မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ
မွေးရာပါအမှတ်တွေအကြောင်း သိထားသင့်သမျှ တွေကတော့
မွေးရာပါအမှတ်ဆိုတာဘာများလဲ………..
မွေးရာပါအမှတ်တွေ ဆိုတာ မေမေ့ဗိုက်ထဲက မွေးလာကတည်းက ဘေဘီလေးရဲ့ ခန္ဓာကိုယ်မှာပါလာတဲ့ ပုံမှန်အသားအရောင်မဟုတ်တဲ့ အရာလေးတွေပါ။ အချို့အမှတ်ကလေးတွေကတော့ မွေးဖွားပြီးနောက် သိပ်မကြာခင်မှာ ဖြစ်လာတတ်ကြပါတယ်။ အမှတ်တွေက အရောင်အမျိုးမျိုးနဲ့ ဖြစ်နိုင်သလို ပုံစံကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့အမှတ်လေးတွေက ဘေဘီလေးအသက်အရွယ်ကြီးလာတာနဲ့အမျှ ကြီးလာတတ်ကြပြီး အချို့အမှတ်လေးတွေကတော့ ပုံစံမပြောင်းဘဲရှိနေတတ်ပါတယ်။
ဘာကြောင့်အမှတ်ဖြစ်ရတာလဲ……
အခုချိန်ထိ မွေးရာပါအမှတ် ဖြစ်ရတဲ့ အကြောင်းအရင်းကို သေသေချာချာမသိရသေးပါဘူး။ လူတော်တော်များများ ထင်နေသလိုမျိုး အမှတ်တွေက မိဘမျိုးရိုးကြောင့်ဖြစ်တာ မဟုတ်ပါဘူး။ အမှတ်နဲ့ပတ်သက်ပြီး အယူအဆအမျိုးမျိုးတွေ ရှိနေပေမယ့်လည်း အခုချိန်ထိ ဘယ်အချက်က မှန်လဲဆိုတာကို တိတိကျကျသက်သေအထောက်အထားပြနိုင်တာမျိုး မရှိသေးပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။