ကလေးငယ်

ကလေးငယ်ရဲ့ ပထမတစ်နှစ်က အင်မတန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ သင့်ရဲ့ ကလေးလေး ဒီအရွယ်ကစပြီး ကျန်းမာပျော်ရွှင်နိုင်ဖို့ သင့်အနေနဲ့ ကလေးထိန်းကျောင်းနည်းလမ်းကောင်းတွေ ရဖို့ လိုတာပေါ့။ ဒီစာမျက်နှာမှာ သင့်ကလေးအတွက် လိုအပ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ရှာဖွေနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးငယ်

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ

ကလေးလေးတွေ အသားအရေအတွက် lotionတွေ၊ ဆပ်ပြာတွေ သုံးကြပေမယ့် baby oilကိုတော့ သုံးတဲ့သူ နည်းမယ်လို့ ထင်ပါတယ်။ တကယ်တော့ baby oilကလည်း ကလေးလေးတွေမှာ သုံးပေးလို့ ရသလို ကောင်းကျိုးတွေလည်း ရှိပါတယ်။ ဒါဆို ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကို လေ့လာကြည့်ရအောင်။ ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ ကလေးလေးတွေမှာ baby oilသုံးမယ်ဆိုရင် ရေချိုးပြီးစ အသားအရေ စိုစွတ်နေချိန်မှာ သုံးတာ အကောင်းဆုံးပါ။ ကလေးလေးတွေအတွက် baby oilကို နှိပ်နယ်ဖို့ အသုံးပြုပေးနိုင်ပါတယ်။ ရေချိုးပြီးစ အချိန်ဖြစ်ဖြစ်၊ ကလေးကို သိပ်ခါနီးအချိန်ဖြစ်ဖြစ် baby oilကို လက်ထဲ အနည်းငယ်ထည့်ပြီး ကလေးရဲ့ လက်တွေ၊ ခြေထောက်တွေ၊ ကျောပြင်တွေကို အသာအယာ ပွတ်သပ်ပေးပါ။ […]

ကလေးငယ် ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးငယ် ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုး

ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်လာစေဖို့ ငယ်စဉ်အရွယ်ကတည်းက အစားအစာကိုသေချာလေးဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်ပေးမှုက ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကျန်းမာပျော်ရွှင်သူတစ်ယောက်အဖြစ် ကြီးပြင်းအရွယ်ရောက်လာစေမှာပါ။ ဒီတော့ဘေဘီလေးကို စိတ်ရောကိုယ်ပါကျန်းမာသူဖြစ်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် အစားအစာတွေနဲ့ မိတ်ဆက်ပေးလိုက်ရအောင်လား........... ဘေဘီလေးရဲ့ ဦးနှောက်နဲ့ခန္ဓါကိုယ် ဖွံ့ဖြိုးစေဖို့ အကောင်းဆုံး အစားအစာ (၅) မျိုးကဘာလဲ (၁) နို့ အရိုးတွေကိုသန်မာစေနိုငိတဲ့ ကယ်လ်ဆီယမ်နဲ့ဗီတာမင် D တို့ဝင်နေသလိုဖော့စဖရိတ်၊ ဗီတာမင် B12၊ ပိုတက်ဆီယမ် နဲ့ ပရိုတင်းတို့ပါဝင်ပါတယ်။ ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက်ရော ဉာဏ်ရည်ဉာဏ်သွေးကောင်းမွန်စေဖို့အတွက်ပါ အရေးပါပါတယ်။ ဒါကြောင့် ကလေးကိုနေ့စဉ်နို့တိုက်ပေးသင့်ပါတယ်။ တကယ်လို့ ကလေးက နို့ကို မကြိုက်ဘူးဆိုရင်တောင်မှ နို့မှာပါတဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝစွာပါဝင်နေတဲ့ အာဟာရပြည့်သောက်စရာတစ်မျိုးမျိုးကိုလည်း တိုက်ပေးလို့ရပါတယ်။ (၂) ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဖြစ်တဲ့ ပရိုတင်း၊ ဗီတာမင် D၊ ဗီတာမင် […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ကို စနစ်တကျ အပြင်မှာ ဘယ်လိုသိမ်းကြမလဲ ။ ။

မီးဖွားခွင့် ကုန်သွားလို့ ကလေး နို့စို့အရွယ်လေးမှာတင် အလုပ်ခွင်ပြန်ဝင်ရတာ ဖြစ်ဖြစ်၊ အပြင်သွားစရာရှိလို့ ကလေးနို့ဆာတဲ့အချိန်တိုင်း နို့မတိုက်နိုင်တာ ဖြစ်ဖြစ် နို့ကို ညှစ်ထုတ်ပြီး အပြင်မှာ သိမ်းခဲ့ကြတယ်မလား။ တချို့ အပြင်မှာ သိမ်းခဲ့တာကို သဘောကျပေမယ့်လည်း တချို့ လတ်လတ်ဆတ်ဆတ် ကလေးကို နို့တိုက်လိုက်ရမှ ကျေနပ်တဲ့သူတွေလည်း ရှိကြမယ်လို့ထင်ပါတယ်။ မိခင်နို့ တိုက်ကျွေးတာက ပြဿနာ မဟုတ်ပေမယ့် နို့ကို ညှစ်ထုတ်ပြီး အပြင်မှာ သိမ်းထားရင်တော့ သိထားဖို့လိုမယ့် ကိစ္စလေးတွေ ရှိလာပြီလေ။ ဘယ်လိုစနစ်တကျသိမ်းရမလဲ၊ ညှစ်ပြီးသား မိခင်နို့က အပြင်မှာ ဘယ်လောက်ခံမလဲ စတဲ့ မေးခွန်းတွေ မေမေတို့ခေါင်းထဲ တန်းစီနေမှာပေါ့။ ကဲ .... မိခင်နို့ကို စနစ်တကျ အပြင်မှာ ဘယ်လိုသိမ်းကြမလဲ ။ ။ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ မိခင်နို့ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေ အိပ်ပါစေ…

ကလေးတွေအတွက် အိပ်စက်ခြင်းဟာ အစားအစာ နှင့် လုံခြုံစွာနေထိုင်ရမှုထက်မနည်း အရေးကြီးပါတယ်။ အကြောင်းကတော့ အိပ်စက်ခြင်းဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှုအပေါ်မှာသာမက ကိုယ်ကာယဖွံ့ဖြိုးမှုအပေါ်မှာပါ ကြီးမားတဲ့ သက်ရောက်မှု ရှိနေလို့ပါပဲ။ ဒါပေမယ့် အိပ်ချိန်တစ်ခုပဲ အရေးကြီးတာတော့ မဟုတ်ပါဘူး။ အိပ်စက်တဲ့အချိန်အတွင်းမှာလည်း အနှောင့်အယှက်ကင်းကင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ဖို့နဲ့ နေ့လည်နေ့ခင်းလိုအချိန်တွေမှာ တစ်မှေးအိပ်စက်ခြင်းတွေဟာဆိုရင်လည်း အရေးကြီးပါတယ်။ ယေဘုယျအားဖြင့် မွေးကင်းစအရွယ်မှ ၃ လ ကလေးငယ်များဟာ တစ်နေ့ကို စုစုပေါင်း ၁၀.၅ နာရီ မှ ၁၈ နာရီကြာအောင် အိပ်တတ်ကြပြီး တစ်ဆက်တည်း အိပ်တာမျိုးမဟုတ်ဘဲ ကြားထဲမှာ (၁ နာရီ မှ ၃နာရီ‌လောက်အထိ) နိုးထနေမှုများလည်း ရှိတတ်ပါတယ်။ အသက် ၄ လ မှ ၁၁လ ကလေးငယ်များဟာ ညအိပ်ချိန်ကို ၉နာရီမှ ၁၂နာရီခန့် ယူလေ့ရှိကြပြီး မိနစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးရဲ့ ပေါင်ကြားမှာ အရေပြားလောင်ခြင်း

မွေးကင်းစအရွယ် ကလေးငယ်တွေရဲ့အသားအရေက သိပ်နုနယ်ပါတယ်။ တံတောင်ဆစ်ကြားလေးတွေ၊ လည်ပင်းလေးတွေမှာ ပွန်းပြီး နီရဲနေတတ်တာပဲကြည့်။ ဒါတွေကတော့ ပိတ်လှောင်ပြီး ချွေးထွက်တာ ဒါမှမဟုတ် အသားခြောက်သွေ့တာကြောင့် ဖြစ်တတ်ပေမယ့် ပိုဆိုးတာ ပေါင်ခြံ၊ ပေါင်ကြားအရေပြားလေးတွေမှာ လောင်တာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ သေးခံ(Diaper) ဝတ်ပေးလေ့ရှိကြလို့ သေးခံလောင်တယ်လို့လည်း ခေါ်ကြတယ်။ ဒါပေမယ့် အနှီးပတ်ပေး၊ ဘောင်းဘီဝတ်ပေးထားတဲ့ ကလေးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဘာလို့ဆို ဘေဘီလေးရဲ့ ဆီးနဲ့ ဝမ်းကြောင့် စိုစွတ်ပြီး ဘက်တီးရီးယားပျော်တဲ့အနေအထား ဖြစ်သွားနိုင်ပါတယ်။ ကလေးမှာ သေးခံလောင်ရတဲ့အကြောင်းရင်းက – ဆီး ၊ ဝမ်း သွားပြီးတိုင်း ပေါင်ကြားကို သေချာမသန့်စင်ပေးတာ သေးခံအစိုကြီးကို ဒါမှမဟုတ် ပေကျံနေတဲ့သေးခံကို မလဲပေးမိတာ အချိန်ကြာသွားတာ သေးခံ နဲ့ ပွတ်တိုက်မိလို့ ပွန်းတာ မှိုပိုးဝင်တာ ဘက်တီးရီးယားပိုးဝင်တာ သေးခံနဲ့ ဓါတ်မတည့်တာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကိုယ့်ကလေးလေးကို ထိုင်ကွင်းပေးသုံးသင့်သေးရဲ့လား

နှစ်စဉ်နှစ်တိုင်း ကလေးထောင်ပေါင်းများစွာဟာ ထိုင်ကွင်းသုံးခြင်းရဲ့နောက်ဆက်တွဲဖြစ်တဲ့ လှေကားပေါ်ကနေပြုတ်ကျပြီး အရေးပေါ်ဌာနကိုရောက်လာကြပါတယ်။ထိုင်ကွင်းလို့ခေါ်တဲ့ baby walker တွေထဲဝင်နေရတာဟာ ကလေးတွေအတွက် ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ လုံခြုံရေးအကာအကွယ်တွေယူယူ ဆယ်စုနှစ်တွေအတွင်းမှာ ထိုင်ကွင်းတွေနဲ့ ဆက်စပ်တဲ့ ထိခိုက်ဒဏ်ရာအရေအတွက်ဟာ တစ်ချိန်လုံးမြင့်တက်နေတဲ့အတွက် အမေရိကန်နိုင်ငံမှာ ထိုင်ကွင်းအသုံးပြုမှုကို လုံးဝတားမြစ်ထားပါတယ်။ ၁၉၉၀ ကနေ ၂၀၁၄ အတွင်း အသက်ဆယ့်ငါးလအောက် ကလေးပေါင်း နှစ်သိန်းသုံးသောင်းကျော် (၂၃၀၆၇၆)ယောက်ဟာ ထိုင်ကွင်းတွေကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကလေးတွေအများစုဟာ ခေါင်းနဲ့လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဟာ လှေကားပေါ်က ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ထိုင်ကွင်းဆိုတာ ထိုင်ကွင်းဆိုတာ ဘီးပါတဲ့ ထိုင်ခုံတွေဖြစ်ပြီး ခြေထောက်ချထားဖို့ အပေါက်လဲပါပါတယ်။ အဓိကအားဖြင့် အသက်ငါးလကနေ ဆယ့်ငါးလအတွင်း လမ်းမလျှောက်တတ်သေးတဲ့ ကလေးတွေကို သူတို့ဖာသာသူတို့ သွားနိုင်အောင် ကူညီပေးတဲ့ ပစ္စည်းတစ်ခုပါ။ ဝဝတုတ်တုတ်ခြေထောက်ကလေးတွေကို ကန်ပြီး အခန်းတစ်ခုထဲမှာ လျှောက်သွားနေတဲ့ကလေးလေးတစ်ယောက်ကို ကြည့်ရတာပျော်စရာ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့တိုက်နေစဉ်မှာ မိခင်တွေအနေနဲ့ အရက် ဘီယာ ရှောင်ရမှာလား

ဖြစ်နိုင်ရင်တော့ နို့တိုက်မိခင်တစ်ယောက်အနေနဲ့ အရက် ဘီယာ လုံးဝမသောက်ဘဲနေတာဟာ ကလေးငယ်အတွက် အကောင်းဆုံး စိတ်အချရဆုံးရွေးချယ်မှုပါပဲ။ ဒါပေမယ့် လေ့လာမှုတွေအရ one drink လို့ခေါ်တဲ့ အသင့်အတင့်ပမာဏကိုသောက်တာကတော့ ကလေးအတွက်ဆိုးကျိုးမရှိဘူးလို့သိရပါတယ်။ အသင့်အတင့် One drink ဆိုတာဘယ်လောက်လဲ အမေရိကန်နိုင်ငံအစားအသောက်လမ်းညွှန်ချက် DGA အရ အမျိူးသမီးတစ်ယောက်ဟာ တစ်နေ့ကို standard one drink သောက်တာဟာ မိခင်နဲ့ ကလေးကို ထိခိုက်စေတယ်ဆိုတဲ့ သက်သေပြချက်မရှိသေးပါဘူး။ အထူးသဖြင့် အရက်သောက်ပြီး ၂နာရီလောက်ခြားပြီးမှ နို့တိုက်ရင်ပေါ့။  One drink ဆိုတာ အများကြီးတော့ မဟုတ်ပါဘူး။ 5% ဘီယာဆိုရင် ဆယ့်နှစ်အောင်စ (ဒါဟာ ရိုးရိုးဘီယာ သံဘူးတစ်ဘူးနဲ့ ယေဘူယျအားဖြင့် ညီမျှပါတယ်။) ၊ 12% ဝိုင်ဆိုရင် ငါးအောင်စနဲ့ 40% အရက်ပါဝင်နှုန်းရှိတဲ့သောက်စရာဆိုရင်တော့ 1.5 အောင်စလောက်ပါပဲ။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ

ကလေးမှာ မွေးရာပါအမှတ်လေး ပါလာတယ်နော်။ လူဝင်စားတာထင်တယ်ဆိုတဲ့ အလေ့အထ မြန်မာလူမျိုးတွေမှာရှိပါတယ်။ ဒီ အမှတ်လေးတွေအကြောင်းနဲ့ ပတ်သက်လို့ ဒါ့ထက်ပိုမသိချင်ဘူးလား။ မွေးရာပါအမှတ်တွေ အကြောင်း သေသေချာချာသိချင်ရင် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပေးပါနော်။ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ တွေကတော့ မွေးရာပါအမှတ်ဆိုတာဘာများလဲ........... မွေးရာပါအမှတ်တွေ ဆိုတာ မေမေ့ဗိုက်ထဲက မွေးလာကတည်းက ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါလာတဲ့ ပုံမှန်အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာ ဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေက အရောင်အမျိုးမျိုးနဲ့ ဖြစ်နိုင်သလို ပုံစံကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေးအသက်အရွယ်ကြီးလာတာနဲ့အမျှ ကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။ ဘာကြောင့်အမှတ်ဖြစ်ရတာလဲ...... အခုချိန်ထိ မွေးရာပါအမှတ် ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ လူတော်တော်များများ ထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးတွေ ရှိနေပေမယ့်လည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ဦးရေပြားနဲ့ မျက်နှာပေါ်က အဆီဖုလေးတွေ

နုနုရွရွ ကလေးပေါက်စလေးတစ်ယောက် မွေးဖွားလာတယ်ဆို မထိရဲမကိုင်ရဲ အသည်းယားနေမှာ အသစ်စက်စက်မိဘတိုင်းပါပဲ။ ဒါပေမယ့် ဒီအရွယ်မှာ ကလေးရဲ့အရေပြားကို ဂရုစိုက်ဖို့ အရေးပါတာမို့ မထိမကိုင်လို့မဖြစ်ပါဘူး။ ကိုယ့်ဘေဘီလေးရဲ့ မျက်နှာ ဒါမှမဟုတ် နဖူးအစပ်လေး၊ ဦးရေပြားလေးမှာ အဆီဖုလေးတွေလိုလို တွေ့ရရင် မစိုးရိမ်ပါနဲ့။ ကလေးငယ်တွေမှာအဖြစ်များကြတဲ့ အဖုလေးတွေပါ။ ကလေးရဲ့အရေပြားမှာ အဆီနဲ့ ဆဲလ်သေတွေကြောင့် ချွေးပေါက်ပိတ်ဆို့ပြီး အဖြူ သို့မဟုတ် အရည်ကြည်ဖုလို အဖုလေးတွေဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်ဖြစ်ရတာလဲ မွေးကင်းစအရွယ်မှာဖြစ်ကြတဲ့ ဒီအဖုလေးတွေရဲ့ အကြောင်းရင်းကိုတော့မသိရပေမယ့် မေမေတို့စားတဲ့ အစားအသောက်တွေကြောင့်တော့ မဟုတ်ပါဘူးနော်။ တစ်ခုရှိတာက ဒီအဖုလေးတွေကို မိခင်ရဲ့ဟော်မုန်းကြောင့်ဖြစ်တဲ့ ကလေးဝက်ခြံနဲ့မှား တတ်ကြတာပါပဲ။ ကလေးဝက်ခြံနဲ့မတူတာက ဒီအဆီဖုလေးတွေက ရောင်ရမ်းတာ မရှိလာနိုင်ပါဘူး။ အဆီဖုလေးတွေက မွေးတည်းကပါလာတတ်ပေမယ့် ကလေးဝက်ခြံကတော့ မွေးပြီး ၂ ပတ်ကနေ ၄ ပတ်လောက်မှာ ဖြစ်တတ်တာပါ။ ဘယ်လိုလုပ်ပေးရမလဲ ဘာမှလုပ်ပေးဖို့မလိုပါဘူးတဲ့။ အများအားဖြင့်တော့ အချိန်တန်ရင် သူ့အလိုလိုချပ်ရပ်ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမယ့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် Screen time အန္တရာယ်

