ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းရာသီမှာ ကလေးငယ်များမဖျားနာဖို့ ဆောင်ရွက်သင့်သည့်နည်းလမ်းများ

ဆောင်းရာသီသို့ ဝင်ရောက်လာသည်နှင့်အမျှ အအေးမိနှာစေးခြင်း၊ ဖျားနာခြင်းတို့အဖြစ်များလာပါတယ်။ ကိုယ်ခံစွမ်းအား ဖွံ့ဖြိုးဆဲကာလဖြစ်သည့် ကလေးအရွယ်တွင် ရောဂါပိုးမွှားများဝင်ရောက်ကာ ဖျားနာခြင်းတို့ ပိုမိုအဖြစ်များလေ့ရှိပါတယ်။ ဖြစ်မှဆေးခန်းသွားပြီး ဆေးဖိုးဝါးခကုန်မယ့်အစား မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီကာလမှာ ကိုယ်ခံအားကောင်းမွန်ဖို့ ရိုးရှင်းပြီး အစွမ်းထက်တဲ့ အောက်ပါနည်းလမ်းများကို စမ်းသပ်ကြည့်နိုင်ပါတယ်။   ၁။ နေ့စဉ် အနည်းဆုံး နို့နှစ်ခွက် ပုံမှန်တိုက်ပါ။ ကလေးများရဲ့ ကိုယ်ခန္ဓါဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် နို့ကိုရွေးချယ်တိုက်ပေးပါ။ တစ်ချို့ကလေးတွေက နွားနို့မကြိုက်တတ်တဲ့အတွက် ဗန်နီလာအရသာနဲ့လာတဲ့ Dutch Lady မလိုင်ပြည့်နို့မှုန့်ကို စမ်းတိုက်ကြည့်ဖို့ အကြံပြုလိုပါတယ်။ Dutch Lady မလိုင်ပြည့်နို့မှုန့်မှာ ကိုယ်ခံစွမ်းအားကိုတည်ဆောက်ပေးသော အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ ပရိုတင်း၊ ဇင့်နဲ့ ဗီတာမင် (D, A, B6) တွေ ဖြည့်စွက်ထည့်သွင်းထားတာဖြစ်ပြီး နွားနို့စစ်စစ်ကနေ ထုတ်ထားတဲ့အတွက် နွားနို့မှာပါဝင်တဲ့အကျိုးကျေးဇူးများအားလုံးကိုရရှိမှာပါ။ တစ်ထုတ်ချင်းအလိုက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

အရေပြားဆိုတာက ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သလို အရေးကြီးတဲ့ အစိတ်အပိုင်းလည်း ဟုတ်ပါတယ်။ ဒါကြောင့် အသားအရေထိန်းသိမ်းဖို့ကလည်း မလုပ်မဖြစ်လုပ်သင့်တဲ့ ကိစ္စရပ်တွေထဲကတစ်ခုလို့ ပြောချင်ပါတယ်။ အသားအရေထိန်းသိမ်းမှုက စောစောလုပ်နိုင်လေ ကောင်းလေပါ။ ဒါကြောင့် ဘေဘီလေးတွေကို ငယ်စဉ်ကတည်း အရေပြားစောင့်ရှောက်ပေးထားတာက အကောင်းဆုံးပါပဲ။ ကလေးရဲ့ အသားအရေကို ထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာက ပြောသလောက်တော့ မလွယ်ပါဘူး။ ကလေးတွေရဲ့ အသားအရေက နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် အသေးစိတ်ဂရုစိုက်နိုင်မှ တော်ရာကျပါမယ်။ ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ဆိုတာလေး ပြောပြပေးချင်ပါတယ်။ ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ ဆိုတော့ ကလေးငယ်ရဲ့ အရေပြားက မယ်လ်လာနင်ကို နည်းနည်းပဲထုတ်လွှတ်နိုင်သလို နေလောင်ဒဏ်ကိုလည်း ခံနိုင်ရည် နည်းပါတယ်။ ပြောချင်တာကတော့ ကလေးငယ်လေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပြီး ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်နိုင်ခြေကလည်း လူကြီးတွေအသားအရေထက် ပိုများပါတယ်။ ဓာတ်မတည့်တဲ့ အရာတွေနဲ့ ထိတွေ့မိတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဆံသား ကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ

ကလေးတွေကို မွေးလာချိန်ကစလို့ အရွယ်ရောက်လာတဲ့အချိန်အထိ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတွေထဲမှာ ဆံသားကလည်းတစ်ခုအပါအဝင်ပါ။ ကလေးဆံသား လေးတွေက နူးညံ့လွန်းတာကြောင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုပါတယ်။ ကလေးတွေဟာ မိခင်ဝမ်းထဲကနေ မွေးလာကတည်းက နူးညံ့တဲ့ဆံသားလေးတွေနဲ့အတူ မွေးဖွားလာတာဖြစ်ပြီး ဒီဆံသားလေးတွေကို စနစ်တကျထိန်းသိမ်းပေးမှ ကျန်းမာတဲ့ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်တဲ့ ဘေဘီလေးတွေဖြစ်လာမှာပါ။ မိဘတော်တော်များများက ကလေးလေးတွေရဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဂဃနဏမသိကြပါဘူး။ ဒီတစ်ခါကတော့ ဘေဘီလေးတွေရဲ့ ဆံသားကို ဘာကြောင့်စောင့်ရှောက်ပေးဖို့လိုတာလဲဆိုတာနဲ့ ဘယ်လိုစောင့်ရှောက်ပေးသင့်လဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ ကလေးဆံပင်အကြောင်း တစေ့တစောင်း ကလေးငယ်လေးတွေရဲ့ ဆံသားက အသက်အရွယ်နဲ့ ဆံပင်အမျိုးအစားကို လိုက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဆံသားသဘာဝချင်း မတူကြပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘယ်အရွယ်ပဲဖြစ်ဖြစ်၊ ဘယ်လိုဆံသားအမျိုးအစားမျိုးပဲဖြစ်ဖြစ် ပုံမှန်ခေါင်းလျှော်ပေးဖို့လိုသလို ဆံပင်ဆီလိမ်းတာ၊ ခေါင်းဖြီးပေးတာနဲ့ ဆံပင်ရှည်လာတဲ့အခါ ညှပ်ပေးဖို့လိုတာချင်းကတော့ တူတူပါပဲ။ ကလေးဆံသား ရော ဦးရေပြားကပါ နူးညံ့ထိခိုက်ထိခိုက်လွယ်တာကြောင့် သေသေချာဂရုစိုက်ဖို့တော့ လိုပါတယ်။ ကလေးငယ်လေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

အစားအစာနဲ့ မတည့်လို့၊ ဆေးနဲ့ မတည့်လို့၊ အင်းဆက်ကိုက်ခံရလို့၊ ပန်းဝတ်မှုန်ကြောင့်၊ တခြားအရာဝတ္ထုတွေကြောင့် စသည်ဖြင့် ဓာတ်မတည့်မှု အမျိုးမျိုး ရှိနိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ အရေပြားက နုနယ်လွန်းတာကြောင့် အရေပြား ဓာတ်မတည့်မှုလည်း အဖြစ်များပါတယ်။ ဒါ့ကြောင့် လူကြီးတွေထက် ပိုဂရုစိုက်ပေးသင့်တာပါ။ ကိုယ်ခံစားနေရတာကို သေချာလည်းမပြောပြတတ်တဲ့၊ ဘာမှမသိသေးတဲ့ အရွယ်မို့ မိဘတွေက သတိထားစောင့်ကြည့်ပေးရမှာပါ။ဒီတစ်ခေါက်တော့ အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။  ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုသိနိုင်မလဲ မပြင်းထန်တဲ့ လက္ခဏာတွေက အရေပြားယားယံလာမယ် နီရဲလာမယ် နည်းနည်းရောင်လာမယ် နှာခေါင်းပိတ်မယ်၊ နှာစေးမယ် နှာချေနေမယ် မျက်လုံးယားမယ်၊ မျက်ရည်ကျမယ် ခန္ဓာကိုယ်မှာ အနီဖုလေးတွေထွက်မယ်။ ကိုယ့်ကလေးမှာ ဒီလိုလက္ခဏာတွေဖြစ်နေသလား သတိထားကြည့်ပါ။ ကာလတိုအတွင်း ပျောက်ကင်းနိုင်လောက်တဲ့ အပျော့စား လက္ခဏာတွေဆိုပေမယ့် လက္ခဏာတာရှည်လာရင် ဆရာဝန်ပြဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြားခြောက်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး ထိခိုက်လွယ်သလို ပိုပြီးတော့လည်း ခြောက်သွေ့လွယ်ပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကလည်း ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့ အရေပြားကို မခြောက်သွေ့အာင် ထိန်းသိမ်းပေးဖို့က မိဘတွေအနေနဲ့ မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဒီတစ်ခါတော့ ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးမယ်နော်။ ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက် ကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုအခြေအနေနဲ့ ပြင်ပလေတွေကြောင့် ခြောက်သွေ့နိုင်သလို အခန်းတွင်းအပူချိန်ပြင်းလွန်းရင်လည်း ခြောက်သွေ့တတ်ပါတယ်။ ကလေးက ခြောက်သွေ့လွယ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားရင်တော့ ဖေဖေမေမေတွေအနေနဲ့ ပိုပြီးဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ အရေပြားမခြောက်သွေ့အောင် ဘာလို့ကာကွယ်သင့်တာလဲ ကလေးငယ်မှာ အရေပြားခြောက်သွေ့တဲ့အခါ နောက်ဆက်တွဲအရေပြားပြဿနာတွေဖြစ်တဲ့ ယားယံတာ၊ အရေပြားအဖတ်ကွာတာ၊ Eczema (နှင်းခူ) နဲ့Ichthyosis […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်အတွက် စိတ်ချရတဲ့အသားရေထိန်းသိမ်းမှုပစ္စည်း ရွေးချယ်ကြရအောင်

မိဘတိုင်းက သားသမီးတွေကိုအကောင်းဆုံးဆိုတာတွေပဲပေးချင်မယ်ဆိုတာ အသေအချာပါပဲ။ ဒီအတွက် ကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ ကိုယ့်ရင်သွေးလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုပဲလိုချင်ကြမယ်ဆိုတာမေးစရာတောင်လိုမယ်မထင်ပါဘူး။ ရင်သွေးလေးတွေကို အကောင်းဆုံးတွေပဲပေးချင်တဲ့ဖေဖေမေမေတို့အတွက်ရွေးရခက်တာမျိုးမဖြစ်ရလေအောင်ဘေဘီလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်တဲ့အခါ သတိထားရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။   ကလေးတစ်ယောက်အတွက် လိုအပ်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းများ ကလေးတစ်ယောက်ရှိနေတဲ့အိမ်မှာ မရှိမဖြစ်ရှိထားသင့်တဲ့ ပစ္စည်းတွေကတော့ - ကလေးဆပ်ပြာ ရေချိုးဆပ်ပြာရည် ခေါင်းလျှော်ရည် ကလေးသုံး lotion diaper cream baby oil ကလေးအဝတ်အစားတွေ အိပ်ရာတွေကိုလျှော်ဖွတ်ဖို့ ဆပ်ပြာမှုန့် ကလေးပေါင်ဒါမှုန့်   ဘယ်လိုရွေးချယ်မလဲ လူတိုင်းအတွက်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက ကလေးငယ်လေးတွေရဲ့ အရေပြားကို ထိခိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေဝယ်ယူတဲ့အခါ ဒီအချက်လေးတွေသတိထားပေးပါ။   ဓာတုပစ္စည်းကင်းစင်တဲ့ အရာတွေကိုရွေးချယ်ပါ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတော်တော်များများမှာ ဓာတုပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ ဓာတုပစ္စည်းလုံးဝကင်းစင်တာမျိုးကတော်တော်လေးရှားပါတယ်။ သတိထားရမှာက အရေပြားကို ယားယံပြီး ဓာတ်မတည့်တာမျိုးဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်တာမျိုးကိုရွေးချယ်မိဖို့ပါ။   တုံ့ပြန်လွယ်တဲ့အသားအရေနဲ့ လိုက်ဖက်မယ့်ပစ္စည်းမျိုးကိုရွေးချယ်ပါ ကလေးငယ်လေးတွေရဲ့အသားအရေက ထိခိုက်လွယ်တာကြောင့် ရင်သွေးလေးအတွက်အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ တုံ့ပြန်လွယ်တဲ့အသားအရေအတွက်အဆင်ပြေပြီး အရေပြားဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေမပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ။ သေသေချာချာစမ်းသပ်မှုတွေလုပ်ထားပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ကလေးအသားအရေ က နူးညံ့ချောမွေ့ပြီး ထိတွေ့မိတဲ့အခါ စိတ်ကြည်နူးစရာကောင်းပါတယ်။ ဒီလို နူးညံ့ချောမွေ့တဲ့ အသားအရေလေးတွေကို အသက်ကြီးသွားတဲ့အထိ ရှိသွားစေချင်တယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက စတင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ထိခိုက်ပျက်စီးမှုနဲ့ ကြမ်းတမ်းလာတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒါတွေကိုကာကွယ်ပြီး မိမိရင်သွေးငယ်လေးရဲ့ အသားအရေ အမြဲနူးညံ့ချောမွေ့နေစေချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ရင်သွေးလေးတွေရဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။ ကလေးအသားအရေ အမျိုးအစား ဘယ်နှမျိုးရှိသလဲ။ ကလေးငယ်လေးတွေရဲ့ အသားအရေကို (၄) မျိုးခွဲထားပါတယ်။ ပုံမှန်အသားအရေ -ချောမွေ့ပြီး အစက်အပြောက်နဲ့ အဖုအပိမ့်တွေကင်းစင်တဲ့အသားအရေမျိုးပါ။ ခြောက်သွေ့တဲ့ အသားအရေ -နည်းနည်းကြမ်းပြီး တစ်နှစ်ပတ်လုံး အရေပြားအဖတ်လေးတွေ လန်နေတတ်ပါတယ်။ ခြောက်သွေ့နေတတ်ပါတယ်။ တုံ့ပြန်လွယ်တဲ့ အသားအရေ - ကလေးတိုင်းရဲ့ အသားအရေက ထိခိုက်တုံ့ပြန်လွယ်ကြပါတယ်။ ဒါပေမယ့် တုံ့ပြန်လွယ်တဲ့ ကလေးတွေရဲ့ အသားအရေက အခြားကလေးတွေထက်ပိုပြီး ထိခိုက်လွယ်နေတတ်ပါတယ်။ ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ

ကလေးဆံသား နဲ့ ဦးရေပြားဟာ လူကြီးဆံပင်ထက် နုနယ်လို့ ပိုဂရုစိုက်ပေးသင့်ပါတယ်။ ကလေးလေးတွေအတွက် ဆံသားဂရုစိုက်စောင့်ရှောက်မှုတွေ လိုအပ်သလောက် မလုပ်ပေးတာတွေကြောင့်လည်း ဆံပင်ပြဿနာတွေ ဖြစ်လာစေတတ်ပါတယ်။ ကလေးတွေမှာ မွေးဆံပင်လေးတွေ ပါလာတတ်ပေမယ့် အများစုက ရက်သားကနေ လသားအရွယ်အတွင်းမှာ ရိတ်ပစ်ကြတာများပါတယ်။ ကလေးလေးတွေရဲ့ဆံသားက ကောက်ကွေးကွေးလေးတွေ ၊ အဖြောင့်လေးတွေ၊ ဆံပင်ထူတာ၊ ဆံပင်ပါးတာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ဘယ်လိုဆံသားမျိုးပဲဖြစ်နေပါစေ။ ကလေးဆံသားက နုနယ်လွန်းတာကြောင့် လူကြီးတွေထက် ထိခိုက်လွယ်၊ ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် ဆံသားခြောက်သွေ့မှု၊ ပျက်စီးမှုမဖြစ်အောင် ဂရုစိုက်ပေးနိုင်မယ့် အချက်လေးတွေ သိထားသင့်ပါတယ်။ ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ မလိုအပ်ဘဲ ခဏခဏ ခေါင်းမလျှာ်ပေးပါနဲ့ ၆လအောက် ကလေးငယ်တွေရဲ့ ဦးရေပြားမှာ အဆီနည်းတာကြောင့် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး ခေါင်းလျှော်ပေးဖို့ မလိုပါဘူး။ ကလေးငယ်လေးအတွက် ခဏခဏခေါင်းလျှော်တာ အအေးမိနိုင်ခြေလည်း ပိုများတာကြောင့် ဂရုစိုက်ပေးပါ။ နောက်တစ်ချက်က ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေရင် လုပ်ဆောင်ရမယ့် (၇) ချက်

