ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ရေချိုးပေးတာကစလို့ ညဘက်သိပ်တဲ့အချိန်အထိ ဘယ်လိုမျိုး ပြုစုပေးရမလဲဆိုတာတွေကို ပညာရှင်တွေက ဒီမှာ လမ်းညွှန်ထားပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ်ပြုစုစောင့်ရှောက်နည်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ကို နူးညံ့ချောမွတ်တဲ့အသားအရေ ပိုင်ဆိုင်စေဖို့ ဘာတွေလုပ်ပေးမလဲ

လူကြီးတွေမှာတောင် အသားအရေလေးက နူးညံ့နေတာပဲ၊ ကလေးလေးကျနေတာပဲလို့ ပြောတတ်ကြတယ်။ ကလေး တွေရဲ့အသားအရေက နူးညံ့တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီအတိုင်းဆက်ပြီး အပြစ်အနာအဆာကင်းပြီး ချောမွတ်နေဖို့၊ အသားအရေလှဖို့ကတော့ ဖေဖေမေမေတို့ရဲ့တာဝန်ပါပဲ။ ကလေးလေးတွေကို အာဟာရဓါတ်ပြည့်ဝအောင်ကျွေးမွေးဖို့ စဉ်းစားရသလို သူတို့ရဲ့အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးရပါမယ်။ ဒီအချက်လေးတွေအတိုင်း လုပ်ပေးမယ်ဆိုရင် အသားအရေနူးညံ့စိုပြေတဲ့ သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ အာဟာရကို ဂရုစိုက်ပါ ကလေးတွေက ပေါက်ကရ သရေစာတွေ၊မုန့်တွေ မက်မောပြီး အစားအသောက်ကိုကြေးထူတတ်ကြပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ညီတဲ့အစာတွေကိုဆိုရင်ပေါ့။ကွေကာအုပ်နဲ့ သစ်သီးတွေ မကြာခဏကျွေးခြင်းအားဖြင့် အာဟာရပိုပြည့်ဝစေမှာပါ။ အသီးအနှံတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပြီး free radical တွေကြောင့်ဖြစ်တဲ့ ထိခိုက်မှုကို ဟန့်တားပေးနိုင်ပါတယ်။ အရေပြားထိခိုက်ပျက်စီးမှုနဲ့ အသားအရောင်မညီခြင်းကို ထိန်းချုပ်ကုသနိုင်စွမ်းရှိလို့ ကလေးရဲ့အသားအရေအတွက် အကျိုးကျေးဇူးများပါတယ်။ ရေများများတိုက်ပါ ဘယ်သူမဆို ရေကို ထိုက်သင့်တဲ့ပမာဏအထိ သောက်သုံးသင့်သလို ကလေးငယ်တွေကိုလည်းရေတိုက်မနည်းပါစေနဲ့။ ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေမှ ခန္ဓါကိုယ်ကအဆိပ်အတောက်တွေမှန်သမျှ ရေနဲ့အတူစွန့်ထုတ်ပြီး အသားအရေကြည်လင်၊သန့်စင်လာစေမှာပါ။ ခရမ်းချဉ်သီးအနှစ်နဲ့ ဒိန်ချဉ် ခရမ်းချဉ်သီးဟာ ချေးချွတ်နိုင်တဲ့သဘာဝအာနိသင်ရှိပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို Baby Lotion အသုံးပြုပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး ၈ ခု

အသားအရေထိန်းသိမ်းတာကို အရွယ်မရွေးလုပ်သင့်ပါတယ်။ အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ကိုတော်တော်လေး သက်ရောက်မှုရှိစေနိုင်တဲ့အရာပါ။ လူကြီးတွေက အသားအရေကို ကိုယ်တိုင်စောင့်ရှောက်နိုင်တယ်ဆိုပေမယ့်ဘေဘီလေးတွေကိုတော့မေမေတို့ကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေအသားအရေထက်တုံ့ပြန်လွယ်တာကြောင့်ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အရမ်းဂရုစိုက်ပေးရလို့အလုပ်ရှုပ်မယ်လို့တော့မထင်ပါနဲ့။ လွယ်လွယ်ကူကူနဲ့ ကလေးအသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ်။ ဒါကတော့ ကလေးငယ်ကို Baby Lotionလူးပေးတာပါပဲ။ Baby Lotionက နူးညံ့ပါးလွှာပြီးထိခိုက်လွယ်တဲ့ကလေးငယ်လေးတွေရဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ပြဿနာတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။ ကလေးလေးတွေကို Baby Lotion လူးပေးတာက ဘယ်လိုအကျိုးရှိစေမလဲ ကလေးငယ်တွေကို Baby Lotionအသုံးပြုပေးတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ၁) အသားအရေမခြောက်သွေ့အောင်ကာကွယ်ပေးတယ် Baby Lotionတွေက ကလေးငယ်တွေရဲ့ အသားအရေကိုခြောက်သွေ့ကြမ်းတမ်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့တာက ကလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေရဲ့အကြောင်းရင်းခံဖြစ်တာကြောင့် အရေပြားမခြောက်သွေ့အောင်ကာကွယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မရတဲ့အကြောင်းအရင်းတစ်ရပ်ပါ။ ကလေးအရေပြားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ကလေးကို Baby Lotionလေးပုံမှန်လူးပေးပါ။ ၂) နေမလောင်အောင်ကာကွယ်ပေးတယ် ကလေးငယ်လေးတွေဟာ ငယ်စဉ်အရွယ်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရေပြားကင်ဆာဖြစ်နိုင်ခြေတော်တော်လေးများလာပါတယ်။ ကလေးငယ်လေးတွေရဲ့ အသစ်စက်စက်အရေပြားကနေရောင်ဒဏ်ကိုကာကွယ်နိုင်စွမ်းတော်တော်လေးနည်းပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကျန်းမာပျော်ရွှင်သော ရင်နှစ်သည်းချာလေးတွေ ဖြစ်စေဖို့

ကလေးလေးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမှုက သူတို့ရဲ့လေးတွေရဲ့ အနာဂတ်ဘဝအောင်မြင်မှုအပေါ်မှာပါ အများကြီးသက်ရောက်မှု ရှိနေပါတယ်။ ငယ်ရွယ်စဉ်ကတည်းကနေ ကြီးပြင်းလာတဲ့တလျှောက် ဂရုစိုက်မှုကို ခံစားလာရတဲ့ ကလေးငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုများတတ်ကြပါတယ်။ မိဘတွေဟာ သားသမီးတွေရဲ့ လက်ဦးဆရာပါပဲ။ မိဘတွေရဲ့ ထိန်းသိမ်းစောင့်ရှောက်မှုက ကျန်းမာပျော်ရွှင်တဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်စေဖို့ အရေးပါပါတယ်။ မိမိတို့ရဲ့ ရင်နှစ်သည်းချာလေးတွေကို ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာအောင် မိဘတွေအနေနဲ့ ဘယ်လိုမျိုးလေးတွေလုပ်ပေးရမလဲဆိုတာကို အောက်မှာ ပြည့်ပြည့်စုံစုံ ပြောပြပေးမယ်နော်။ ကျန်းမာပျော်ရွှင်တဲ့ ရင်နှစ်သည်းချာလေးတွေ ဖြစ်စေဖို့ ကလေးလေးတွေကို ကျန်းကျန်းမာမာပျော်ရွှင်ရွှင် ကြီးပြင်းလာစေချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်သင့်ပါတယ်။ ကလေးလေးတွေကို မိဘတွေက ဂရုစိုက်ပေးပါ ကလေးလေးတွေက မိဘတွေရဲ့ ဂရုစိုက်မှုကို လိုအပ်ကြပါတယ်။ ဒါကို မိဘတိုင်းက သိကြပေမယ့် ကလေးကို ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာကိုသေသေချာချာမသိကြပါဘူး။ ကလေးတွေကို ဂရုစိုက်တယ်ဆိုတဲ့နေရာမှာလည်း မှန်ကန်တဲ့ဂရုစိုက်မှုဖြစ်ဖို့က လိုပါသေးတယ်။ မွေးစအရွယ်ကလေးတွေက မိဘတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်

သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။ ကလေးတွေဟာ လူကြီးထက်စာရင် အသိပညာနည်းပါတယ်။ ခွန်အားနည်းပါတယ်။ ဒီအတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်။ အကြမ်းဖက်လို့ ရတယ်။ ဒါက လူကြီးနဲ့ ကလေးကြားက ကွာခြားချက်တွေ။ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကိုယ်ကျင့်သိက္ခါ ကောင်းသူက ဒီကွာခြားချက်ကို အလွဲသုံးစား မလုပ်ဘူး။ ကလေးကို စောင့်ရှောက်ပေးမယ်။ ကာကွယ်ပေးမယ်။ ဒီလို ကိုယ်ကျင့်သိက္ခါ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ခေါင်းလျှော်ရမှာကြောက်တဲ့ကလေးအတွက် နည်းဗျူဟာ ၆ ခု

အမေကခေါ်နေရင် ရေမချိုးချင်လို့ ပတ်ပြေးခဲ့တဲ့အဖြစ်တွေ ၊ ခေါင်းလျှော်ပေးမှာကြောက်လို့အော်ငိုခဲ့ရတာတွေ ငယ်ငယ်ကကြုံဖူးခဲ့သူတွေရှိမှာပါ။ ကလေးအတော်များများက ရေချိုးရတာပျော်တယ်ဆိုရင်တောင်မှ ခေါင်းလျှော်တဲ့အခါ သူတို့ရဲ့မျက်နှာကိုရေစိုတာ၊ခေါင်းကိုရေလောင်းတာမကြိုက်ကြပါဘူး။ မွေးကင်းစအရွယ်ဆို ကလေးကငြင်းဆန်ရင်တောင် လုပ်ပေးရလွယ်ပေမယ့် နည်းနည်းကြီးလာတဲ့အခါ နှစ်နှစ်ဝန်းကျင်ကလေးတွေဆိုခေါင်းလျှော်ကာနီးတိုင်း တိုက်ပွဲဝင်ရတာမိဘတွေရဲ့အခက်အခဲတစ်ခုပါ။ တချို့က စည်းရုံးရလွယ်ပေမယ့် တချို့က အကြောက်အကန် ငိုယိုရုန်းကန်တာ၊ ပတ်ပြေးနေတာတွေရှိပါတယ်။ ဒါတွေဟာ ကလေးက - အရင်တခေါက်က မျက်လုံးထဲ ဒါမှမဟုတ် ပါးစပ်ထဲကို ခေါင်းလျှော်ရည်ဝင်ခဲ့ဖူးတယ်ဆိုရင် ရေကြောက်တတ်ရင် ခေါင်းလျှော်ပေးတဲ့ပုံစံအနေအထားကိုမကြိုက်ရင် ခေါင်းလျှော်ရမှာကို မကြိုက်တာမျိုးဖြစ်ရင် စတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီတော့ခေါင်းလျှော်ပေးရခက်တဲ့ကလေးရဲ့ မိဘတွေအနေနဲ့ အောက်မှာဖော်ပြတဲ့အထဲက နည်းလမ်းတစ်ခုခုကို သုံးလို့ရပါတယ် - (၁) ခေါင်းခဏခဏမလျှော်ပေးပါနဲ့ ကလေးကိုရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့်ခေါင်းလျှော်ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။ (၂) ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ ကလေးကိုခေါင်းလျှော်ပေးသင့် မပေးသင့်ဆိုတာထက် ဘယ်လိုရအောင်လျှော်ပေးမလဲဆိုတာကိုအဓိကထားပါ။ ကလေးကခေါင်းလျှော်ရည်ကို ကိုယ်တိုင်လက်နဲ့ယူပြီးလျှော်ခွင့်ရရင် ပိုပျော်လာနိုင်ပါတယ်။ရေစချိုးကတည်းကခေါင်းလျှော်ပေးပါ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

ကလေးက နှာတချေချေဖြစ်နေသလား၊ အသက်ရှူသံတရွှီရွှီဖြစ်နေသလား၊ အသားတွေ ယားယံနေတဲ့ပုံ တွေ့ရသလား။ ကလေးမှာ အရေပြားဓာတ်မတည့်မှု တွေ ဖြစ်နေတာကြောင့် ဖြစ်နိုင်ပါတယ်နော်။ ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုလက္ခဏာပြသလဲ ဓာတ်မတည့်မှုတွေဟာ ကလေးတွေကို ဒီလိုလက္ခဏာတွေ ဖြစ်စေရုံတင်မကပါဘူး။ အရေပြားမှာလည်း လက္ခဏာအမျိုးမျိုးပြလာစေနိုင်ပါတယ်။ ဆရာဝန်တွေက ချက်ချင်းတော့ အရေပြားပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို တပ်အပ်မဆုံးဖြတ်ပေးနိုင်ပါဘူး။ ဓာတ်မတည့်မှု ဖြစ်တဲ့အခါ ကလေးအရေပြားမှာ အရင်ဆုံးတွေ့ရမှာက အနီကွက်တွေ၊ အနီစက်တွေပဲဖြစ်ပါတယ်။ အနီစက်တွေက အချိန်ခဏလေးအတွင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးကို ပျံ့နှံ့လာပါတယ်။ ပြီးရင်တော့ အရေပြားမှာ ခြောက်သွေ့ယားယံနေတာကြောင့် ကလေးတွေအနေခက်လာတာပဲဖြစ်ပါတယ်။ ကလေးငယ်တွေမှာတွေ့ရတဲ့ ဓာတ်မတည့်မှုလက္ခဏာတွေက - အရေပြားအနီကွက်ဖြစ်ခြင်း အရေပြားပေါက်ပြဲစေတဲ့အထိ ကုတ်ခြင်းနဲ့ ကုတ်လေပိုယားလေဖြစ်လာခြင်း အရေပြားခြောက်သွေ့ခြင်း ယားယံမှုကြောင့် ကုတ်တာပွတ်တာများလာတဲ့အခါ အသားမာဖြစ်လာခြင်း အရေပြားပိုးဝင်မှု မကြာခဏဖြစ်ခြင်း အနည်းငယ်ရောင်ရမ်းခြင်း ယားယံခြင်း နှာချေခြင်း၊ နှာရည်ကျခြင်း မျက်ရည်ထွက်ခြင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် မိဘတွေရဲ့ တာဝန်ဝတ္တရားတွေက စတင်လာပြီဖြစ်ပါတယ်။ ကလေးရဲ့ ဝေယျာဝစ္စတွေကို အသေးစိတ်ဂရုစိုက်လုပ်ဆောင်ပေးဖို့လည်း  အရေးကြီးပါတယ်။ နုနယ်လှတဲ့ ကိုယ့်ရင်သွေးလေးကို အိမ်ကိုခေါ်လာမယ့်အချိန်အတွက် အရင်တည်းကကြိုတင်ပြင်ဆင်ထားကြရတာ ဖြစ်ပေမယ့် အိမ်ကို ပြန်ရောက်လာပြီဆိုတာနဲ့ ကလေးလေးချီပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးကလေး မွေးဖွားတဲ့မိဘတွေဆို အတွေ့အကြုံမရှိတာကြောင့် မွေးပြီးနောက်ပိုင်း ဒီလိုအခက်မကြုံရအောင် မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း ကို ကြိုတင်လေ့လာထားသင့်ပါတယ်။ အသစ်စက်စက် မိခင် ဖခင်တွေအနေနဲ့ ကလေးငယ်လေးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့အချိန် စနစ်တကျနဲ့ နည်းလမ်းမှန်မှန်လုပ်ဆောင်နိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။ မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း ကလေးကို ချီတဲ့အခါ ကလေးသိပ်မချီဖူးတဲ့သူတွေ၊ ကလေးတွေနဲ့ အနေမနီးသူတွေ မိဘဖြစ်လာတဲ့အခါ ကလေးချီရင် မတော်တဆလွတ်ကျမှာကို စိုးရိမ်စရာရှိနိုင်ပါတယ်။ သတိထားသင့်တဲ့ အခြေခံတချို့ကတော့ - ကလေးမချီခင် လက်ကို သေချာဆေးကြောပါ ( သို့မဟုတ် လက်သန့်ဆေးရည်သုံးပါ)။ မွေးကင်းစအရွယ်လေးတွေဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကိုရေချိုးပေးတဲ့အခါ ဘာကြောင့်ဆပ်ပြာမပါတဲ့ပစ္စည်းတွေကို ရွေးချယ်ဖို့လိုတာလဲ

ယနေ့ခေတ်မှာ ကလေးငယ်တွေကိုပါမကျန် အသားအရေထိန်းသိမ်းပေးနေကြပြီဖြစ်သလိုဈေးကွက်ထဲမှာလည်း ကလေးအသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေအများအပြားရှိနေတာကြောင့်ဖေဖေမေမေအသစ်စက်စက်လေးတွေအတွက်ရွေးရခက်လွန်းပါတယ်။ ကလေးငယ်ကိုရေချိုးပေးဖို့အတွက်ရွေးခယ်တဲ့အခါမှာလည်း မှားယွင်းရွေးချယ်မိမယ်ဆိုရင် ကလေးငယ်မှာ အရေပြားပြဿနာအမျိုးမျိုးကိုခံစားရနိုင်ပါတယ်။ ကလးငယ်လေးတွေရဲ့ အရေပြားက နူးညံ့ပြီး တုံ့ပြန်လွယ်လွန်းတာကြောင့် ပုံမှန်သုံးနေကျဆပ်ပြာတွေက ကလေးတွေရဲ့အရေပြာအတွက် အရမ်းပြင်းနေမှာဖြစ်သလို အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် အဖြေကတော့ ကလေးငယ်တွေအတွက်သီးသန့်ထုတ်ထားတဲ့Cleansersတွေကို အသုံးပြုပေးတာပါပဲ။ ဆပ်ပြာက ကလေးငယ်တွေအတွက်ဘေးကင်းရဲ့လား ပုံမှန်အားဖြင့်တော့ ကလေးငယ်တွေရဲ့ အသားအရေက လူကြီးတွေလောက်မညစ်ပတ်ကြပါဘူး။ ဒါကြောင့်ကလေးတွေကိုရေချိုးသန့်စင်ပေးတဲ့အခါ ဆပ်ပြာသုံးဖို့မလိုပါဘူး။ ကလးဆရာဝန်တွေကတော့ ကလေးတွေကိုရေချိုးပေးတဲ့အခါ ဆပ်ပြာမသုံးကြဖို့ အကြံပြုထားပါတယ်။ ကလေးအရေပြားကို ဆပ်ပြာနဲ့ပွတ်တိုက်တာက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားစေနိုင်ပြီး အသားအရေကိခြောက်သွေ့စေနိုင်တာကြောင့်ပါ။ ဒါ့အပြင် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေကို အလွန်အကျွံအသုံးပြုမယ်ဆိုရင်လည်း ကလေးငယ်တွေမှာ နှင်းခူ (eczema)ဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အမေတွေက ကလေးငယ်ကိုဆပ်ပြာမပါဘဲ ဘယ်လိုသန့်စင်ပေးမလဲဆိုတဲ့အချက်ကမေးစရာဖြစ်လာပါပြီ။ရေစေးကိုသာသုံးရတဲ့မိသားစုတွေအတွက် ဒီမေးခွန်းကတော်တော်လေးအရေးကြီးပါတယ်။ တကယ်လို့များ ကလေးငယ်က ရွှံ့တွေဗွက်တွေပေကျံနေမယ်၊ ဆီတွေပေကျံနေမယ်ဆိုရင်ရော ဘယ်လိုများသန့်ရှင်းပေးရမလဲ။ ဒီလိုအနေအထားမျိးမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ

အရေပြားခြောက်သွေ့မှုက အသက်အရွယ်မရွေးကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ နူးညံ့ပြီး တုံ့ပြန်လွယ်သလို ခံနိုင်ရည်နည်းတဲ့ ကလေးငယ်လေးတွေမှာ အရေပြားခြောက်သွေ့တာက ပိုဆိုးပါတယ်။ ကလေးအရေပြားခြောက်သွေ့တဲ့အခါ အရေပြားမှာ နီရဲတာ၊ ခပ်တင်းတင်းကြီးဖြစ်နေတာ၊ ယားယံတာ၊ အရေပြားအဖတ် လန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အရေပြားခြောက်သွေ့တဲ့ ပြဿနာက ကလေးတွေကို  အနေရခက်စေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိရင်သွေးလေးတွေရဲ့ အရေပြားကို မခြောက်သွေ့အောင်  ကာကွယ်ပေးသင့်ပါတယ်။ ရင်သွေးလေးရဲ့ အရေပြားကို ဘာတွေက ခြောက်သွေ့စေနိုင်လဲ ဆောင်းရာသီမှာ ပြင်ပက အေးမြခြောက်သွေ့တဲ့လေနဲ့ အိမ်တွင်းက အပူပေးထားတဲ့ လေထုတွေက အသားအရေကို ခြောက်သွေ့စေတဲ့ အဓိကအကြောင်းအရင်းတွေပါ။ ဒီလိုမျိုး အပူအအေးလွန်ကဲတဲ့ လေထုက အရေပြားပေါ်က သဘာဝအစိုဓာတ်ကို ကုန်ခမ်းစေနိုင်ပါတယ်။ နွေရာသီမှာဆိုရင်တော့ နေပူရှိန်၊ လေအေးပေးစက်ကလေ၊ ဆားငန်ရေနဲ့ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ထဲက ရေတွေက ကလေးအရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့ပြင် ကလေးအရေပြားမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

ကလေးသေးခံလောင်တာ (Diaper rash) ဆိုတာက ကလေးငယ်ကိုသေးခံဝတ်ပေးထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းမှုဖြစ်တာကို ဆိုလိုတာပါ။ တစ်ခါတလေမှာ သေးခံလောင်တာကြောင့် ကလေးရဲ့အရေပြားက နီမြန်းရောင်ရမ်းပြီး ခပ်နွေးနွေးဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာလည်း ခံစားရတဲ့အနေအထားချင်းမတူတတ်ပါဘူး။ အချို့ကလေးတွေမှာ ကလေးသေးခံလောင်တာရဲ့ အနေအထားက တော်တော်လေးပြင်းထန်တတ်ပေမယ့် အချို့ကလေးငယ်တွေမှာတော့ သိပ်မပြင်းထန်တာမျိုးလည်းရှိပါတယ်။ ဘာကြောင့် ကလေးသေးခံလောင်တာ လဲ စုပ်ယူမှုအားအရမ်းကောင်းပါတယ်ဆိုတဲ့သေးခံသုံးပေးမယ်ဆိုရင်တောင်မှ သေးခံတွေက အကုန်လုံးကို စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးငယ်ရဲ့အရေပြား စိုစွတ်တာမျိုးက ဖြစ်နေစေဦးမှာပါပဲ။ ကလေးငယ်ရဲ့ သေးခံထဲမှာ ဆီးတွေ၊ ဝမ်းတွေရောသွားတဲ့အခါ ဒီအနေအထားက ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်ရလွယ်တဲ့ ဝန်းကျင်တစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဝမ်းခဏခဏသွားတဲ့ ကလေးငယ်တွေနဲ့ ဝမ်းပျက်နေတဲ့ ကလေးငယ်တွေမှာ သေးခံလောင်တဲ့ဝေဒနာကို ပိုခံစားရတာပါပဲ။ ဂရုတစိုက်နဲ့ မပြတ်တမ်းစောင့်ကြည့်ပြီး သေးခံလဲပေးနေတဲ့ မိဘတွေရဲ့ ကလေးငယ်တွေမှာလည်း သေးခံလောင်တဲ့ပြဿနာ မရှိတာတော့မဟုတ်ပါဘူး။ ထိခိုက်တုံ့ပြန်လွယ်တဲ့အသားအရေက အရေပြားပြဿနာတွေကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ အရေပြားကို သေးခံနဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း