ကမ္ဘာကြီးဟာ ဒစ်ဂျစ်တယ်လောကကြီး ဖြစ်လာတာနဲ့အညီ စခရင်တွေဟာလည်း သယ်ဆောင်ရပိုလွယ်လာပြီး လက်လှမ်းလဲမီလာပါတယ်။ အိမ်တိုင်းလိုလိုမှာ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ တီဗွီတွေရှိလာကြပါတယ်။ သိသာတဲ့ အချက်ကတော့ ကလေးတွေ လက်ထဲမှာ ဖုန်းကိုယ်စီ ရှိနေတာပါပဲ။ ဒီတော့ screen time‌တွေ များလာတာပေါ့။ ဒါနဲ့ အတူဖြစ်လာတဲ့ကလေးငယ်ငယ် Screen time အန္တရာယ် ဆိုတာက ဘာကိုပြောချင်တာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးငယ်ငယ် Screen time အန္တရာယ် "ငယ်ရွယ်တဲ့ ကလေးတွေမှာ စခရင်ကြည့်ချိန် သတ်မှတ်တာထက်ပိုများခဲ့ရင်" ဆိုတဲ့လေ့လာမှုတွေဟာ ခုထိလုပ်နေဆဲပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သေချာနေတာကတော့ ဒါဟာ သိမှုဆိုင်ရာ၊ ဘာသာစကားသင်ကြားမှုဆိုင်ရာ၊ စာသင်ကြားမှုဆိုင်ရာတွေကို ထိခိုက်စေပြီး နောက်ပိုင်းကြီးပြင်းလာတဲ့အခါတွေမှာလည်း စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ပိုဆိုးစေတယ် ဆိုပါတယ်။ ဒါကြောင့် အမေရိကန်ကလေးကျန်းမာရေးဆိုင်ရာအကယ်ဒမီက ကလေးတွေရဲ့ စခရင်ချိန်နဲ့ပတ်သက်လို့ guideline ကို ၂၀၁၆ ခုနှစ်မှာ ချမှတ်ပေးခဲ့ပါတယ်။ […]


ကလေးငယ်အာဟာရ

အစာကျွေးရခက်နေတဲ့ ဘေဘီလေး

နို့စို့အရွယ်ကနေ အစားပါကျွေးရမယ့် ခြောက်လအထက်ရောက်လာတဲ့အခါ ကလေးမိခင်တွေ ရင်အဆိုင်ရဆုံးကတော့ ကလေးကအစားကို ငြင်းနေတယ်၊ အစားကျွေးရခက်နေတယ်ဆိုတဲ့ပြဿနာပါပဲ။ ကလေးတွေဟာ သူတို့မစားချင်တဲ့အခါ မျက်နှာကိုတစ်ဖက်လှည့်ထားတတ်တယ်၊ တချို့က ထွေးထုတ်တယ်၊ အော့ထုတ်တယ်၊ တချို့က ငိုတောင်ငိုကြပါတယ်။ အဲဒီအခါ ကလေးအစာမစားလို့ အာဟာရလျော့နည်းမှာ၊ ဖွံ့ဖြိုးမှုနှောင့်နှေးမှာ၊ ကိုယ်ခံအားနည်းပြီး ရောဂါဘယဝင်လာမှာကို မိဘတွေက စိုးရိမ်တတ်ကြပါတယ်။ အရေးအကြီးဆုံးသိထားရမှာ တစ်ခုက ဘယ်တော့မှ ကလေးစိတ်မပါဘဲ အတင်းအကြပ်မကျွေးသင့်ဘူးဆိုတာပါပဲ။ အတင်းကျွေးခဲ့ရင် ကလေးအတွက် ဖိအားတွေပိုလာနိုင်ပြီး ကလေးက အစာကို အရမ်းကြောက်သွားပြီး ပြသနာတွေပိုလာတတ်ပါတယ်။ စနစ်တကျ ပြုလုပ်ထားတဲ့ သုတေသနတွေအရ ကလေးတွေအစာလိုလိုလားလားစားလာဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) တခြားမိသားစုဝင်တွေနဲ့ အတူတူစားခိုင်းပါ။ လူဆိုတာ ပေါင်းသင်းဆက်ဆံရေးရဲ့ သတ္တဝါဖြစ်လို့ သင့်ရဲ့ကလေးလေးဟာလဲ ထမင်းစားချိန်မှာ တစ်ယောက်တည်းဖြစ်နေရတာ မကြိုက်ပါဘူး။ မိသားစုဝင်ထဲက သူသည်လဲ တစ်ဦးဖြစ်တယ်လို့သိပြီး ခံစားပျော်ရွှင်စေနိုင်ဖို့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း