သန်းဆိုတာ ဆံပင်ကြားထဲမှာနေထိုင်ပြီး ဦးရေပြားကနေ သွေးစုပ်ရှင်သန်တဲ့ ကပ်ပါးပိုး အသေးစားလေးတွေပါ။ သန်းတွယ်တာက အရမ်းကိုအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုဆိုးပါတယ်။ သန်းတွေက ကူးစက်ပြန့်ပွားလွယ်လို့ စိတ်ရှုပ်စရာလည်းကောင်းပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် တာက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် အန္တရာယ်တော့မပေးပါဘူး။ သန်းကိုက်ရင် ကလေးရဲ့ဦးရေပြားမှာ ယားယံပြီး ကျိန်းစပ်စပ်ဖြစ်တာကလွဲလို့ ရောဂါပိုးတော့ မကူးစက်စေပါဘူး။ ဒါပေမယ့် သန်းကိုက်လို့ ဦးရေပြားကို ကုတ်လွန်းရင် ကုတ်ခြစ်ရာတွေကနေ ပိုးဝင်နိုင်တာ သတိထားရပါမယ်။ လူတစ်ယောက်နဲ့တစ်ယောက် သန်းကူးစက်ဖို့ကအရမ်းလွယ်တာကြောင့် ကလေးကို မကူးစက်ရအောင် တစ်ယောက်ယောက်ခေါင်းမှာ သန်းတွေ့တာနဲ့ အမြန်ဆုံးကုသဖယ်ရှားတာ အကောင်းဆုံးပါပဲ။ ကလေးရဲ့ခေါင်းမှာ သန်းရှိမရှိ ဘယ်လိုသိမလဲ သန်းတွေက သေးငယ်တဲ့အပြင် ဆံပင်တွေကြားမှာ ပြေးတတ်၊ ပုန်းအောင်းတတ်လို့ ရှာရခက်တယ်ဆိုပေမယ့် သန်းရှိမရှိကို သိသာစေမယ့် လက္ခဏာတွေရှိပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေကြောင်းသိနိုင်တဲ့ လက္ခဏာရပ်များ သန်းဥ သူတို့က အတော် သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါသေးတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် သူ့အတွက် ဂရုစိုက်စောင့်ရှောက်ရမယ့် တာဝန်တွေက အများသားရယ်။ သားဦး၊ သမီးဦးဖြစ်နေရင် ပိုဆိုးပါလေရော။ အမေရော၊ အဖေရောက အသစ်စက်စက်မိဘတွေ ဖြစ်နေတော့ ကလေးလေးအတွက် သတိပြုမိရမယ့်အချက်တွေကို လစ်ဟင်းတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးယူမယ်လို့ ဆုံးဖြတ်ကတည်းက ကိုယ့်မိဘတွေဆီကမေးတာပဲဖြစ်ဖြစ် စာအုပ်တွေဖတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုးတက်နေတဲ့ခေတ်မှာ လူမှုကွန်ရက်ကနေပဲဖြစ်ဖြစ် ကလေးပြုစုစောင့်ရှောက်ရေးအတွက် လေ့လာသင့်တာ လေ့လာထားသင့်ပါတယ်။ ဒီတစ်ခေါက်တော့ ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက် အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေထဲ သေးခံလောင်တာကလည်း အဖြစ်များဆုံးပါဝင်နေပါတယ်။ ဖေဖေရော မေမေရော အလုပ်အရမ်းရှုပ်ကြတော့ အခုခေတ်မှာ ကလေးသေးခံ (Diaper) ကို မသုံးမဖြစ် သုံးကြရပါတယ်။ ဒီလိုသုံးတဲ့အခါ ကလေးမှာ သေးခံလောင်တာက ကြုံတွေ့ရပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင် သနားစရာကောင်းပါတယ်။ ကိုယ့်ရင်နှစ်သည်းချာလေးရဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း