backup og meta

နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။

    နို့တိုက် နေတဲ့ မိခင် တစ်ယောက် အတွက် နို့ကြောင်းပိတ်တဲ့ ပြဿနာက တော်တော်ကို ဆိုးတဲ့ ပြဿနာ တစ်ခုပါ။ ကလေးကလည်း နို့ဆာ ကိုယ်ကလည်း နို့မထွက်၊ နို့ကြောင်းကလည်း ပိတ်နေတော့ နာကလည်းနာနဲ့ အတော်ကြီးကို ဒုက္ခရောက်ပါတယ်။ ခက်တာက နို့ကြောင်း ပိတ်တဲ့ ပြဿနာကလည်း အဖြစ်များတဲ့ ပြဿနာ တစ်ခုဆိုတော့ ဖြစ်လာတဲ့အခါ သက်သာအောင် လုပ်ဖို့က အရေးကြီး လာတာပေါ့။ ဒီတော့ နို့တိုက်ရင်းနဲ့ နို့ကြောင်းပိတ်သွားတဲ့အခါ ဘာတွေ လုပ်ကြမလဲ ဆိုတော့ နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။

    နို့ကြောင်းပိတ်ခြင်းကို ဘာတွေက အဖြစ်များစေတာလဲ။

    နို့ကြောင်းပိတ်တာကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ မပြောခင် ဘာကြောင့် နို့ကြောင်းပိတ်တာလဲ အရင် သိဖို့ လိုပါတယ်။

    • နို့ကောင်းကောင်း မထွက်တာ – ကလေး ကောင်းကောင်း မစို့နိုင်လို့ ဖြစ်ဖြစ်၊ မိခင်နဲ့ ကလေး ခွဲနေတာကြာတော့ နို့မတိုက်ရတဲ့ အခါမျိုးမှာ နို့အုံကြီး တင်းနေတတ်ပြီး နို့ကြောင်းပိတ်တဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။
    • ကြပ်လွန်းတဲ့ အတွင်းခံ ဘရာစီယာ၊ ကားခါးပတ်တွေနဲ့ မှောက်အိပ်တာ အချိန် ကြာသွားခြင်းကလည်း နို့ကြောင်းပိတ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေပါ။
    • စိတ်ဖိစီးမှု များခြင်းနဲ့ မိခင်စိတ် မောပန်းနေခြင်းကလည်း နို့ကောင်းကောင်း မထွက်စေတဲ့ အကြောင်းအရာတွေပါ။

    ဒါကြောင့် နို့ကြောင်း မပိတ်ဖို့ ဆိုရင် နို့ကောင်းကောင်းထွက်ပြီး ကလေးက ကောင်းကောင်း စို့နိုင်ရမယ့် အပြင် ရင်သားကို တင်းကြပ်နေအောင် မထားဖို့လည်း လိုအပ်ပါတယ်။

    နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။

    နို့ကြောင်းပိတ်တဲ့အခါ ဒါတွေလုပ်ကြည့်ပါ။ ။ ဘာတွေလဲ ဆိုတော့

    • ရေနွေးအိတ် ကပ်ပါ။ – ရေနွေးအိတ်ဟာ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့နိုင်စွမ်း ရှိတာကြောင့် နာကျင်တဲ့ အနာလည်းသက်သာစေမယ့် အပြင် တင်းနေတာလည်း လျော့သွားပြီး နို့လည်း ပြန်ထွက်စေမှာပါ။ သိပ်မပူဖို့တော့ လိုတယ်နော်။
    • နှိပ်နယ်ပေးလို့ ရပါတယ် ။ – နို့မတိုက်ခင် ရင်သားကို နှိပ်ပေးတာမျိုး ဖြစ်ဖြစ်၊ နို့တိုက်နေချိန်မှာ ရင်သားကို ညှစ်ပေးတာ ဖြစ်ဖြစ်က နို့ကြောင်းကို မပိတ်စေဘဲ နို့ထွက်များ အောင် လုပ်ပေးနိုင်မှာပါ။ နှိပ်ရမယ့် ပုံစံကတော့ တင်းပြီးခဲနေတဲ့ နေရာကနေ နို့သီးခေါင်း ရှိတဲ့ ဘက်ကို ဦးတည် နှိပ်လာရမှာ ဖြစ်ပါတယ်။
    • နို့ကို အကြိမ်ရေ များများ တိုက်ပေးပါ။- နို့ကြောင်းပိတ်လို့ နို့မထွက်ပေမယ့်လည်း နို့ကို နှစ်နာရီခြား တစ်ခါလောက် တိုက်ပေးပါ။ တိုက်တဲ့ အခါမှာလည်း နို့ကြောင်း ပိတ်တဲ့ ဘက်က စတိုက်ပေးပါ။ ပိတ်နေတဲ့ ဘက်က အရမ်းနာတယ် ဆိုရင်တော့ အခြား တစ်ဘက်ကို ခဏလောက် ပြောင်းတိုက်ပေးပြီး သက်သာသွားတာ နဲ့ နို့ကြောင်းပိတ်တဲ့ ဘက်ကို ပြန်ပြောင်း တိုက်ပါ။ နို့ကြောင်းပိတ်တာကို ဖြေရှင်းဖို့ အဓိက အကျဆုံးက နို့ထွက်ဖို့ ပါပဲ။
    • အနားယူပါ – မွေးကင်းစ ကလေးတစ်ယောက်နဲ့ အလုပ်ရှုပ်နေမှာကို သိနေပေမယ့် အနား ကောင်းကောင်းယူပြီး အစားကောင်းကောင်း စားဖို့ကလည်း အရေးကြီး ပါသေးတယ်။
    • တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ နည်းတွေ လုပ်တာတောင် အဆင်မပြေဘူး၊ ရင်သားကလည်း အရမ်း တင်းပြီး နာနေတယ်၊ ကိုယ်တွေလည်း ပူမယ်ဆိုရင်တော့ ဆရာဝန်ဆီ သွားပြဖို့ လိုအပ်နေပါပြီ ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 07/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement