုံကြောအဖွဲ့အစည်းကို ထိခိုက်ခြင်း၊ပျက်စီးခြင်းများမှလည်း ကာကွယ်ပေးသည်။ အာရုံကြောအဖွဲ့အစည်း မှသတင်းအချက်အလက်များကို ခန္ဓါကိုယ်၏အခြားအင်္ဂါအမျိုးမျိုးသို့ပို့ဆောင်ပေးရာတွင်လည်းအသုံးဝင်သည်။ ကလေးများသည်တစ်နေ့လျှင်ဗီတာမင် B1 ငါးရာမှကိုးရာ မိုက်ခရိုဂရမ်ထိလိုအပ်သည်။ ဗီတာမင် B1 ကို နေကြာစေ့အခွံ့မာသီးများ၊ ပဲပြုတ်၊ပဲစိမ်း၊ဂျုံဖြင့်ပြုလုပ်သော ပေါင်မုန့်များမှရရှိနိုင်သည်။ သို့သော်ဗီတာမင် B1 […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေအတွက် အကောင်းဆုံးအာဟာရရရှိဖို့ ဖြည့်စွက်စာကိုဘယ်လိုပြင်ဆင်ပေးသင့်လဲ

ဘေဘီလေးတစ်ယောက်ကို ကျန်းမာပျော်ရွှင်စွာနဲ့ အရွယ်ရောက်ကြီးပြင်းလာစေချင်တာက မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပါ။ ဒီစိတ်ကူးအိပ်မက်ပြည့်ဝဖို့က ဆုတောင်းနေရုံနဲ့ မပြီးပါဘူး။ ကိုယ်တိုင်လုပ်ဆောင်ယူရမှာပါ။ ဒီဆန္ဒလေးပြည့်ဝဖို့ ဘာတွေများလိုမယ်ထင်လဲ။ အတူတူကြည့်လိုက်ကြရအောင် မေမေတို့ရေ... မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ မေမေတိုင်းရဲ့ စိတ်ကူးအိပ်မက်ပြည့်ဝစေဖို့ အခြေခံအားဖြင့် အချက်နှစ်ရပ်ပြည့်စုံဖို့လိုပါမယ်။ ဒါတွေကတော့ အာဟာရပြည့်ဝတဲ့အစားအစာတွေ ရွေးချယ်ပေးမှု နဲ့ အာဟာရပြည့်ဝအောင်ပြင်ဆင်ချက်ပြုတ်ပေးမှုပါ။ ဘေဘီလေးအတွက် အာဟာရပြည့်ဝစေမယ့် အစားအစာတွေကဘာတွေများလဲ...... ဘေဘီလေးတွေက ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့အရွယ်ပါ။ ဒါကြောင့် အာဟာရလုံလောက်ပြည့်ဝအောင်ရရှိဖို့လိုပါမယ်။ ဘေဘီလေးတွေက ခန္ဓာကိုယ်နဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့အာဟာရတွေကို ငယ်စဉ်အရွယ်မှာ လုံလောက်စွာရရှိပါမှ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းအရွယ်ရောက်နိုင်မှာပါ။ ဒီတော့ဘာတွေကျွေးရမလဲ။ မွေးစကနေ ၆ လအထိကတော့  မေမေကအာဟာရပြည့်ဝအောင်စားသုံးပြီး မိခင်နို့ရည်များများတိုက်ပေးရမှာပါ။ ဒီလိုကနေ ၆ လပြည့်ပြီးတဲ့အခါ ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစေဖို့ အစားအစာတွေကို ဂရုစိုက်ရွေးချယ်ရမှာဖြစ်ပါတယ်။ ထမင်း - ကြီးထွားဖွံ့ဖြိုးဖို့လိုအပ်တဲ့  ကစီဓာတ်ကို အပြည့်အဝရရှိစေနိုင်ပါတယ်။ ထမင်းကိုသေချာလေးကြိတ်ခြေပြီး ကျွေးပေးလို့ရပါတယ်။ ကြက်သား - ပရိုတင်းဓာတ်ကြွယ်ဝပြီး […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ

မွေးလာတုန်းက ဘေဘီလေးကို မေမေ့နို့ပဲတိုက်တာဆိုတော့ မေမေကအစားဆင်ခြင်ရင် အဆင်ပြေပြီပေါ့။ သိပ်အများကြီးတွေးစရာမလိုဘူးပေါ့။ ဒီလိုနဲ့ ဘေဘီလေးက ၅ လကျော် ၆ လထဲရောက်လာတယ်။ အစားစကျွေးပြီး ထမင်းကိုကြိတ်ကျွေးတာ၊ အာဟာရမှုန့်ကျွေးတာဆိုပြီး အမျိုးမျိုးရှိမယ်။ ဒီလိုနဲ့ တဖြည်းဖြည်း အသီးအရွက်လေးတွေနည်းနည်းချင်းစီထည့်ကျွေးလာမယ်။ ဒီလိုကနေ နောက်တော့ သစ်သီးလေးတွေကျွေးဖို့ စဉ်းစားလာမယ်။ ဒီအချိန်မှာက နည်းနည်းတော့အတွေးကြပ်ပြီနော်။ ဘေဘီလေးက လူကြီးတွေစားသမျှ စားလို့မှမရသေးတာလေ။ ဒီတော့ ဘေဘီလေးကို အသီးအနှံတွေကျွေးချင်တယ်။ ဘာတွေများကျွေးလို့ရမလဲဆိုပြီး မေမေတို့ အတွေးရကြပ်နေတဲ့ပြဿနာကို ဒီဆောင်းပါးလေးထဲကနေ အဖြေထုတ်ပေးမယ်နော်။ ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ...... ဘေဘီလေးကို ကျွေးလို့ရမယ့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်တွေ က ဘာတွေများလဲ...... ဘေဘီလေးကို အာဟာရပြည့်ဝမျှတစွာရရှိစေဖို့ဆိုရင် မုန်လာဥနီ - အပင်ကနေရရှိတဲ့ ဗီတာမင် A […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်